14
1 မိန်းမမှဖွားမြင်သောလူသည်၊ အသက်တာတို၍၊ အနှောင့်အရှက်ပြည့်ဝလေ၏။
2 ပန်းကဲ့သို့ပွင့်၍ ညှိုးနွမ်းလျက်၊ အရိပ်ကဲ့သို့ရွေ့သွား၍ မတည်မမြဲရာ။
3 ထိုသို့သောသူကိုရှုမှတ်၍၊ အကျွန်ုပ်နှင့်တရားဆိုင်လိုတော်မူပါသလော။
4 မစင်ကြယ်ရာမှစင်ကြယ်ရာပေါ်ထွက်ပါစေ။ မထွက်နိုင်ချေ။
5 လူ့အသက်တာကိုပြဋ္ဌာန်း၍၊ လရက်အပိုင်းအခြားကို သိလျက်၊ မလွန်နိုင်သောစည်းကမ်းကို သတ်မှတ်တော်မူသောကြောင့်၊
6 သူရင်းငှားကဲ့သို့ နေ့တာရက်တာ၌မွေ့လျော်ရစေရန်၊ လူကိုရှုကြည့်တော်မမူဘဲ နားနေပါလေစေ။
7 သစ်ပင်ကိုခုတ်လှဲသော်လည်း၊ နောက်တစ်ဖန်အတက်ပေါက်၍၊ အခက်အလက်မပြတ်မစဲဟု ေမျှာ်လင့်ရန်ရှိသေး၏။
8 အောက်မြေ၌အမြစ်ဟောင်း၍၊ အပေါ်မြေတွင်အငုတ်သေသော်လည်း၊
9 ရေဓာတ်ငွေ့ကြောင့်၊ ပျိုးပင်ကဲ့သို့အဖုပေါ်လျက်၊ အခက်အလက်များလည်းပေါက်လိမ့်ဦးမည်။
10 လူသန်စွမ်းမူကား၊ သေ၍လဲနေရ၏။ လူသည်သေလွန်ပြီးနောက်၊ အဘယ်မှာနည်း။
11 အိုင်ရေကုန်ခန်း၍၊ ရေအယဉ်သွေ့ခြောက်သကဲ့သို့၊ လူသည် အိပ်လဲ၍မထရ။
12 မိုးကောင်းကင်မပျောက်မချင်း၊ နိုးထခြင်း၊ အိပ်ပျက်ခြင်းကိုမခံရာ၊
13 အမျက်တော်မပြေမချင်း၊ မရဏာ့နိုင်ငံတွင် အကျွန်ုပ်ကိုဖုံးကွယ်၍၊ ဝှက်ထားတော်မူပါစေ။ သတိရပြန်လျက်၊ အချိန်ကာလကို ချိန်းချက်တော်မူပါစေသော၊
14 လူသေလျှင်ရှင်ဦးမည်လော။ သို့မှန်ခဲ့လျှင်၊ ပြေးလွတ်ခွင့်မရမချင်း၊ နေ့ရက်တာရှိသမျှအတွင်း၊ လမိုင်းသားအဖြစ်စောင့်ေမျှာ်၍၊
15 ကိုယ်တော်ခေါ်တော်မူသောအခါ၊ အကျွန်ုပ်ထူးပါမည်။ လက်တော်ဖြင့်ဖန်ဆင်းရာကို၊ တသတော်မူလိမ့်သတည်း။
16 ယခုမူကား၊ အကျွန်ုပ်ခြေလှမ်းများကိုရေတွက်၍၊ ပြစ်မှုကို စောင့်ကြည့်တော်မူပြီ မဟုတ်လော။
17 လွန်ကျူးမှုကို ကျည်ထောက်တွင်တံဆိပ်ဖြင့်လည်းေကာင်း၊ ဒုစရိုက်ကိုကော်ဖြင့်လည်းေကာင်း၊ ပိတ်ခတ်တော်မူလေပြီ။
18 မုချဆိုသော်၊ ပြိုလဲသောတောင် ပျက်ပြုန်းလျက်၊
19 နေရာရင်းမှ ကျောက်ဆောင်ရွေ့ရလျက်၊ ရေအယဉ်ဖြင့်ကျောက်များကျေမွလျက်၊ လွှမ်းမိုးခြင်းဖြင့်မြေဆိုင်ရပါသည့်နည်းတူ၊ ကိုယ်တော်သည်လူ၏ေမျှာ်လင့်ရာအ ကြောင်းကို ဖျက်ဆီးတော်မူ၏။
20 ကာလအစဉ်နိုင်တော်မူသောကြောင့်၊ လူသည် လွန်သွားရ၏။ မျက်နှာနေကိုဖျက်၍၊ လွှတ်လိုက်တော်မူ၏။
21 သားတို့သည် ဂုဏ်အသရေရောက်ကြသော်လည်း၊ သူမသိ။ နိမ့်ကျကြသော်လည်း၊ နားမလည်ချေ။
22 မုချအားဖြင့်၊ ကိုယ်ခန္ဓာသည် နာကျင်ခြင်းကိုခံရ၍၊ အသက်ဝိညာဉ်လည်း ညည်းတွားရလတ္တံ့ဟု မြွက်ဆိုလေ၏။