29
အရေလမြို့၊ ဒါဝိဒ်မင်းတပ်စွဲရာအရေလမြို့တော်၊ အမင်္ဂလာရှိ၏။ တစ်နှစ်နောက်တစ်နှစ်ပွဲများကို အလှည့်ကျခင်းကျင်းနှင့်ကြဦး။ အရေလမြို့ကိုငါနှိပ်စက်သဖြင့်၊ ညည်းညူခြင်း၊ ညည်းတွားခြင်းရှိသည့်ကာလ၊ ငါ့ရှေ့တွင် 29.2 အဓိပ္ပါယ် ၒ- ဘုရား၏မီးခိုလှုံရာမြို့၊ သို့မဟုတ်၊ ဘုရား၏ခြေသ့င်္မြို့္၊အရေလမြို့စင်စစ်ဖြစ်လိမ့်မည်။ ငါသည် သင့်ထက်ဝန်းကျင်၌တပ်စွဲ၍၊ ကင်းများကို ရစ်ဝိုင်းလျက်၊ ကတုတ်များကိုလည်းလှန်သည်နှင့်၊ သင်သည်မြေထဲမှနိမ့်ကျပြောဆိုခြင်း၊ မြေမုန့်မှ ယုတ်ချမြွက်ဆိုခြင်း၊ မြေထဲမှ ပြိတ္တာသဖွယ်အသံပေးခြင်း၊ မြေမုန့်မှ အာသံထွက်ခြင်းများကိုပြုလိမ့်မည်။ သို့ရာတွင် သင့်ရန်သူတို့အလုံးအရင်းသည်၊ အာဏုမြူကဲ့သို့လည်း‌ေကာင်း၊ ကြမ်းကြုတ်သူတို့အလုံးအရင်းလည်း၊ လွင့်ပျောက်တတ်သောမုန်ကာကဲ့သို့လည်း‌ေကာင်း၊ ဖြစ်ကြလိမ့်မည်။ ဆောဆောလျင်လျင်တမဟုတ်ခြင်းပင်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသည် မိုးချုန်းခြင်း၊ မြေလှုပ်ခြင်း၊ တော်လည်းခြင်း၊ လေဗွေဝှေ့ခြင်း၊ မိုးကြီးရွာခြင်း၊ မီးလျှံကျွမ်းလောင်ခြင်းများနှင့်တကွ ကြွရောက်တော်မူသဖြင့်၊ အရေလမြို့နှင့် ဆိုင်ရာခံတပ်ကိုတိုက်ခိုက်နှိပ်စက်သောလူအမျိုးမျိုးတို့အလုံးအရင်းသည်၊ ညဉ့်အခါမြင်မက်သောရူပါရုံကဲ့သို့ဖြစ်ကြလျက်၊ မွတ်သိပ်သောသူသည် စားရသည်ဟုမြင်မက်၍နိုးရာ၊ အဆာမပြေသကဲ့သို့လည်း‌ေကာင်း၊ ရေငတ်သူလည်း သောက်ရသည်ဟုမြင်မက်၍နိုးရာ၊ မောဟိုက်လျက် ရေငတ်သကဲ့သို့ လည်း‌ေကာင်း၊ ဇိအုန်တောင်ကိုတိုက်ခိုက်သော လူအမျိုးမျိုးတို့အလုံးအရင်း၌ ဖြစ်လိမ့်မည်။
အံ့အားသင့်၍ငေးမှိုင်ကြလော့။ မျက်စိမှိတ်လျက်ကန်းနေကြလော့။ စပျစ်ရည်မသောက်ဘဲမူးယစ်လျက်၊ အရက်မသောက်ဘဲယိမ်းယိုင်လျက် နေကြ၏။ 10 အသို့ဆိုသော် ထာဝရဘုရားသည် အိပ်မောကျသောသဘောကိုသင်တို့၌သွင်းသဖြင့်၊ ပရောဖက်ဖြစ်သော၊ သင်တို့မျက်စိကိုပိတ်၍၊ အမြော်အမြင်ဆရာဖြစ်သော ​ သင်တို့ဦးခေါင်းများကိုဖုံးအုပ်တော်မူသည်နှင့်။ 11-12 တံဆိပ်ခတ်ပိတ်သောစာကို စာတတ်သူ့အားပေး၍ ဖတ်ပါလော့ဟုဆိုလျှင်၊ တံဆိပ်ခတ်ပိတ်ပြီ၊ ငါမဖတ်နိုင်ဟုပြန်ပြောရသည့်နည်းတူလည်း‌ေကာင်း၊ စာမတတ်သူ့အား ပေး၍ဖတ် ပါလော့ဟုဆိုလျှင်၊ ငါကား၊ စာမတတ်ဟုပြန်ပြောရသည့်နည်းတူလည်း‌ေကာင်း၊ ရူပါရုံရှိသမျှသည်၊ သင်တို့၌ ခတ်ပိတ်ရာရောက်ပြီ။
