ယောဟန်၏ဩဝါဒကျမ်း
တတိယစောင်
1
ဥက္ကဋ္ဌဖြစ်သူငါက သစ္စာနှင့် ငါချစ်ခင်မြတ်နိုးသောဂါယုထံရေးလိုက်သည်မှာ၊
အချင်းချစ်သူ၊ သင့်စိတ်၌ချမ်းသာရသကဲ့သို့ ကြံတိုင်းမြောက်လျက်ကျန်းမာစေရန် ငါပဌနာပြု၏။ သစ္စာနှင့်သင်ေလျှာက်လိုက်သည့်အတိုင်း သင်၌ရှိသောသမ္မာတရားအကြောင်း ညီအစ်ကိုတို့လာ၍သက်သေခံကြသည့်အတွက် ငါအားရွှင်လန်း၏။ သမ္မာတရားအတိုင်း ငါ့သားသမီးတို့ရှောက်လိုက်သောသတင်းထက် ငါ၌ရွှင်လန်းခြင်းအကြောင်းမရှိ။
အချင်းချစ်သူ၊ အာဂန္တုဖြစ်သောညီအစ်ကိုတို့အား သင်ပြုသမျှဝတ်ကို သစ္စာနှင့်ဆောင်ရွက်သည့်အတိုင်း သင့်ချစ်ခြင်းမေတ္တာအကြောင်း၊ အသင်းတော်ရှေ့ သူတို့သက်သေခံကြ၏။ သူတို့ကို ဘုရားသခင်နှင့်ထိုက်လျော်စွာ သင်ပို့လိုက်လျှင် သင့်မြတ်လိမ့်မည်။ လူမျိုးခြားတို့ထံမှအလှူမခံဘဲ နာမတော့်အတွက်ကြောင့် သူတို့ထွက်သွားကြသည့်အလျောက်၊ သမ္မာတရားအဖို့လုပ်ဖော်ဆောင်ဖက်ဖြစ်အံ့သောငှာ ထိုသို့သောသူတို့ကို ငါတို့ထောက်ပံ့သင့်၏။
အသင်းတော့်ထံ အနည်းငယ်ငါရေးလိုက်ရာ အကြီးအမှူးဖြစ်လိုသူဒယောတရပ်သည် ငါတို့ကိုအရေးမယူ။ 10 သို့ဖြစ်၍ငါတို့တဖက် ဆိုးသွမ်းစွာစကားဖောင်ဖွဲ့ခြင်းနှင့်မရောင့်ရဲဘဲ ညီအစ်ကိုတို့ကိုကိုယ်တိုင်လက်မခံ၊ လက်ခံလိုသူတို့ကိုလည်းကန့်ကွက်သည့်ပြင် အသင်းတော်မှထုတ်ပယ်သည့်အမှုအရေးများကို ငါရောက်လာမှ ဖွင့်ပြမည်။ 11 အချင်းချစ်သူ၊ အဆိုးကိုမဟုတ်၊ အကောင်းကိုသာလိုက်၍ပြုလော့။ အကောင်းပြုကျင့်သူသည် ဘုရားသခင်၏ ဘက်တော်သားဖြစ်၏။ အဆိုးပြုကျင့်သူမူကား ဘုရားသခင်ကိုမသိမမြင်စဘူး။ 12 လူခပ်သိမ်းတို့နှင့် သမ္မာတရားတော်သည် ဒေမေတရိဘက်၌သက်သေခံ၏။ ငါတို့လည်းသက်သေခံ၍ ထိုသက်သေဟုတ်မှန်ကြောင်းသင်သိ၏။
13 သင့်ထံရေးလိုက်ရန် အကြောင်းအရာများစွာရှိခဲ့သော်လည်း မင်နှင့်ကလောင်ဖြင့်မရေးလို။ 14 မကြာမီသင့်ကို ကိုယ်တိုင်တွေ့မြင်ပြီးလျှင် နှုတ်ခွန်းဆိုင်လျက် ပြောဆိုမည်ဟုအောက်မေ့၏။ 15 သင်၌ငြိမ်သက်ခြင်းတည်ရှိစေသတည်း။ အဆွေဖြစ်သူတို့က သင့်ကိုနှုတ်ဆက်လိုက်ကြ၏။ အဆွေချင်းတို့ကို အမည်အလိုက်နှုတ်ဆက်လော့။