59
ထာဝရဘုရားသည် မကယ်နိုင်အောင် လက်ရုံးတော်တိုသည်မဟုတ်။ မကြားနိုင်အောင်နားတော်ထိုင်းသည်မဟုတ်ချေ။ ကြားတော်မမူစေသောအကြောင်းကား၊ သင်တို့ဒုစရိုက်များသည်၊ သင်တို့နှင့်သင်တို့ဘုရားသခင်ကြားတွင်ခွဲခြားလျက်၊ ပြစ်မှုများလည်း၊ မျက်နှာတော်ကိုလွှဲကွယ်စေသောအကြောင်းတည်း။ လက်များသည် သွေးသွန်းမှုနှင့်လည်း‌ေကာင်း၊ လက်ချောင်းများလည်း ဒုစရိုက်နှင့်လည်း‌ေကာင်း၊ စွန်းကွက်လျက်၊ နှုတ်ခမ်းဖြင့်မုသာသုံးခြင်း၊ လျှာဖြင့်လိမ်လည်ခြင်းများကို ပြုတတ်ကြ၏။ အလဟဿ၌စိတ်ချလျက် မုသာသုံးသည့်ပြင်၊ မကောင်းသောအကြံကိုသန္ဓေကိုယူလျက်၊ ဒုစရိုက်ကိုဖွားမြင်တတ်သည့်အလျောက်၊ တရားအတိုင်းမည်သူမျှမစွဲမဆို၊ သစ္စာအတိုင်းမလဲမလျှောက်ချေ။ သူတို့သည်မြွေဟောက်ဥများမှသားဖောက်ခြင်း၊ ပင့်ကူအိမ်များကိုရက်ခြင်း၊ ပြုကြသည်နှင့် ၎င်းဥများကိုစားမိသူသည်သေရလျက် ခြေနင်းမိလျှင်မြွေဆိုးပေါက်တတ်၏။ ၎င်းပင့်ကူအိမ်များသည် အထည်မဖြစ်၊ လက်မှုများဖြင့်လွှမ်းခြုံခွင့်မရ။ ထိုအမှုများသည် မတရားသောအမှုဖြစ်သည့်အလျောက်၊ ကြမ်းကြုတ်ခြင်း အမှုကိုလက်သုံးပြုတတ်၏။ သူတို့ခြေများသည်အဆိုးသို့ပြေးလိုက်၍ အပြစ်ကင်းသူတို့အသွေးကိုသွန်းရန်လျင်မြန်၏။ သူတို့၏အကြံအစည်များသည်၊ မတရားသောအကြံအစည်ဖြစ်လျက်၊ လိုက်သောလမ်းတွင် ဆိတ်ညံပျက်စီးရာကို ထားခဲ့လေ့ရှိကြ၏။ ချမ်းသာရာလမ်းကိုမသိကြ။ သွားလေရာရာ၌တရားမကပ်။ ကွေ့ကောက်သောဖြတ်လမ်းများကိုပြုလုပ်ကြသည်ဖြစ်၍လိုက်မိသောသူတိုင်းချမ်းသာနှင့်အကျွမ်းမဝင်။ သို့နှင့်အညီ တရားစောင့်ခြင်းသည် ငါတို့နှင့်ကင်းဝေးလျက်၊ ဖြောင့်မတ်ခြင်းလည်းထက်ကြပ်မပါ၊ အလင်းကိုစောင့်မြော်ကြရာ မှောင်ကျ၏။ ထွန်းတောက်ခြင်းကို စောင့်မြော်ကြရာ၊ အမိုက်တိုက်တွင် သွားလာရကြလေစွ။ 10 စက္ခုမဲ့လျက် မျက်မမြင်တို့ကဲ့သို့နံရံကိုစမ်းစမ်းသွားရကြ၏။ ဆည်းဆာအချိန်ကဲ့သို့ မွန်းတည့်အချိန်၌တိုက်လဲသဖြင့်၊ သန်စွမ်းလျက်ပင်၊ အလောင်းကဲ့သို့ဖြစ်ကြလေစွ။ 11 ငါတို့ရှိသမျှသည်ဝက်ဝံကဲ့သို့မြည်လျက်၊ ချိုးကဲ့သို့ညည်းတွားစွာကူရကြ၏။ စောင့်မြော်ကြသောတရားအောင်မြင်ခြင်းနှင့်ကယ်တင်ခြင်းများသည်၊ ကင်းဝေးပပျောက် လေစွတကား။ 12-13 ထာဝရဘုရားကိုလွန်ကျူးငြင်းပယ်ခြင်း၊ ငါတို့၏ဘုရားသခင်မှ ဆုတ်ခွာခြင်း၊ နှိပ်စက်ပုန်ကန်စကားသုံးခြင်း၊ မုသာစကားကို စိတ်နှလုံးကကြံစည်ပြောဆိုခြင်းများကိုပြုရာတွင်၊ ငါတို့လွန်ကျူးမှုများသည် ရှေ့တော်တွင်များပြားလျက်၊ ပြစ်မှုများလည်း ငါတို့တစ်ဘက်၌သက်သေခံ၏။ ငါတို့လွန်ကျူးမှုများသည် ဒိဋ္ဌရှိလျက်၊ ကိုယ့်ဒုစရိုက်များကိုသိမှတ် ကြပါ၏။ 14 သစ္စာသည်ရုံးပြင်တွင်ပြိုလဲလျက်၊ ဖြောင့်မှန်ခြင်းလည်းမဝင်နိုင်သည်ဖြစ်၍၊ တရားသဖြင့်စီရင်ခြင်းသည်ဆုတ်သွားရသည့်ပြင်၊ ဖြောင့်မတ်ခြင်းလည်းဝေးစွာတည်နေရ၏။ 15 မုချအားဖြင့်သစ္စာပြတ်စဲ၍၊ ဒုစရိုက်ကြဉ်သူသည်အလုအယက်ခံရလေစွ။ ထာဝရဘုရားထောက်ရှုသော်၊ တရားသဖြင့်စီရင်ခြင်းမရှိသည့်အတွက် သာယာတော်မမူ၊ 16 ဖျန်ဖြေသူတစ်ဦးတစ်ယောက်မျှ မရှိကြောင်းကိုရှုမြင်၍ အံ့ဩတော်မူရာ၊ လက်ရုံးတော်သည် ကယ်တင်ခြင်းအမှုကိုစီရင်လျက်၊ ဖြောင့်မတ်တော်မူခြင်းလည်း ကိုယ်တော်ကိုထောက်မလေ၏။ 17 ကိုယ်တော်သည်သံချပ်သဖွယ်ဖြောင့်မတ်ခြင်းကို ဆင်ယင်လျက်၊ ကယ်တင်ခြင်းမောက်ရူကိုဆောင်လျက်၊ မျဉ်းရှည်သဖွယ်လက်စားချေခြင်းကိုဝတ်လျက်၊ မျဉ်းတို သဖွယ်စေတနာထက်သန်ခြင်းကိုရုံတော်မူ၏။ 18 ရန်ဘက်တို့အားအမျက်ကိုလည်း‌ေကာင်း၊ ရန်သူတို့အား လက်စားချေခြင်းကိုလည်း‌ေကာင်း၊ ချင်းတို့စရိုက်အလိုက်ဆပ်ပေးတော်မူလျက်၊ ကျွန်းကြီးကျွန်းငယ်တို့အားဆပ်ပေးတော်မူလိမ့်မည်။ 19 သို့ဖြစ်၍ နေဝင်ရာအရပ်သားတို့နှင့်နေထွက်ရာအရပ်သားတို့သည်၊ ထာဝရဘုရား၏နာမတော်၊ ဘုန်းတော်ကိုခန့်ညားကြလိမ့်မည်။ ထိုဘုန်းတော်သည် ထာဝရဘုရား လေတော်မှုတ်တိုက်သဖြင့်၊ တစ်ဟုန်တည်းစီးစင်းသောမြစ်ရေကဲ့သို့ဝင်ရောက်လိမ့်မည်။ 20 ထာဝရဘုရားဗျာဒိတ်တော်အတိုင်း၊ ရွေးနုတ်သောအရှင်သည် ဇိအုန်မြို့သို့လည်း‌ေကာင်း၊ ယာကုပ်အမျိုးသားတို့အနက်၊ လွန်ကျူးခြင်းမှလွှဲသူတို့ထံသို့လည်း‌ေကာင်း၊ ကြွလာတော်မူလိမ့် မည်။ 21 ထာဝရဘုရားက ထိုသူတို့နှင့်ငါဖွဲ့သောပဋိညာဉ်ဟူမူကား၊ သင့်အပေါ်တွင်ကိန်းဝပ်သောငါ၏ဝိညာဉ်တော်၊ သင့်နှုတ်တွင် ငါထည့်သွင်းသောဗျာဒိတ်တော် သည်၊ သင်နှင့်တကွ သားမြေးမြစ်တို့၏နှုတ်တွင်းမှ၊ ယခုကစ၍ ကာလအစဉ်အဆက်မပယ် မရှားရဟု၊ ထာဝရဘုရားဗျာဒိတ်ပေး၍မိန့်တော်မူသတည်း။