13 အရှင်ဘုရားမိန့်တော်မူသည်မှာ ဤလူမျိုးသည် စိတ်နှလုံးကို ငါနှင့်ခွာ၍၊ နှုတ်အားဖြင့်သာငါ့ထံချဉ်းကပ်ခြင်း၊ နှုတ်ခမ်းဖြင့်သာရိုသေခြင်းများကိုပြုလျက်၊ ငါ့ကိုခန့်ညားသောသဘောအစား၊ လူတို့ပညတ်ချက်များကို အာဂုံဆောင်ခြင်းပြုလေ့ရှိသောကြောင့်၊ 14 ထူးဆန်းအံ့ဖွယ်ရာအမှုကို၊ ဤလူမျိုးတွင်ငါထပ်မံစီရင်၍၊ ပညာရှိတို့ပညာပျက်စီးလျက်၊ ဉာဏ်ကောင်းသူတို့ ဉာဏ်ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏။
15 ငါတို့ကိုမည်သူမြင်နိုင်သနည်း။ မည်သူသိနိုင်သနည်းဟုဆိုလျက်၊ ထာဝရဘုရားမသိစေရန် အကြံအစည်ကိုနက်နဲစွာ ဖုံးအုပ်မည့်သဘောနှင့်၊ မှောင်မိုက်တွင်ပြုကျင့် တတ်သူတို့သည် အမင်္ဂလာရှိကြ၏။ 16 မှောက်လှန်သောစိတ်တကား။ အိုးထိန်းကို မြေစေးဖြစ်သည်ဟု ထင်မှတ်အပ်သလော။ ဖန်ဆင်းထားသောအရာက၊ ဖန်ဆင်းသူကိုရည်လျက်၊ ငါ့ကိုမဖန်ဆင်းဟူ၍လည်း‌ေကာင်း၊ ချထားသောပုံက၊ ပုံချသူ့ကိုရည်လျက်၊ ဉာဏ်မရှိဟူ၍လည်း‌ေကာင်း ဆိုအပ်သလော။ 17 တမဟုတ်ခြင်းတွင်လေဗနုန်တောသည် ခြံဖြစ်လျက်၊ ယခုခြံကိုမြိုင်သဖွယ်ထင်မှတ်မည်မဟုတ်လော။ 18 ထိုကာလ၊ နားပင်းသူတို့သည် စာစကားကိုကြားခွင့်၊ မျက်မမြင်တို့သည်၊ မှောင်အတိနှင့်ကင်းလွတ်လျက် မြင်ခွင့်ရကြသည့်ပြင်၊ 19 ဆင်းရဲသူတို့သည် ထာဝရဘုရားကြောင့် တိုးတက်သော ဝမ်းမြောက်ခွင့်၊ နွမ်းပါးသူတို့သည် ဣသရေလလူမျိုး၏သန့်ရှင်းသောအရှင့်ကြောင့် ရွှင်လန်းခွင့်ရကြလိမ့် မည်။ 20-21 အသို့ဆိုသော် ကြမ်းကြုတ်သူတို့တိမ်ကောကြပြီ။ လူသရော်တို့လည်း ကွယ်ပျောက်ကြပြီ။ သူတစ်ထူးကို အမှုရောက်စေလျက် မြို့တံခါးဝတွင် ခုံသမတ်ပြုသူ့ကိုဖမ်း မည်ကြံလျက်၊ ဖြောင့်မတ်သူကို အကြောင်းမဲ့ရှုံးစေလျက်၊ အပြစ်ဒုစရိုက်ရှာကြံသူတိုင်း၊ ပယ်ရှားခံရလေပြီ။ 22 ထို့ကြောင့်အာဗြဟံကိုရွေးနုတ်တော်မူသောထာဝရဘုရားသည်၊ ယာကုပ်အမျိုးသားတို့ကို ရည်၍မိန့်တော်မူသည်ကား၊ ယာကုပ်အမျိုး၌ရှက်ခြင်း၊ မျက်နှာပျက်ခြင်း၊ ဆက်လက်မရှိရ။ 23 ထိုအမျိုးသားတို့သည်၊ အမျိုးအတွင်း ငါစီရင်သောအမှုကိုမြင်လျှင်၊ ငါ့နာမကိုလည်း‌ေကာင်း၊ ယာကုပ်အမျိုး၏သန့်ရှင်းသောအရှင်ကိုလည်း‌ေကာင်း၊ သီးသန့်ထားလျက်၊ ဣသရေလအမျိုး ၏ဘုရားသခင်ကို ခန့်ညားကြလိမ့်မည်။ 24 မှောက်မှားသောသဘောရှိသူတို့သည်၊ ဉာဏ်ပဋိဘာန်ကိုရ၍၊ ညည်းညူသူတို့လည်း၊ ဩဝါဒကိုနာယူကြလိမ့်မည်ဟုမိန့်တော်မူ၏။