28
စပျစ်ရည်ကြောင့်တိမ်းလဲသူတို့နေရာ၊ ပြန့်ပြောသောချိုင့်ထိပ်တွင်၊ ဧဖရိမ်အမျိုးသောက်ကျူးသူတို့၏မာနမကိုဋ်၊ ညှိုးနွမ်းဆဲရတနာပန်းဦးရစ်၌အမင်္ဂလာရှိ၏။ အရှင်ဘုရားသည်၊ ခွန်အားတန်ခိုးကြီးသူကို လက်သုံးပြု၍၊ မိုးသီးပါလျက်ပြင်းထန်သောလေဘေးကဲ့သို့လည်း‌ေကာင်း၊ အားကြီးစွာလွှမ်းမိုးသောရေဘေးကဲ့သို့လည်း‌ေကာင်း၊ မြေပေါ်တွင်အပြင်းအထန်ဖြိုချတော်မူရာ၊ ဧဖရိမ်အမျိုး သောက်ကျူးသူတို့၏မာနမကိုဋ်သည်၊ ခြေနင်းရာဖြစ်သည့်ပြင်၊ ပြန့်ပြောသောချိုင့်ထိပ်တွင် ညှိုးနွမ်းဆဲရတနာပန်းဦးရစ်လည်း၊ အချိန်မတိုင်မီသီးဦးသဖန်းသီးမှည့်ကိုမြင်လျှင်မြင်ချင်း၊ ဆွတ်ခူးစားမျိုသကဲ့သို့ ခံရလိမ့်မည်။ ထိုကာလ၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသည်၊ လူမျိုးတော်အကြွင်းအကျန်တို့၌၊ ရတနာမကိုဋ်ကျက်သရေသရဖူသဖွယ်၊ တရားခွင်တွင်ထိုင်နေသူတို့၌၊ တရားစီရင်ခြင်းဉာဏ်သဖွယ်၊ မြို့တံခါးမှ စစ်မက်ကို တွန်းလှန်သူတို့၌၊ စွမ်းအားသဖွယ်၊ ဖြစ်တော်မူလိမ့်မည်။
ဤသူတို့လည်း၊ စပျစ်ရည်ကြောင့်ယိမ်းယိုင်လျက်၊ အရက်ကြောင့်မူးယစ်လျက်၊ ပရောဟိတ်နှင့် ပရောဖက်တို့ပင်၊ အရက်ကြောင့်ယိမ်းယိုင်မူးယစ်၍၊ စပျစ်ရည်၌ နစ်မွန်းသဖြင့် ရူပါရုံကိုမြင်ရာ၊ ယိမ်းယိုင်လျက်၊ ဆုံးဖြတ်ရာ၊ တိမ်းလဲလျက်နေကြသည့်ပြင်၊ စားပွဲတိုင်းမလွတ်မလပ်သည့်တိုင်အောင်၊ အန်ဖတ်အညစ်အကြေးနှင့်ပြည့်လျက်ရှိ၏။ ထိုသူတို့က၊ မည်သူ့အား အသိပညာသင်ကြားမည်နည်း၊ မည်သူ့အားဗျာဒိတ်ဖွင့်ပြမည်နည်း။ နို့ခွာသူငယ်တို့အားလော။ 10 အမှာအထပ်ထပ်၊ အထားအထပ်ထပ်။ အမှာအထပ်ထပ်၊ အထားအထပ်ထပ်။ ဤမှာတစိုးတစိ၊ ဟိုမှတစိုးတစိသင်ကြားသည်တကားဟုဆိုရာ၌၊ 11 အကယ်စင်စစ်၊ အခြားသောဘာသာနှင့်၊ စကားရိုင်းကိုသုံးသူတို့ဖြင့်၊ ဤလူမျိုးအားမိန့်တော်မူဦးမည်။ 12 ကိုယ်တော်က ဤတွင်ငြိမ်ဝပ်ခွင့်၊ ဤတွင်သက်သာခွင့် ရကြလိမ့်မည်။ မောပန်းသူတို့အားငြိမ်ဝပ်စေလော့ဟု မိန့်တော်မူခဲ့သော်လည်း၊ နားမထောင်ကြသည်ဖြစ်၍၊ 13 သူတို့သွားလာရာ၊ ဆုတ်လဲကျိုးပဲ့ကျော့ငြိဖမ်းမိခြင်းကိုခံရစေရန်၊ အမှာအထပ်ထပ်၊ အထားအထပ်ထပ်၊ အမှာအထပ်ထပ်၊ အထားအထပ်ထပ်၊ ဤမှာတစိုးတစိ၊ ဟိုမှာတစိုးတစိဖြင့် ထာဝရဘုရား၏ဗျာဒိတ်တော်သည်၊ သူတို့၌ ရောက်လိမ့်မည်။
