43
အိုယာကုပ်အမျိုး၊ ဣသရေလအနွယ်၊ သင့်ကိုဖန်ဆင်းပြုပြင်တော်မူသောထာဝရဘုရားမိန့်တော်မူသည်ကား၊ မကြောက်လင့်၊ သင့်ကိုငါရွေးနုတ်ပြီ၊ အမည်ဖြင့်ခေါ်ပြီ၊ သင်သည်ငါပိုင်ဆိုင်ရာဖြစ်သည်နှင့်အညီ ရေဘေးအတွင်း ကူးသွားရလျှင် ငါပါရှိမည်။ မြစ်များကိုကူးသွားရလျှင် လွှမ်းမိုးခြင်း၊ မီး၌သွားရလျှင်ပူလောင်ခြင်း၊ မီးလျှံသင့်ခြင်းများကို ခံရမည်မဟုတ်။ ငါသည်သင်၏ဘုရားသခင်ထာဝရဘုရား၊ သင့်ကိုကယ်တင်ပိုင်ရှင်ဣသရေလလူမျိုး၏ သန့်ရှင်းသောအရှင်ဖြစ်သည်နှင့် သင့်ကိုရွေးနုတ်ဖိုးအဖြစ်အိဂျစ်ပြည်ကိုလည်း‌ေကာင်း၊ သင့်အစားကုရှပြည်၊ သေဘပြည်များကိုလည်း‌ေကာင်း၊ ငါအပ်နှင်းသည့်ပြင်၊ ငါ့ရှေ့တွင်အဖိုးထိုက်၍၊ အသရေရှိသောမြတ်နိုးရာဖြစ်သောကြောင့် သင့်အစားလူတို့ကိုလည်း‌ေကာင်း၊ သင့်အသက်အစားလူမျိုးတို့ကိုလည်း‌ေကာင်း၊ အပ်နှင်းဦးမည်။ ငါပါရှိသည်ဖြစ်၍ မကြောက်လင့်။ အရှေ့အနောက်မျက်နှာများမှ သင့်အမျိုးအနွယ်ကိုစုသိမ်းခေါ်ယူလျက်။ 6-7 မြောက်မျက်နှာအား အပ်လော့ဟူ၍လည်း‌ေကာင်း၊ တောင်မျက်နှာအား၊ မထိမ်မချန်နှင့်ဟူ၍လည်း‌ေကာင်း၊ ဘုန်းတော်ကိုထင်ရှားစေရန် ငါစီမံပြုပြင်ဖန်ဆင်းပြီးသူ၊ ငါ့နာမဖြင့်သမုတ်သော သားသမီးဟူသမျှတို့ကို၊ ဝေးကွာရာမြေကြီးအစွန်းမှ ပင်ခေါ်ဆောင်ခဲ့လော့ဟူ၍လည်း‌ေကာင်း မိန့်ဆိုဦးမည်။ မျက်စိရှိလျက်မမြင်၊ နားရှိလျက်မကြားသောလူမျိုးကိုထုတ်ဆောင်လော့။ လူမျိုးခြားပြည်ထောင်သားအပေါင်းတို့လည်း စည်းဝေးစုရုံးကြပြီးလျှင်၊ ၎င်းတို့အနက်၊ ထိုသို့သော အချက်ကို ဖော်ပြနိုင်သူ၊ အတိတ်ဟောချက်များကိုပြန်ကြားနိုင်သူ ကား မည်သူနည်း။ သူတို့ပြန်ကြားချက်မှန်ကြောင်းထင်ရှားစေရန် သက်သေတို့ကိုခေါ်သွင်းကြစေ။ ၎င်းတို့ကြားနာပြီးလျှင်၊ မှန်ကြောင်းဝန်ခံကြစေ။ 10 ငါ့ကိုသိကျွမ်းယုံကြည်ရန်လည်း‌ေကာင်း၊ ငါသာလျှင်ငါဖြစ်သည်ဟုနားလည်ရန်လည်း‌ေကာင်း၊ ငါထာဝရဘုရားအမိန့်တော်အတိုင်း၊ သင်တို့သည် ငါ၏သက်သေများ၊ ငါရွေးချယ်သော ကျွန်ရင်းဖြစ်ကြ၏။ ငါအရင်ဘုရားတစ်ဆူမျှမပွင့်။ ငါ့နောက်လည်း၊ ပေါ်မည်မဟုတ်။ 11 ငါသာလျှင်ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး၊ ကယ်တင်ပိုင်ရှင်မရှိချေ။ 12 ငါသည် ဗျာဒိတ်ပေးခြင်း၊ ကယ်တင်ခြင်း၊ ကြားပြောခြင်းများကိုပြုခဲ့ပြီ။ သင်တို့အတွင်းအခြားသောဘုရားမရှိ။ ငါထာဝရဘုရားအမိန့်တော်အတိုင်း၊ သင်တို့သည် ငါ၏ သက်သေများတည်း။ ငါလည်း သင်တို့ဘုရားပေတည်း။ 13 ယခုမှစ၍လည်း၊ ငါသာလျှင်ငါဖြစ်သည့်အလျောက်၊ လက်တော်မှလွှတ်နိုင်သူမရှိ။ ငါစီရင်ပြီ။ မည်သူဖျက်သိမ်းနိုင်သနည်းဟုမိန့်တော်မူ၏။
