26
1 ထိုကာလ၊ ယုဒပြည်တွင် ဆိုလတ္တံ့သောသီချင်းဟူမူကား၊ ငါတို့၌ခိုင်ခံ့သောမြို့ရှိ၏။ မြို့ရိုးအဖြစ်၊ မီးကာအဖြစ်၊ ကယ်တင်ရာကျေးဇူးတော်ကိုထားတော်မူ၏။
2 သစ္စာစောင့်၍ ဖြောင့်မတ်သောလူမျိုးဝင်ရောက်ရစေရန်၊ တံခါးများကိုဖွင့်ကြလော့။
3 စိတ်နှလုံးတည်ကြည်သော သူ့ကို၊ ကိုယ်တော်၌ ကိုးစားသည်နှင့်၊ လုံခြုံစွာ စောင့်ထိန်းတော်မူ၏။
4 ေယဟောဝါထာဝရဘုရားသည်၊ နိယမ ကျောက်တောင်ဖြစ်တော်မူသောကြောင့်၊ ကိုယ်တော်၌အစဉ်အမြဲကိုးစားကြလော့။
5 မြင့်ရာအရပ်၌နေထိုင်သူတို့ကိုနှိမ့်ချတော်မူပြီ။ မြင့်မြတ်သောမြို့ကိုမြေမုန့်သို့ရောက်သည့်တိုင်အောင် ဖြိုဖျက်လှဲချတော်မူသည်ဖြစ်၍၊ ဆင်းရဲနွမ်းပါးသူတို့ခြေနင်းနှိပ်ရာ ဖြစ်လေပြီ။
6-7 ဖြောင့်မတ်သူတို့သွားရာလမ်းသည်ဖြောင့်၏။ ဖြောင့်မတ်သူတို့လမ်းခရီးကို၊ ကိုယ်တော်ညီညွတ်စေတော်မူ၏။
8 အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည်၊ အစီအရင်ကြွလာတော်မူရာလမ်း၌၊ ကိုယ်တော်ကိုစောင့်မြော်၍၊ အမည်တော်ကိုလည်းေကာင်း၊ ဘွဲ့နာမတော်ကိုလည်းေကာင်း၊ စိတ်ကတသလျက် ရှိနေကြလေပြီ။
9 ညဉ့်အခါ၊ အကျွန်ုပ်သည်၊ ကိုယ်တော်ကိုစိတ်ကတသလေပြီ။ မြေပေါ်တွင်စီရင်ချက်များ ထင်ရှားသောအခါ၊ လောကသားတို့သည် ဖြောင့်မတ်ခြင်းတရားကိုသင်ရကြ သောကြောင့်၊ အတွင်းစိတ်ဇောနှင့်ရှာဖွေလိမ့်မည်။
10 ကျေးဇူးတော်ကိုခံရလျက်နှင့် လူဆိုးတို့သည် ဖြောင့်မတ်ခြင်းတရားကိုမသင်မကြား၊ ရိုးသားသောပြည်၌ပင် ဒုစရိုက်ကိုပြုကျင့်လျက်၊ ထာဝရဘုရား၏ဘုန်းတော်ကို မထောက်မထားကြချေ။
11 အိုထာဝရဘုရား၊ လက်တော်ကိုချီးမြှောက်ပြီးဖြစ်သော်လည်း၊ ထိုသူတို့မထောက်မရှုကြ။ လူမျိုးတော့်ဘက်၌စေတနာတော်ထက်သန်သည်ကိုထောက်ရှု၍၊ အရှက်ကွဲကြပါစေ။ ရန်သူတော်တို့သည်၊ မီးကျွမ်းလောင်ခံကြပါစေ။
12 အိုထာဝရဘုရား၊ အကျွန်ုပ်တို့၏အမှုရှိသမျှကို၊ ကိုယ်တော်တိုင်စီရင်တော်မူသည့်အလျောက်၊ အကျွန်ုပ်တို့အားငြိမ်သက်ခြင်းကိုစီမံတော်မူပါ။
