61
1-3 သူဆင်းရဲတို့အားဝမ်းမြောက်ဖွယ်သတင်းကိုကြော်ငြာစေခြင်းငှာလည်း‌ေကာင်း၊ စိတ်နှလုံးကြေကွဲသူတို့ကိုပတ်စည်းစေခြင်းငှာလည်း‌ေကာင်း၊ သုံ့ပန်းလူတို့အား လွတ်သွားခွင့်၊ အကျဉ်း သားတို့အားပွင့်လွတ်ခွင့်ကို ကြားပြောစေခြင်းငှာလည်း‌ေကာင်း၊ ထာဝရဘုရားလက်ခံတော်မူဖွယ်နှစ်ကာလ၊ ငါတို့ဘုရားသခင်လက်စားချေတော်မူမည့်ရက်ကာလများကို ကြားပြောစေခြင်းငှာလည်း‌ေကာင်း၊ ညည်းတွားရသူရှိသမျှတို့အား နှစ်သိမ့်စေခြင်းငှာလည်း‌ေကာင်း၊ ညည်းတွားရသောဇိအုန်မြို့သူမြို့သားတို့အား၊ ပြာထိုင်ခြင်းအစားဦးရစ်ပေါင်းခြင်း၊ ညည်းတွားခြင်းအစားရွှင်လန်းရာနံ့ သာဆီ၊ စိတ်အားလျော့ခြင်းအစားချီးမွမ်းရာအဝတ်တန်ဆာများကိုစီမံပေးအပ်စေခြင်းငှာလည်း‌ေကာင်း၊ ထာဝရဘုရားသည် ငါ့ကိုဘိသိက်သွန်း၍ စေလွှတ်တော်မူသည်နှင့်အညီ၊ ငါ့အပေါ်တွင်အရှင်ထာဝရဘုရား၏ဝိညာဉ်တော်တည်နေလျက်ရှိ၏။ ထိုသူတို့သည် ထာဝရဘုရား၏ဘုန်းတော်ထင်ရှားစေရန်၊ စိုက်ပျိုးတော်မူရာဖြောင့်မတ်သောညန်ပင်ဟုသမုတ်ခံရကြသည့်ပြင်၊ ရှေးကာလဆိတ်ညံရာဖုန်းဆိုးဟောင်းများကိုပြုပြင်တည်ကျင်းခွင့်၊ လူအစဉ်အဆက်ဆိတ်ညံရာမြို့ဆိုးကုန်းများကို ပြုစုခွင့်ရကြလိမ့်မည်။ ခစားရသောလူမျိုးခြားတို့သည် သင်တို့သိုးဆိတ်များကိုထိန်းကျောင်း၍၊ နိုင်ငံခြားသားတို့လည်း သင်တို့လယ်လုပ်သား၊ ခြံလုပ်သားဖြစ်ကြလိမ့်မည်။ သင်တို့မူကား ထာဝရဘုရား၏ပရောဟိတ်၊ ငါတို့ဘုရားသခင်၏အမှုတော်ဆောင်ဟုခေါ်ဝေါ်ခံရ၍၊ လူမျိုးခြားတို့စည်းစိမ်ကိုခံစားလျက်၊ ၎င်းတို့အသရေကြောင့်ဂုဏ် တက်ကြလိမ့်မည်။ သင်တို့ရှက်ကွဲခြင်း၊ ကျိုးယုတ်ခြင်းအစား၊ ခံစားရမည့်ပိုင်စုနှစ်ဆကြောင့်ကျူးဧကြလိမ့်မည်။ နေပြည်တွင်နှစ်ဆကိုပိုင်ရလျက်၊ ထာဝရရွှင်လန်းခွင့်ရကြလိမ့်မည်။ ငါထာဝရဘုရားသည် အဓမ္မလုယက်ခြင်းကို ရွံ့ရှာ၍၊ တရားစောင့်ခြင်းကိုနှစ်သက်သည့်အတိုင်း၊ သစ္စာအလျောက်ဆပ်ပေးလျက်၊ ထာဝရပဋိညာဉ်ဖွဲ့သည်နှင့်အညီ၊ အမျိုးအနွယ်သားစဉ်မြေးဆက်တို့သည် လူမျိုးခြားပြည်ထောင်သားတို့တွင် ကျော်စောကိတ္တိရှိ၍၊ ထာဝရဘုရားကောင်းကြီးမင်္ဂလာပေးတော်မူသော အမျိုးအနွယ်ဖြစ်ကြသည်ဟု၊ တွေ့သူတိုင်းဝန်ခံလိမ့်မည်။
10 ငါသည်ထာဝရဘုရားကြောင့်အားရဝမ်းမြောက်၍၊ ငါ၏ဘုရားသခင်ကြောင့် စိတ်ရွှင်လန်းလိမ့်မည်။ မင်္ဂလာဆောင်သတို့သားသည်ဦးဗောင်းဆင်သကဲ့သို့လည်း‌ေကာင်း၊ မင်္ဂလာဆောင်သတို့သမီးသည် အဝတ်တန်ဆာဆင်ယင်သကဲ့သို့လည်း‌ေကာင်း၊ ကယ်တင်ခြင်းအဝတ်တန်ဆာနှင့် ငါ့ကိုဆင်ယင်လျက်၊ အောင်မြင်ခြင်းဝတ်လုံနှင့်ခြုံတော်မူပြီ။ 11 မြေကြီးသည် အေညှာက်ပေါ်စေသကဲ့သို့လည်း‌ေကာင်း၊ ခြံလည်းကြဲရာမျိုးကိုပေါက်စေသကဲ့သို့လည်း‌ေကာင်း၊ အရှင်ထာဝရဘုရားသည် ခပ်သိမ်းသောလူမျိုးတို့မျက်မှောက်တွင်၊ အောင်မြင်ခြင်းနှင့်ချီးမွမ်းခြင်းကို ပေါက်စေတော်မူလိမ့်သတည်း။