14 သင်တို့ကိုရွေးနုတ်ပိုင်ရှင်၊ ဣသရေလလူမျိုး၏သန့်ရှင်းသောအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့အတွက်ဗာဗုလုန်မြို့သို့ငါစေလွှတ်လိုက်ရာ၊ ခါလဒဲအမျိုး သားရှိသမျှတို့ကို၊ မောက်ကြွားသောသင်္ဘောများနှင့်လူပြေးအဖြစ်၊ စုန်ဆင်းစေလိမ့်မည်။ 15 ငါသည် သင်တို့၏သန့်ရှင်းသောအရှင်၊ သင်တို့၏ဘုရင်၊ ဣသရေလလူမျိုးကို ဖန်ဆင်းသောထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။ 16-17 အားကြီးသောသမုဒ္ဒရာ၌ လမ်းခရီးကို ပြုပြင်တော်မူထသော၊ ရထားတပ်မြင်းတပ်နှင့် တကွ၊ ဗိုလ်ထုအလုံးအရင်းကိုထုတ်ဆောင်ပြီးလျှင်၊ မထနိုင်အောင်တစ်ပြိုင်နက်ဖြို လှဲတော်မူထသော၊ ကုန်ဆုံးစေ၍ မီးစာကဲ့သို့ငြိမ်းသတ်တော်မူသောထာဝရဘုရားမိန့်တော်မူ သည်ကား၊ 18 အတိတ်ကာလဖြစ်ဖူးသောအမှုဟောင်းများကို အမှတ်မပြု၊ ဂရုမစိုက်ကြနှင့်။ 19 ငါသည် အမှုသစ်ကိုစီရင်ပြီတကား။ ယခုပင်ပေါ်ပေါက်တော့မည်။ မသိမမှတ်ကြလော။ သဲတော၌ လမ်းကိုလည်း‌ေကာင်း၊ ဆိတ်ညံရာအရပ်၌မြစ်များကိုလည်း‌ေကာင်း၊ ငါစီမံ၏။ 20-21 ဘုန်းတော်ကိုဖော်ပြကြစေခြင်းငှာ ပိုင်ဆိုင်တော်မူရာအဖြစ်ငါပြုပြင်ရွေးချယ်သော လူမျိုးတော်ကိုရေတိုက်လို၍ သဲတော၌ရေကိုလည်း‌ေကာင်း၊ ဆိတ်ညံရာအရပ်၌မြစ်များကိုလည်း‌ေကာင်း၊ ငါပေါက်ရောက်စေသဖြင့်၊ ခွေးအနှင့်ငှက်ကုလားအုပ်မှစ၍ တောသားရဲတို့ပင်၊ ဂုဏ်တော်ကိုဝန်ခံကြလိမ့်မည်။ 22 အိုယာကုပ်အမျိုး၊ ဣသရေလအနွယ်၊ သင်ကား။ ငါ့အတွက်ညီးငွေ့၍၊ ငါ့ကိုပဌနာပြုလေ့မရှိ။ 23 မီးရှို့ရာသက္ကာအဖို့၊ သိုးဆိတ်များကိုငါ့ထံဆက်သွင်းခြင်း၊ ယဇ်စီရင်၍ချီးမွမ်းခြင်းများကိုပြုလေ့မရှိ။ ငါသည်၊ သင်ညီးငွေ့အောင်ဘောဇဉ်သက္ကာဆက်ကပ်မှု၊ လောဗန်ပူဇော်မှုများကို မထမ်းဆောင်စေသော်လည်း၊ 24 သင်သည်၊ ငါ့အတွက်နံ့သာပင်ကိုတန်ဖိုးနှင့်မဝယ်။ ပူဇော်သောဆီဥနှင့်အာရုံတော်မဖြေ ဘဲ၊ ငါညီးငွေ့အောင်ပြစ်မှု ဒုစရိုက်မှုဝန်များကို ထမ်းဆောင်စေပြီတကား။ 25 ငါသည် ကိုယ့်အတွက်သာလျှင် သင့်ပြစ်မှုများကို မေ့လျော့၍၊ လွန်ကျူးမှုများကို ဖြေဖျောက်သောအရှင်ဖြစ်သတည်း။ 26 ငါ့ကိုအမှတ်ရပါစေ။ တရားဆိုင်ကြကုန်အံ့။ သင်သည် ဖြောင့်မှန်ရာရောက်အောင်လဲလျှောက်လော့။ 27 သင့်အဘဦးပြစ်မှား၍၊ ဗျာဒိတ်တော်ဆင့်တို့လွန်ကျုးကြသောကြောင့်၊ 28 ငါသည် ဘိသိက်ခံသောမင်းများကို ရှုတ်ချလျက်၊ ယာကုပ်အမျိုးကိုမြေလှန်ရာသို့လည်း‌ေကာင်း၊ ဣသရေလအနွယ်ကိုပုတ်ခတ်ဆဲရေးရာသို့လည်း‌ေကာင်း၊ အပ်လိုက်ခဲ့ပြီဟုမိန့်တော်မူ၏။