27
ထိုကာလ၊ ထာဝရဘုရားသည် အပြေးလျင်သောမြွေနဂါးကိုလည်း‌ေကာင်း၊ တွန့်လိမ်သောမြွေနဂါးကိုလည်း‌ေကာင်း၊ ခိုင်ခံ့ကြမ်းတမ်းသောထားကြီးနှင့်စီရင်၍၊ အိုင်ရှိဖွတ်မိကျောင်းကိုလည်း၊ ကွပ်မျက်တော်မူလိမ့်မည်။
ထိုကာလ၊ ဥဒါန်းတော်ကား၊ နှစ်မြို့ဖွယ်စပျစ်ဥယျာဉ်ကိုရည်၍သီဆိုကြလော့။ ဥယျာဉ်မှူးဖြစ်သော ငါထာဝရဘုရားသည်၊ မကြာမကြာရေလောင်းခြင်း၊ ပျက်ပြားမည်စိုး၍ နေ့ညဉ့်မပြတ်စောင့်ရှောက်ခြင်းများကိုပြု၏။ ငါ၌ အမျက်ဒေါသမရှိ။ ဆူးပင်ရှားစောင်းပင်များပေါ်ထွက်ပါစေ။ ငါချီတိုက်၍ တစ်ပြိုင်နက်မီးသင့်စေမည်။ သို့မဟုတ်၊ ငါ့စွမ်းရည်ကိုမှီဝဲ၍၊ ငါနှင့်မိတ်ဿဟာရဖွဲ့ကြစေ။ မိတ်ဿဟာရဖွဲ့ကြစေဟူ၍တည်း။ နောင်ကာလ၊ ယာကုပ်အမျိုးသည် အမြစ်စိုက်၍၊ ဣသရေလအမျိုးလည်းပွင့်လန်းစည်ပင်သဖြင့်၊ လောကတစ်ပြင်လုံးနှံ့အသီးနှင့်ပြန့်ပြောလိမ့်မည်။
လူမျိုးတော်သည်၊ ကိုယ်ကိုခတ်သူတို့ဒဏ်ချက်နှင့်အမျှ၊ ဒဏ်ခတ်တော်မူခြင်း ခံရဘူးသလော။ ကွပ်မျက်တော်မူခြင်းခံရသူတို့နှင့်အမျှ၊ ကွပ်မျက်ခံရဘူးသလော။ အရှေ့လေဆော်သည့်ကာလ လေဟုန်ချီလျက်၊ လူမျိုးတော်ကို စွန့်ခွာနှင်ထုတ်လွှတ်လိုက်၍ စီရင်တော်မူခြင်းဖြင့်၊ ယာကုပ်အမျိုး၏ ဒုစရိုက်ပြေရှင်းခွင့်၊ အပြစ်ပယ်လှန်ခွင့်အကျိုးမှာ၊ တံခွန်တိုင်၊ နေမင်းတိုင်များမတည်တ္တံ့ရဘဲ၊ ယဇ်ပလ္လင်ကျောက်ရှိသမျှကိုထုံးကျောက်ကဲ့ သို့ချေမွခြင်းတည်း။ 10 ခိုင်ခံ့သောမြို့သည် ကိုးရာမဲ့မြို့၊ တောကဲ့သို့ လက်လွှတ်စွန့်ထားရာမြို့ဖြစ်၍ နွားငယ်များသည် ကျက်စားအိပ်ဝပ်လျက်၊ သစ်ရွက်များကိုစားလျက်၊ 11 သွေ့ခြောက်ကျိုးပြတ်သောအကိုင်းအခက်များကို၊ မိန်းမတို့ခွေယူ၍ မီးဆိုက်ကြ၏။ အသို့ဆိုသော်၊ ဉာဏ်ကင်းသောလူမျိုးဖြစ်သည်နှင့်၊ ဖန်ဆင်းပြုပြင်သောအရှင် သည်၊ သနားညှာတာခြင်းပြုတော်မမူချေ။
12 အိုဣသရေလအမျိုးသားတို့၊ ထိုကာလ ထာဝရဘုရားသည်၊ မြစ်ကြီးရေအလျဉ်နှင့် အိဂျစ်ချောင်းအကြားတွင်၊ အသီးသဖွယ် ရိုက်ခါ၍။သင်တို့ကိုတစ်ယောက်နောက် တစ်ယောက်ကောက်သိမ်းတော်မူလိမ့်မည်။ 13 ထိုကာလ၌ပင်၊ တံပိုးကြီးကိုမှုတ်ရာ၊ အာရှုရိပြည်တွင် ပျောက်သူတို့နှင့် အိဂျစ်ပြည်သို့နှင်ထုတ်ခံရသူတို့သည် ပြန်လာ၍ ယေရုရှလင်မြို့၊ သန့်ရှင်းသောတောင်တော် ပေါ်တွင် ထာဝရဘုရားကိုကိုးကွယ်ရှိခိုးကြလိမ့်သတည်း။