7
ဩဇိမင်းမြေး၊ ယောသံမင်းသားယုဒဘုရင်အာခတ်မင်းလက်ထက် ရှုရိဘုရင်ရေဇိန်မင်း၊ ရေမလိသားဣသရေလဘုရင် ပေကာမင်းတို့သည် ယေရုရှလင်မြို့ကို တိုက် ခိုက်ရန် ချီလာသော်လည်း၊ အထမမြောက်နိုင်။ ဧဖရိမ်ပြည်တွင် ရှုရိတပ်စွဲသည်ဟု၊ ဒါဝိဒ်မင်းမျိုးတို့ကြားသော်၊ လေလှုပ်သောတောပင်ကဲ့သို့ပြည်သူပြည်သားတို့နှင့်တကွ နှလုံးတုန်ကြလေ၏။
ထိုအခါ၊ ထာဝရဘုရားသည် ဟေရှာယအားမိန့်တော်မူသည်ကား။ ခဝါသည်မြေကွက်ရှိလမ်းမအနီး၊အထက်ရေကန်ပြွန်ဝသို့၊ သား 7.3 အဓိပ္ပါယ်ကား၊ အၒ-ကြွင်းအကျန်ပြန်လာမည်။ရှာယာရှုပ်ပါသွားရောက်၍၊အာခတ် မင်းကိုဆီးကြိုဆင့်ဆိုရမည်မှာ၊ ဣန္ဒြေနှင့်ငြိမ်ဝပ်စွာနေလော့။ အခိုးများသောထိုထင်းစနှစ်ချောင်းဖြစ်သော ရှုရိဘုရင်ရေဇိန်မင်းနှင့်ရေမလိသားတို့ဒေါသရှိန်ကိုကြောက်၍ စိတ်မပျက်လင့်။ 5-6 ရှုရိမင်းမှစ၍ရေမလိသားနှင့်ဧဖရိမ်လူတို့ပါ၊ ယုဒပြည်ကိုချီသွား၍ ချောက်လှန့်ဖောက်ထွင်းပြီးလျှင် ထိုပြည်ပေါ်တွင် တဗာလ၏သားကို မင်းမြှောက်ကြကုန်အံ့ဟု သင့် တစ်ဘက်၌ မကောင်းကြံကြသောကြောင့်၊ အရှင်ထာဝရဘုရားက၊ ထိုအကြံမမြောက်ရ၊ တည်လည်းမတည်ရဟုမိန့်တော်မူ၏။ 8-9 ရှုရိပြည်၏ဦးခေါင်းကားဒမာသက်မြို့၊ ဒမာသက်မြို့၏ဦးခေါင်းကား၊ ရေဇိန်မင်း၊ ဧဖရိမ်ပြည်၏ဦးခေါင်းကား၊ ရှမာရိမြို့၊ ရှာမာရိမြို့၏ဦးခေါင်းကား၊ရေမလိသားဖြစ်သည် နှင့် ခြောက်ဆယ့်ငါးနှစ်အတွင်းတွင်၊ ဧဖရိမ်လူမျိုးပျက်ပြားလိမ့်မည်။ သင်တို့မကိုးစားလျှင်ကိုးစားရာမဲ့ဖြစ်လတ္တံ့ဟု ဆင့်ဆိုလော့ဟူ၍ဗျာဒိတ်တော်ထားတော်မူ၏။
10-11 တစ်ဖန်ထာဝရဘုရားသည်၊ အောက်အဝိစိဆိုင်ရာဖြစ်စေ၊ အထက်ဘဝဂ်ဆိုင်ရာဖြစ်စေ၊ သင့်အရှင်ထာဝရဘုရားထံသက်သေလက္ခဏာကိုတောင်းလော့ဟု၊ အာခတ် မင်းအားမိန့်တော်မူလျှင်၊ 12 ထာဝရဘုရားကိုစုံစမ်း၍ မတောင်းမလျှောက်ဝံ့ပါဟုပြန်ဆိုသော်၊ 13 ဟေရှာယက အိုဒါဝိဒ်အမျိုးသားတို့၊ နားထောင်ကြလော့။ သင်တို့သည် လူတို့ကိုညီးငွေ့စေခြင်းမှာ သာမညထင်၍ ငါ၏ဘုရားကိုလည်းညီးငွေ့စေဦးမည်လော။ 14 သို့ဖြစ်၍ သင်တို့အား အရှင်ဘုရားကိုယ်တော်တိုင် ပြတော်မူမည့်သက်သေလက္ခဏာမှာ ပျိုရွယ်သောမိန်းမသည် သန္ဓေယူ၍သားယောက်ျားကိုဘွားမြင်သောအခါ 7.14 အဓိပ္ပါယ်ကား၊ ငါတို့နှင့်အတူ၊ ဘုရားသခင်ရှိေတာ်မူ၏။ဧမာနွေလဟုမှည့်ရလတ္တံ့။ 15 ထိုသားသည် မကောင်းကိုပယ်၍၊ အကောင်းကိုရွေးချယ်တတ်သည့်အရွယ်သို့ရောက်သောအခါ နို့ဓမ်းနှင့် ပျားရည်ကိုသာစားရှာရလတ္တံ့။ 16 စားရခြင်းကား မကောင်းကိုပယ်၍၊ အကောင်းကိုမရွေးချယ်တတ်မီ သင်ရွံရှာသူဘုရင်နှစ်ပါး၏ပြည်သည်ဆိတ်ညံရာဖြစ်သည့်ပြင်၊ 17 သင်မှစ၍ ပြည်သူပြည်သားတို့နှင့် ဘိုးဘေးတို့အဆက်အနွယ်အပေါ်တွင်၊ ယုဒအမျိုးမှဧဖရိမ်အမျိုးကွဲပြားသည့်နေ့က၊မဖြစ်ဘူးသောနေ့ရက်ကာလတည်းဟူသော​ အာရှုရိဘုရင့်ခေတ်ကို ထာဝရဘုရားရောက်စေတော်မူမည်ဟုဆင့်ဆိုလေ၏။
18 ထိုကာလ အိဂျစ်မြစ်များရှိယင်ကောင်များကိုလည်း‌ေကာင်း၊ အာရှုရိပြည်ရှိပျားကောင်များကိုလည်း‌ေကာင်း၊ ထာဝရဘုရားလေချွန်၍ခေါ်တော်မူသဖြင့်၊ 19 လာရောက်ပြီးလျှင်၊ ချောက်၊ ကျောက်ကြား၊ ဆူးချုံ၊ စားကျက်ရှိသမျှအပေါ်တွင်နားနေကြလတ္တံ့။
20 ထိုကာလ အရှင်ဘုရားသည် မြစ်ကြီးတစ်ဘက်မှငှားခဲ့သည်သင်တုန်းတည်းဟူသော၊ အာရှုရိဘုရင်ဖြင့်၊ ခေါင်းမွေး၊ ခြေမွေးရိတ်သည့်ပြင် မုတ်ဆိတ်ကိုလည်းရိတ်ဖြတ်လတ္တံ့။
21 ထိုကာလ လူတစ်ယောက်သည် နွားမကောင်။ သိုး၊ ဆိတ်မနှစ်ကောင်ကိုထိန်းကျောင်းရာ၊ 22 နို့ထွက်များသည့်အတိုင်း နို့ဓမ်းကိုစားရ၍၊ နေပြည်တွင်ကျန်ကြွင်းသမျှသောသူတို့လည်း၊ နို့ဓမ်းနှင့်ပျားရည်ကိုသာစားရှာကြရလတ္တံ့။
23 ထိုကာလ၊ အဖိုးငွေတစ်ထောင်တန်၊ စပျစ်ပင်တစ်ထောင်ရှိဖူးရာအရပ်ရပ်သည်၊ ဆူးချုံ၊ ရှားစောင်းတောဖြစ်သည်နှင့်အညီ၊ 24 ဆူးပင်၊ ရှားစောင်းပင်များပြည်လုံးနှံ့ပေါက်သဖြင့်၊ လူတို့သည် လေးနှင့်မြှားကိုဆောင်သွားရ၍၊ 25 ပေါက်တူးဖြင့် ပေါက်ဆွဖူးရာတောင်ယာရှိသမျှတွင်ပင် ဆူးချုံ၊ ရှားစောင်းတောဖြစ်သောကြောင့်၊ လူမသွားဝံ့ နွားလွှတ်ရာ၊ သိုးနင်းရာအရပ်ဖြစ်လေအံ့ ဟူ၍တည်း။