5
ငါ့ချစ်ဆွေ၏ စပျစ်ဥယျာဉ်ကိုရည်၍ အဆွေ၏ သီချင်းကိုမျက်မှောက်၌ သီပါအံ့။ မြေဩဇာရှိသောကုန်းပေါ်တွင်၊ ငါ့ချစ်ဆွေပိုင်ဥယျာဉ်ရှိရာ၊ တူးဖော်ယူပစ်ပြီးလျှင်မြတ်သောစပျစ်ပင်များကိုစိုက်ပျိုးလျက်၊ အလယ်၌မြော်စင်ကိုဆောက်လုပ်၍၊ ဖိနင်းရန်ကျင်းကိုတူးလေ၏။ အသီးကောင်းသီးမည်ဟုအောက်မေ့သော်လည်း၊ တောသီးသီးလာပါသည်တကား။ အချင်းယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ ငါနှင့်ငါ့ဥယျာဉ်စပ်ကြားတွင် ယခုဆုံးဖြတ်ကြလော့။ ငါ့ဥယျာဉ်၌ ပြုစုခဲ့သောအမှုပြင်၊ မည်သို့ပြုသင့်သေးသနည်း။ အသီးကောင်းသီးမည်ဟု အောက်မေ့ရာ တောသီးသီးလာသည်ကား အသို့နည်း။ ယခုပင်ဥယျာဉ်ပြုလုပ်မည့်အမှုကို ငါဖော်ပြဦးမည်။ စည်းရိုးကိုပယ်၍ ကျက်စားရာ၊ အုတ်ရိုးကိုဖျက်၍ကျော်နင်းရာအဖြစ်ဖြင့်၊ သုတ်သင်ခြင်း၊ တူးဆွခြင်းမပြုဘဲ ဖုန်းဆိုးထားလျက်၊ ဆူးပင်၊ ရှားစောင်းပင်များကိုပေါက်စေမည့်ပြင်၊ မိုးမရွာစေခြင်းငှာ မိုးတိမ်များကိုဟန့်တားလိမ့်မည်။ အသို့ဆိုသော်၊ ဣသရေလအမျိုးသားနှင့်ယုဒလူမျိုးတို့သည်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၏စပျစ်ဥယျာဉ်နှင့် နှစ်သက်ဖွယ်ပျိုးပင်ဖြစ်ကြလျက်၊ တရားစောင့်ကြမည် ဟုအောက်မေ့တော်မူရာ သတ်ဖြတ်ခြင်း၊ ဖြောင့်မတ်ကြမည်ဟုအောက်မေ့တော်မူရာ အော်ဟစ်အောင်ပြုခြင်းဖြစ်ပါသည်တကား။
နေပြည်တွင် တစ်ဦးတည်းနေလို၍ နေရာလပ်မရှိသည့်တိုင်အောင်၊ တစ်အိမ်နောက်တစ်အိမ်၊ လယ်တစ်ကွက်နောက်တစ်ကွက်၊ ချဲ့ယူသောသူတို့သည် အမင်္ဂလာရှိကြ၏။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားထံမှ ငါကြားနာရသည်မှာ၊ အကယ်စင်စစ်၊ လှပကြီးကျယ်သောအိမ်များစွာပင်၊ နေသူကင်း၍ အိမ်ဆိုးဖြစ်ရလတ္တံ့။ 10 အသို့ဆိုသော် စပျစ်ဥယျာဉ်ခြောက်ပယ်မှ စပျစ်ရည်ချိန်ခွက်အစိပ်မျှသာထွက်၍ မျိုးဆယ်တင်းကြဲမှ တစ်တင်းသာထွက်လိမ့်မည်ဟူ၍တည်း။
11 နံနက်အချိန်ထပြီးလျှင် သေရည်သေရက်ကို လိုက်ရှာ၍၊ ညဉ့်အချိန်တိုင်အောင် စပျစ်ရည်ယစ်လျက်နေသူတို့သည် အမင်္ဂလာရှိကြ၏။ 12 သူတို့၏ပွဲသဘင်များတွင်၊ စောင်း၊ တယော၊ ပတ်သာ၊ ပြွေများနှင့်စပျစ်ရည်ပါရှိလျက်၊ ထာဝရဘုရား၏အမှုတော်ကိုမထောက်မထား၊ လက်မှုတော်ကိုမသိမမြင်ကြ။ 13 ထို့ကြောင့်ငါ့လူမျိုးတော်သည် အသိဉာဏ်ကင်း၍ သိမ်းသွားခံရကြရာ၊ လူမြတ်တို့သည် မွတ်သိပ်လျက်၊ လူသာမန်တို့လည်းရေငတ်ရကြသည့်ပြင်၊ 14 မရဏာ့နိုင်ငံသည် ဝမ်းကျယ်လျက်၊ တိုင်းတာမသိခံတွင်းဟလျက်၊ ချင်းတို့ဂုဏ်အသရေအလုံးအရင်းနှင့်တကွ၊ အသံဗလံပြုခြင်း၊ ရွှင်လန်းခြင်းများပါဆင်းဝင်ရကြ၍၊ 15 လူယုတ်သည်နှိမ့်ချခြင်း၊ လူမြတ်သည် အသရေပျက်ခြင်း၊ မော်သောမျက်နှာလည်းရှုတ်ချခြင်းခံရကြလိမ့်မည်။ 16 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမှာမူ တရားစီရင်ခြင်းအားဖြင့်မြင့်မြတ်သည်ဟူ၍လည်း‌ေကာင်း၊ သန့်ရှင်းတော်မူသောဘုရားသည် ဖြောင့်မတ်ခြင်းအားဖြင့်သီးသန့်သည်ဟူ၍ လည်း‌ေကာင်း၊ ထင်ရှားစေတော်မူ၏။ 17 သူကြွယ်တို့နေထိုင်ဖူးသောမြို့ပျက်များတွင် ဧည့်သည်အာဂန္တုများ ထိန်းကျောင်းရလျက်၊ သိုးသားငယ်များလည်း ကိုယ့်စားကျက်ကဲ့သို့ ကျက်စားရကြလတ္တံ့။
