30
1-2 ထာဝရဘုရားဗျာဒိတ်ပေးတော်မူသည်ကား၊ ငါ့ကိုအမှီမပြုဘဲအကြံမြောက်လိုလျက်၊ ဝိညာဉ်တော်ကင်းသောပူဇော်သက္ကာအရည်ကိုသွန်း၍၊ အထပ်ထပ်အပြစ်ရောက် ကြသည့်ပြင်၊ ဗျာဒိတ်တော်ကိုမစူးစမ်းဘဲ ဖာရောမင်း၏ဗလနှင့်ခွန်အားယူ၍၊ အိဂျစ်ပြည်အရိပ်အောက်တွင်ခိုလှုံရန်အကြံဖြင့်၊ ထိုပြည်သို့ဆင်းသွားမည့်ခက်မာသောသားတို့သည် အမင်္ဂလာရှိကြ၏။ ဖာရောမင်း၏ဗလသည် သင်တို့၌ရှက်ကွဲရာ၊ အိဂျစ်အရိပ်အောက်ခိုလှုံခြင်းလည်း ရှုတ်ချရာဖြစ်လိမ့်မည်။ ရာဇသံမှူးမတ်တို့သည် ဇောနမြို့နှင့်ဟာနက်မြို့သို့သွားရောက်ကြသော်လည်း၊ အသုံးမပြု၊ စစ်ကူမပေး၊ အကျိုးမရှိ၊ အရှက်ကွဲရာ၊ အသရေပျက်ရာသာဖြစ်သောလူမျိုးကြောင့်၊ ထိုသူအပေါင်းတို့သည် အရှက်ရကြလိမ့်မည်။
တောင်ပြည်ရှိ တိရစ္ဆာန်များကိုရည်သောဗျာဒိတ်ဟူမူကား၊ သီဟ၊ ခြင်္သေ့၊ မြွေဆိုး၊ နဂါးပျံပေါများသဖြင့်၊ အလွန်နှိပ်စက်၍ဆင်းရဲသောပြည်ကို ဖြတ်သန်းလျက်၊ မြည်း ကျောပေါ်တွင် ဥစ္စာပစ္စည်းကိုလည်း‌ေကာင်း၊ ကုလားအုပ်ဘို့ပေါ်တွင် ဘဏ္ဍာများကိုလည်း‌ေကာင်း၊ အသုံးမပြုသောလူမျိုးထံသို့ ဆောင်သွားကြလေစွ။ အိဂျစ်ပြည်၏ အကူအညီသည်၊ အချည်းနှီးသက်သက်ဖြစ်သည့်အလျောက်၊ ဖင့်နွှဲသူ 30.7 ပါဠိ ၒ- ရာဟပ်။မာနဟုငါသမုတ်၏။ သူတို့ရှေ့ဝင်သွားပြီးလျှင်၊ နောင်ကာလအစဉ်အဆက် သက်သေအဖြစ်ဖြင့်၊ ထိုအမည်ကိုသင်ပုန်းတွင် ရေးထားလျက်၊ စာစောင်တွင်လည်း မှတ်သားလော့။ အသို့ဆိုသော်၊ ပုန်ကန်တတ်သောဤလူမျိုးသည်၊ လှည့်စားတတ်သောသား၊ ထာဝရဘုရားတရားတော်ကို နာယူရန်အလိုမရှိသောသားများဖြစ်ကြသည့်အလျောက်၊ 10 ဗျာဒိတ်ခံသောသူတို့အား၊ မခံပါနှင့်ဟူ၍လည်း‌ေကာင်း၊ အမြော်အမြင်ဆရာတို့အား၊ မှန်ရာကိုမမြော်မြင်ဘဲ မြှောက်ပင့်ဟောပြော၍၊ တံလျှပ်များကိုသာမြော်မြင်ကြပါလော့။ 11 လမ်းရှောင်၍လွှဲဖယ်ကြပါ။ ဣသရေလလူမျိုး၏သန့်ရှင်းသောအရှင်ကို၊ ငါတို့မျက်ကွယ်ရာထားကြပါလော့ဟူ၍လည်း‌ေကာင်း၊ ဆိုတတ်ကြပါ၏။ 12 သို့ဖြစ်၍၊ ဣသရေလလူမျိုး၏သန့်ရှင်းသောအရှင်မိန့်တော်မူသည်ကား၊ သင်တို့သည် ဤဗျာဒိတ်ချက်ကို မထီလေးစားပြု၍၊ ညှဉ်းပန်းခြင်း၊ လိမ်လည်ခြင်း၌ အားထား