13 အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်မှတစ်ပါး၊ အခြားသောအရှင်တို့သည်အကျွန်ုပ်တို့အပေါ်တွင်အုပ်စိုးခဲ့ကြပြီ။ ကိုယ်တော်အားဖြင့်သာနာမတော်ကို ထောမနာပြုရကြပါ၏။
14 ထိုလူသေတို့သည်ရှင်ပြန်ခြင်း၊ သင်္ချၖိုင်းသားတို့သည်ထမြောက်ခြင်းမခံရသည်နှင့်အညီ၊ အမှတ်မျှပင်မရသည့်တိုင်အောင်၊ ထိုသူတို့ကိုစီရင်ဖျက်ဆီးတော်မူလေပြီ။
15 အိုထာဝရဘုရား၊ ကိုယ်တော်သည်၊ ဘုန်းတော်ထင်ရှားလျက်၊ လူမျိုးတော်ကိုများပြားစွာ ကြီးပွားစေ၍၊ ပြည်တော်၌ နယ်ရှိသမျှကျယ်ဝန်းစေတော်မူခဲ့ပြီ။
16 အိုထာဝရဘုရား၊ ဒုက္ခရောက်သည့်ကာလ၊ ကိုယ်တော်ကိုလိုက်ရှာကြပါပြီ။ ဆုံးမတော်မူသောအခါ၊ ပဌနာပြုကြပါပြီ။
17 သန္ဓေလွယ်သောမိန်းမသည် မီးဖွားချိန်ရောက်ဆဲအခါ၊ ဝေဒနာခံစားရသဖြင့်၊ တုန်တုန်ခိုက်ခိုက်အော်ဟစ်တတ်သည့်နည်းတူ၊ မျက်မှောက်တော်တွင်အကျွန်ုပ်တို့ ရှိနေကြရပါပြီ။
18 သန္ဓေလွယ်လျက်ဝေဒနာခံစားရသော်လည်း၊ နေပြည်တွင်ဘေးလွတ်ခြင်းအမှုကိုလည်းေကာင်း၊ သားဖွားခြင်းအမှုကိုလည်းေကာင်း၊ မဖြစ်စေဘဲ၊ လေကိုသာဖွားမြင်ရကြပါသည်တကား။
19 ကိုယ်တော်ပိုင်သောသူတို့ကား၊ ရှင်ပြန်ခြင်း၊ ငါ့ဆိုင်ရာအလောင်းများလည်း ထမြောက်ခြင်းခံရကြလိမ့်မည်။ မြေမုန့်ထဲတွင် တည်းခိုရသောသင်တို့၊ နိုးထ၍ ကြွေးကြော် ကြလော့။ ကိုယ်တော်၏နှင်းပေါက်သည်၊ အလင်းတော်ထဲမှကျသဖြင့်၊ မြေအတွင်းရှိ သင်္ချၖိုင်းသားတို့သည်၊ ဖွားမြင်ခြင်းကိုခံရကြလတ္တံ့။
20 အိုလူမျိုးချင်းတို့၊ လာကြ။ အတွင်းခန်းထဲသို့ဝင်ပြီးနောက်၊ တံခါးများကိုပိတ်ထားလျက်၊ အမျက်တော်မကျော်မချင်း၊ ခေတ္တပုန်းရှောင်၍ နေကြလော့။
21 ထာဝရဘုရားသည်၊ မြေပေါ်တွင် ထိုင်နေသူတို့အပြစ်ကိုစီရင်တော်မူရန်၊ စံရာမှ ထွက်ကြွတော်မူသည်ဖြစ်၍၊ မြေကြီးသည်၊ အသေသတ်ခြင်းခံရသူတို့ကို၊ ဆက်လက် ဝှက်ထားနိုင်ခွင့်မရသည်နှင့်၊ စုတ်စို့သောအသွေးကိုထုတ်ပြရလိမ့်မည်။