18-19 ငါတို့မြင်ကြစေရန်အမှုတော်ကို လျင်လျင်ပြီးမြောက်တော်မူပါစေဟူ၍လည်း‌ေကာင်း သိရစေရန်ဣသရေလလူမျိုး၏ သန့်ရှင်းသောအရှင်ပြဋ္ဌာန်းတော်မူချက်သည် ချဉ်းကပ် လာရောက်ပါစေဟူ၍လည်း‌ေကာင်း ဆိုလျက်၊ မုသာဝင်ကြိုးဖြင့်အပြစ်၊ လှည်းပတ်ကြိုးသဖွယ်ဖြင့် ဒုစရိုက်များကိုဆွဲငင်သောသူတို့သည် အမင်္ဂလာရှိကြ၏။
20 အကောင်းကိုအဆိုး၊ အဆိုးကိုအကောင်းဟု ခေါ်ဝေါ်၍၊ အလင်းအစားမှောင်၊ မှောင်အစားအလင်း၊အချိုအစားအခါး၊အခါးအစားအချိုကိုထားတတ်သူတို့သည်အမင်္ဂလာ ရှိကြ၏။
21 ဉာဏ်ပညာ၊ ဉာဏ်ပဋိဘာန်ရှိသည်ဟု ကိုယ်ကိုထင်မြင်သောသူတို့သည် အမင်္ဂလာရှိကြ၏။
22-23 စပျစ်ရည်ကိုများစွာသောက်၍ သေရည်သေရက်ကို အားကြီးစွာရောစပ်သည့်ပြင်၊ တံစိုးငဲ့၍လူဆိုးကိုဖြောင့်သည်ဟုစီရင်လျက်၊ လူဖြောင့်ကိုမဖြောင့်ဟုဆုံးဖြတ်တတ် သူတို့သည် အမင်္ဂလာရှိကြ၏။ 24 ထိုသို့ပင် ဗိုလ်ခြေတို့အရှင်ထာဝရဘုရား၏တရားတော်ကိုငြင်းပယ်၍၊ ဣသရေလလူမျိုး ၏သန့်ရှင်းသောအရှင့်ဗျာဒိတ်တော်ကိုမထီမဲ့မြင်ပြုကြသောကြောင့်၊ ရိုးပြတ် ကိုမီးလျှံကျွမ်းလောင်သည့်နည်းတူ၊ မီးလောင်သောဖွဲပုံ ကျုံ့ကျသည့်နည်းတူပင်၊ ချင်းတို့အမြစ်ဆွေးမြေ့လျက်၊ အေညှာက်လည်း မြူမုန်ကဲ့သို့လွင့်ပျောက်လိမ့်မည်။
25 ထို့ကြောင့်ထာဝရဘုရားသည်လူမျိုးတော့်အပေါ်တွင် အမျက်တော်ထားလျက်၊ ဆန့်တန်းသောလက်ရုံးတော်ဖြင့်ဒဏ်ခတ်တော်မူ၍၊ တောင်များသည် လှုပ်ရှားလျက်၊ အလောင်းများလည်းလမ်းပေါ်၌ အမှိုက်ပုံကဲ့သို့ရှိကြ၏။ ထိုမျှဖြစ်သော်လည်းအမျက်တော်မပြေ၊ လက်ရုံးတော်မရုပ်သေးလေစွတကား။ 26 ဝေးကွာသောလူမျိုးတို့အဖို့၊ အလံကိုစိုက်ထူလျက်၊ မြေကြီးစွန်းမှလေချွန်၍ ခေါ်တော်မူသဖြင့်၊ လျင်မြန်စွာပြေးလာကြရာ၊ 27 ပင်ပန်း၍ယိမ်းယိုင်သူ၊ ငိုက်မျည်း၍အိပ်ပျော်သူတစ်ယောက်မျှမရှိပါ။ ခါးဝတ်မကျွတ်၊ ဘိနပ်ကြိုးမပြေဘဲ၊ 28 မြှားချွန်လျက်၊ လေးတင်လျက်ရှိကြမည့်ပြင်၊ မြင်းခွာများသည် မီးခတ်ကျောက်ကဲ့သို့လည်း‌ေကာင်း၊ ရထားဘီးများလည်း လေဗွေကဲ့သို့လည်း‌ေကာင်း၊ ထင်မှတ်ဖွယ်ရှိကြလတ္တံ့။ 29 ခြင်္သေ့အို၊ ခြင်္သေ့ပျိုများကဲ့သို့ဟိန်းဟောက်လျက်၊ အမဲကိုဟိန်းမာရ်နှင့်ဘမ်းကိုက်၍၊ ကယ်သူမဲ့ဆောင်သွားလျက်၊ 30 လူမျိုးတော့်အပေါ်တွင် သမုဒ္ဒရာလှိုင်းသံကဲ့သို့၊ ထိုကာလကြိမ်းမောင်းကြလိမ့်မည်။ နေပြည်ကို ကြည့်လျှင်လည်းမှောင်မိုက်အတိဒုက္ခသက်သက်ရှိ၍မိုးသားအလင်းပင်၊ အမိုက်တိုက်ဖြစ်လိမ့်တကား။