14 သို့ဖြစ်၍၊ ယေရုရှလင်မြို့၌နေထိုင်သူတို့ကို အုပ်စိုးသောလူသရော်တို့၊ ထာဝရဘုရားမိန့်ဆိုတော်မူချက်ကို နားထောင်ကြလော့။ 15 သင်တို့က၊ သေမင်းနှင့်မိတ်ဖွဲ့ခဲ့ပြီ။ မရဏာ့နိုင်ငံမှ ရူပါရုံခံခဲ့ကြပြီ။ လွှမ်းမိုးသောဘေးလာသော်လည်း၊ ငါတို့ရှိရာသို့မရောက်ရ။ ငါတို့သည် မုသာကိုခိုလှုံလျက်၊ လိမ်လည်ခြင်းအောက်တွင် ပုန်းရှောင်လျက်နေကြသည်ဟု ပြောဆိုကြသောကြောင့်၊ 16 အရှင်ထာဝရဘုရားသခင်က၊ ကြည့်လော့၊ စမ်းသပ်ဖူးသောကျောက်၊ မြဲမြံစွာချထားအပ်သော ထောင့်ကျောက်မြတ်ကို၊ ဇိအုန်မြို့၌ငါချထား၏။ ယုံကြည်ကိုးစားသူတို့ သည် အလန့်တကြားမရှိရာ။ 17 တရားစောင့်ခြင်းကိုမျဉ်းကြိုးအဖြစ်၊ ဖြောင့်မတ်ခြင်းကို မှန်ထုပ်အဖြစ်၊ ငါထားသဖြင့်၊ မုသာခိုလှုံရာကို မိုးသီးရိုက်နှင်လျက်၊ ပုန်းရှောင်ရာကိုလည်းရေလွှမ်းမိုးလိမ့် မည်။ 18 သေမင်းနှင့်ဖွဲ့ခဲ့သောမိတ်ပျက်၍ မရဏာ့နိုင်ငံမှ ခံခဲ့သောရူပါရုံလည်းမတည်။ လွှမ်းမိုးသောဘေးသင့်လာက၊ သင်တို့ကိုဖိနင်းမည့်ပြင်၊ 19 နေ့တိုင်း၊ နေ့ညဉ့်မရပ်၊ သင့်လာ၍၊ လာရာ၌သင်တို့မျောပါလိမ့်မည်။ ထိုအခါဗျာဒိတ်ကိုနားလည်ကြက၊​ ထိတ်လန့်ဖွယ်သာဖြစ်လိမ့်မည်။ 20 ခုတင်သည် ခြေမဆန့်လောက်အောင်တိုအံ့။ စောင်လည်း မခြုံလောက်အောင်ငယ်အံ့။ 21 ထာဝရဘုရားသည်၊ အမှုတော်ကိုပြုခြင်းငှာလည်း‌ေကာင်း၊ အလုပ်တော်ကိုလုပ်ခြင်းငှာလည်း‌ေကာင်း၊ ပေရဇိမ်တောင်ပေါ်နှင့် ဂိဗောင်ချိုင့်များမှာကဲ့သို့ထကြွပေါ်ထွန်းတော်မူလိမ့်မည်။ အမှု တော်ကား၊ ထူးဆန်းဖွယ်၊ အလုပ်တော်ကား၊ အံ့အားသင့်ဖွယ်ဖြစ်၏။ 22 ထို့ကြောင့်၊ သင်တို့၏နှောင်ကြိုးမြဲမည်ကိုစိုး၍ မသရော်ကြနှင့်။ မြေတစ်ပြင်လုံးကျွတ်ပြဋ္ဌာန်းတော်မူခဲ့သောကုန်ဆုံးခြင်းအကြောင်းကို ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်ထံတော်မှငါကြားရ၏။
23 နားစိုက်၍ ငါ့ပြောသံကိုကြားနာကြလော့။ နားစွင့်၍ ငါ့စကားကိုနာယူကြလော့။ 24 တောင်သူသည် မျိုးကြဲရခြင်းငှာ မြေကိုဆွခြင်း၊ ထယ်ထိုးခြင်း၊ ထွန်ယက်ခြင်းများကို အစဉ်မပြတ်ပြုလေ့ရှိသလော။ 25 လယ်မျက်နှာပြင်ကိုညီညွတ်စေပြီးလျှင်၊ စမုန်မျိုး၊ ဇီယာမျိုးပက်ကြဲခြင်း၊ အငန်းငန်း၌ဂျုံမျိုး၊ ကန့်သတ်ရာမုယောမျိုး၊ လယ်စွန်၌ပြောင်းမျိုးစိုက်ခြင်းများကိုပြုလုပ်လေ့ရှိသည် မဟုတ်လော။ 26 မည်သို့ပြုလုပ်ရန်နည်းကို၊ ကိုယ့်ဘုရားသွန်သင်ေဖာ်ပြလေ၏။ 27 ထိုပြင်၊ စမုန်သီးကိုစက်သွားနှင့်မနယ်တတ်၊ ဇီယာသီးကိုဘီးနှင့်မလှည့်တတ်၊ စမုန်သီးနှင့် ဇီယာသီးကိုတုတ်ဖြင့်ရိုက်ခါတတ်၏။ 28 ဂျုံကိုချေမွှတတ်သလော၊ မြင်းကဘီးလှည့်၍ခါသော်လည်း၊ ကြေမွသည့်တိုင်အောင်၊ အမြဲနင်းနယ်တတ်သည်မဟုတ်။ 29 ဤအတတ်မျိုးသည် အံ့ဖွယ်ရာအကြံတော်၊ လွန်ကဲရာပညာတော်နှင့်ပြည့်စုံသောဗိုလ်ခြေတို့အရှင်ထာဝရဘုရားထံမှ ဖြစ်လာသတည်း။