မှီဝဲကြသောကြောင့်။ 13 ထိုပြစ်မှုသည် ရုတ်ခြင်းပြိုလဲအံ့သော မြို့ရိုးအမြင့်၌၊ အက်ကွဲပူထွက်ရာအပေါက်သဖွယ်ဖြစ်လျက်၊ 14 မီးဖိုမှမီးကျီးကော်ရန်၊ ရေကန်မှ ရေပက်ရန်၊ အိုးခြမ်းမျှရှာ၍မတွေ့ရသည့်တိုင်အောင်၊ အိုးကိုမခင်တွယ်ဘဲ အစိတ်စိတ်ခွဲသကဲ့သို့ပြည်ကျိုးကို ခွဲဖျက်တော်မူမည်ဟုမိန့်တော်မူ၏။ 15 အသို့ဆိုသော်၊ ဣသရေလအမျိုး၏သန့်ရှင်းသောအရှင်ထာဝရဘုရားသခင်က၊ သင်တို့ပြောင်းလဲ၍နားနေသဖြင့် ဘေးလွတ်ခွင့်၊ ငြိမ်သက်စွာ စိတ်ချသဖြင့် ခွန်အားကြီးခွင့်ရကြလိမ့်မည်ဟု မိန့်တော်မူခဲ့သော်လည်း အလိုမရှိဘဲ၊ 16 မြင်းစီး၍ပြေးသွားအံ့ဟု သင်တို့ဆိုကြသည့်အတိုင်းပြေးရကြလိမ့်မည်။ လျင်လျင်စီးပြေးမည်ဟုဆိုကြသည်နှင့်အညီ၊ လိုက်လံသူတို့လျင်မြန်ကြလိမ့်မည်။ 17 ရန်သူတစ်ယောက်သော်လည်း‌ေကာင်း၊ ငါးယောက်သော်လည်း‌ေကာင်း၊ ကြိမ်းမောင်းသော်၊ ပြေးအံ့သောသင်တို့ထောင်တပ်အနက်၊ တောင်ထိပ်မှာ အလံတစ်တိုင်၊ ကုန်းပေါ်မှာ အလံတစ်လံမျှသာကြွင်းကျန်လိမ့်မည်။
18 သို့ရာတွင်၊ ထာဝရဘုရားသည် သင်တို့ကို သနားခွင့်ရစေရန်ဆိုင်းလင့်တော်မူလိမ့်မည်။ ကရုဏာသက်ခွင့်ရစေရန် မြင့်မြတ်ရာတွင်စံတော်မူဦးမည်။ ထာဝရဘုရား သည် တရားရှင်ဘုရားဖြစ်တော်မူသည့်အလျောက်၊ ကိုယ်တော်ကိုစောင့်စားသူအပေါင်းတို့၌မင်္ဂလာရှိကြ၏။ 19 အိုယေရုရှလင်မြို့နေ၊ ဇိအုန်မြို့သူမြို့သားတို့၊ သင်တို့သည် ငိုကြွေးရတော့မည်မဟုတ်။ သင်တို့အော်သံကိုကြားလျှင် သနား၍ ထူးတော်မူလိမ့်မည်။ 20 ထာဝရဘုရားသည် ဆင်းရဲကျဉ်းကျပ်စွာစားသောက်စေတော်မူလည်း၊ သင်တို့ဥပဇ္စျယ်ဆရာသည် နောက်နောင်ပုန်းကွယ်၍နေတော်မမူ။ ကိုယ်တော်ကို ဒိဋ္ဌမြင်ခွင့်ရကြလျက်၊ 21 ဝဲယာယိမ်းယိုင်မိလျှင်၊ ဤလမ်းမှန်သည်၊ လျှောက်လိုက်လော့ဟုနောက်ကတိုက်တွန်းသံကို ဒိဋ္ဌကြားခွင့်ရလျက်၊ 22 ငွေမံဆင်းတု၊ ရွှေမွမ်းရုပ်ပွားများကို မသန့်ဟုမှတ်၍၊ သွားလေတော့ဟုဆိုလျက်၊ ရွံရှာဖွယ်ရာကဲ့သို့ပစ်လိုက်ကြသဖြင့်၊ 23 လယ်တွင်မျိုးကြဲရစေရန် မိုးရေကိုလည်း‌ေကာင်း၊ လယ်ထွက်အနှစ်သာရပြည့်သောစပါးကိုလည်း‌ေကာင်း၊ သနားတော်မူသည့်ကာလ၊ ကျယ်ဝန်းသောစားကျက်တွင်၊ သိုးနွားများကျက်စားရကြလျက်၊ 24 ကောက်ဆွ၊ စကောဖြင့် လှေ့ယပ်ပြီး ရောပြွမ်းသောစပါးကို၊ လယ်ထွန်နွာမြည်းများစားရကြလိမ့်မည်။ 25 ရဲတိုက်များပြိုလဲခြင်း၊ ပြင်းထန်စွာလုပ်ကြံခြင်း နေ့ရက်ကာလ၌၊ မြင့်သောတောင်နှင့်ထင်ရှားသောကုန်းရှိသမျှအပေါ်တွင်ပင်၊ ရေစီးရာချောင်းများ၊ မြစ်များဖြစ်သည့်ပြင်၊ 26 ထာဝရဘုရားသည် လူမျိုးတော်၏ အနာတရကိုစည်းပတ်လျက်၊ ဒဏ်ရာဒဏ်ချက်ကိုကုသတော်မူသောနေ့ရက်ကာလ၊ စန္ဒအလင်းသည် သူရိယအလင်းနှင့်အမျှ၊ သူရိယအလင်းလည်းခုနစ်ဆတိုး၍ ခုနစ်ရက်အလင်းနှင့်အမျှလင်းလိမ့်မည်။
27 ထာဝရဘုရား၏ နာမတော်အရှိန်သည် ဒေါသမီးလောင်လျက်၊ အခိုးမှိုင်းအုံ့လျက်၊ ဝေးကွာရာမှရောက်လာပြီ။ ခံတွင်းတော်သည် အမျက်နှင့်ပြည့်လျှံ၍၊ လျှာတော် သည် ကျွမ်းလောင်သောမီးသဖွယ်ဖြစ်၏။ 28 ထွက်သက်တော်သည် လူမျိုးခြားတို့ အကျိုးကိုဖျက်စကောဖြင့် ချအံ့သောငှာ၊ လည်ထိလွှမ်းမိုးသောမြစ်ရေသဖွယ်၊ လူအမျိုးမျိုးတို့၏ပါးစောင်တွင်လမ်းလွဲစေသော ပါးချပ်သဖွယ်ဖြစ်၏။ 29 သင်တို့မူကား ဘုရားပွဲကျင်းပသောညဉ့်ကဲ့သို့ သီဆိုခွင့်၊ ဣသရေလလူမျိုး၏ကျောက်တောင်တည်းဟူသော၊ ထာဝရဘုရား၏တောင်တော်သို့ ပြွေမှုတ်လျက် တက်သွားသည့်နည်းတူ၊ ရွှင်လန်းခွင့်ရကြလိမ့်မည်။ 30 ထာဝရဘုရားသည် ဒေါသအမျက်ထွက်ခြင်း၊ မီးလျှံကျွမ်းလောင်ခြင်း၊ မိုးသားကွဲခြင်း၊ မိုးကြီးရွာခြင်း၊ မိုးသီးကျခြင်းများနှင့်တကွ၊ ကြီးကျယ်သောအသံတော်ကို ကြားစေ၍၊ ဒဏ်နှက်သော လက်ရုံးတော်ကို ထင်ရှားစေတော်မူရာ၊ 31 အာရှုရိလူမျိုးသည် ထိုအသံတော်ကို ထောက်၍၊ လှံတံဖြင့်ထာဝရဘုရားဒဏ်ခတ်တော်မူသည့်ကာလ၊ စိတ်လျော့ကြောက်လန့်ကြလိမ့်မည်။ 32 စီမံခဲ့သောလှံတံဖြင့် ထာဝရဘုရားခတ်သောဒဏ်ရာရှိသမျှကို၊ စောင်းပတ်သာတီးခြင်းနှင့်တကွခတ်လျက်၊ လက်နက်ရေးပြ၍ စစ်တိုက်တော်မူလိမ့်မည်။ 33 အသို့ဆိုသော်၊ ဖုတ်ကြည်းသင်္ဂြိုဟ်ရာအနက်ကျယ်၊ မီးကျီးနှင့် ထင်းပုံလောင်တိုက်ကို၊ ထိုဘုရင့်အဖို့ယမန်ကအသင့်ခင်းကျင်းထားခဲ့သည့်အတိုင်း၊ ကန့်မြစ်သဖွယ် ထွက်သက်တော်ဖြင့်၊ ထာဝရဘုရားစွဲလောင်တော်မူလိမ့်မည်။