16
1-2 ထိုအခါယောဘတုံ့ပြန်မြွက်ဆိုသည်ကား၊ ထိုသို့သောစကားကိုများစွာငါကြားခဲ့ပြီ။ နှစ်သိမ့်စေလိုသော သင်တို့ရှိသမျှကား၊ နှောက်ရှက်သူတို့သာလျှင်တည်း။ လေသက်သက်ဖြစ်သောစကားများကုန်ဆုံးဦးမည်လော။ မည်သည်ကနှိုးဆွ၍ သင်တုံ့ပြန်သနည်း။ ငါလည်းသင်တို့ကဲ့သို့ပြောဆိုနိုင်၏။ သင်တို့စိတ်သည် ငါ့စိတ်ဖြစ်ခဲ့မူ၊ သင်တို့ကိုရည်၍ စကားစီစဉ်လျက် ဦးခေါင်းလှုပ်ခါနိုင်လေပြီ။ နှုတ်ဖြင့်သင်တို့ကိုခိုင်ခံ့စေ၍၊ နှုတ်ခမ်းလှုပ်ရုံမျှနှင့်ပြေပျောက်စေနိုင်၏။ ငါပြောဆိုသော်၊ ငါ၌နာကျင်ခြင်းမသက်သာ။ မပြောဘဲနေသော်လည်း၊ မည်သည့်ဒုက္ခကင်းလိမ့်မည်နည်း။ ယခုမူကား၊ ငါ့ကိုမောပန်းစေတော်မူခဲ့ပြီ။ အကျွန်ုပ်၏ ညာတကာအပေါင်းအဖော်တို့ကိုလည်း၊ တိမ်ကောစေလျက်၊ အကျွန်ုပ်ကိုဖမ်းဆီးတော်မူခြင်းသည်၊ တစ်ဘက်၌သက်သေဖြစ်၍၊ ပိန်ကြုံရခြင်းလည်း၊ အကျွန်ုပ်ရှေ့မှောက်တွင်ထကြွလျှောက်လဲလေပြီ။ ကိုယ်တော်သည် အကျွန်ုပ်ကို အမျက်တော်နှင့်သတ်ဖြတ်၍ ရန်ငြိုးဖွဲ့တော်မူ၏။ ရန်သူသည် အံကြိတ်လျက်စက္ခုတော်ကိုရှင်စေပါ၏။ 10 လူတို့သည်လည်း ပစပ်ဖြဲလျက်၊ ငါ့ထံသို့တစ်ပြိုင်နက်စုရုံး၍၊ ပါးကိုရိုက်ပုတ်အရှက်ခွဲကြလေပြီ။ 11 ဘုရားသခင်သည်၊ အကျွန်ုပ်ကိုဆိုးသွမ်းသူတို့ထံအပ်နှံ၍၊ လူဆိုးတို့လက်တွင်းသို့ပစ်နှင်တော်မူလေစွတကား။ 12 ချမ်းသာစဉ်ပင်၊ ငါ့ကိုခွဲဖျက်လျက်၊ လည်ကိုကိုင်ညှစ်၍ အမွှာမွှာခွဲတော်မူလေပြီ။ စက်ကွင်းအဖြစ်ဖြင့် ငါ့ကိုထားလျက်၊ 13 ညှာတာတော်မမူဘဲ လေးသမားတို့ကိုစုရုံး၍၊ ငါ့နှလုံးသည်းပွတ်ကို ခွင်းစေသည့်ပြင်၊ သည်းခြေကိုလည်း သွန်ပစ်တော်မူ၏။ 14 ငါ့ကိုအရှိုရှိုခွဲပေါက်ပြီးလျှင်၊ သူရဲကောင်းကဲ့သို့အဆောတလျင်ဝင်စီးတော်မူ၏။ 15-17 အဓမ္မလက်နှင့်ကင်း၍၊ ပဌနာစင်ကြယ်သော်လည်း၊ ငါသည်အသားအရေပေါ်တွင် လျှော်တေကိုချုပ်ဝတ်၍၊ ဦးချိုကိုလည်း မြေမုန့်တိုင်အောင်နှိမ့်ချခဲ့လေပြီ။ ငိုကြွေး ခြင်းဖြင့်မျက်နှာညှိုးငယ်လျက်၊ မျက်ခမ်းပေါ်တွင် သေခြင်းအရိပ်လွှမ်းမိုးလျက်ရှိ၏။ 18 အချင်းမြေကြီး၊ ငါ့အသွေးကိုမဖုံးမကွယ်ပါနှင့်။ အော်ဟစ်သံလည်းရပ်စဲရာအရပ်မရှိပါစေနှင့်။ အော်ဟစ်သံလည်း ရပ်စဲရာအရပ်မရှိပါစေနှင့်။ 19 ယခုပင်ငါ့သက်သေသည် ကောင်းကင်၌ရှိ၍၊ သာဓကလည်း ဘဝဂ်ဝယ်ရှိတော်မူ၏။ 20-21 အဆွေခင်ပွန်းတို့သည်၊ ငါ့ကိုမထီလေးစားသာပြုကြပြီတကား။ သို့ဖြစ်၍ဘုရားသခင်ရှေ့၊ အဆွေခင်ပွန်းရှေ့တွင်၊ လူ့သားဖြစ်သူ၏အမှုအရေးယူတော်မူစေခြင်းငှာ၊ မျက်မှောက်တော်တွင်ငါမျက်ရည်ကြီးငယ်ကျရလေ၏။
22 အသို့ဆိုသော်၊ မပြန်လမ်းဖြင့်၊ နှစ်ပေါင်းမကြားမမြင့်မီ၊ ထွက်သွားရလတ္တံ့။