23
တုရုမြို့ကိုရည်သောဗျာဒိတ်ချက်ဟူမူကား။ ကုပရုကျွန်းတွင်သတင်းကြားခဲ့သည့်အလျောက်၊ အိမ်ဆိပ်မှစ၍ ဆိုက်ခွင့်မရသည့်တိုင်အောင်၊ တုရုမြို့ပျက်ပြားသည်နှင့် တာရှုသင်္ဘောတို့ ဟစ်ကြလော့။ သမုဒ္ဒရာကမ်းခြေတစ်ေလှျာက် နေထိုင်၍သမုဒ္ဒရာကူးလေ့ရှိသောဇိဒုန်ကုန်သည် များကြောင့် ပြန့်ပြောစည်ကားရသောသူတို့၊ အံ့အားသင့်ကြလော့။ ရှိဟောရမြစ်မှ မျိုးစေ့၊ နိလမြစ်မှ အသီးအနှံသည်၊ ကျယ်ဝန်းသောရေလမ်းဖြင့် ဝင်ရောက်၍၊ အဖိုးငွေမှာ၊ လူအမျိုးမျိုးတို့စီးပွားတိုးတက်ရာအကြောင်းဖြစ်ဖူး၏။ ငါသည်ဝေဒနာခံ၍သားဖွားခွင့်မရ။ လူပျိုနှင့်အပျိုတို့ကိုလုပ်ကျွေးမွေးမြူခွင့်မရချေဟု၊ သမုဒ္ဒရာနှင့် ဆိုင်ရာခံမြို့ကပင်ပြောဆိုရသောကြောင့် အိုဇိဒုန်မြို့၊ ရှက်ကြောက်လော့။ အိဂျစ်ပြည်သို့ တုရုမြို့သတင်းရောက်သောအခါ၊ အလွန်ပူပန်ကြလိမ့်တကား။ သမုဒ္ဒရာကမ်းခြေတစ်ေလှျာက်နေထိုင်သူတို့၊ တာရှူမြို့သို့ကူးပြေး၍ ဟစ်ကြလော့။ ရှေးကာလတည်ထောင်ခဲ့လျက်၊ ဝေးကွာရာ၌ နေရာရစေခြင်းငှာ၊ ခြေဆောင်ရာကိုယ်ပါ၍ သာယာရွှင်လန်းသောမြို့၊ ဤသို့ဖြစ်ရာသလော။ ရာဇမကိုဋ်များကိုတင်ခွင့်ရှိသည့်ပြင်၊ မှူးမတ်ဖြစ်သော ကုန်သည်၊ မြေပေါ်တွင် အကြီးအမှူးဖြစ်သောအရောင်းအဝယ်တို့နှင့်ပြည့်စုံသောတုရုမြို့တစ်ဘက်၌ထိုသို့မည် သူကြံဖန်သနည်း။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသည်၊ ရှိသမျှသောဘုန်းအသရေ၏မာနကို ရှုတ်ချခြင်းငှာလည်း‌ေကာင်း၊ မြေပေါ်တွင် အကြီးအမှူးအပေါင်းတို့ကို မထီလေးစားပြုစေခြင်းငှာလည်း‌ေကာင်း ကြံဖန်တော်မူခဲ့လေပြီ။ 10 အိုသတို့သမီးတာရှု၊ နိလမြစ်ကဲ့သို့ကိုယ့်မြေကိုပြန်စီးလော့။ မြစ်တားသောခါးစည်းရှိတော့သည်မဟုတ်။ 11 ထာဝရဘုရားသည် သမုဒ္ဒရာပေါ်တွင် လက်တော်ဆန့်တန်းသဖြင့်၊ နိုင်ငံများလှုပ်ရှားစေလျက်၊ခါနာန်ပြည်ခံမြို့များကိုဖျက်ဆီးစေခြင်းငှာမိန့်မှာတော်မူသည့်ပြင်၊ မုဒိမ်းကျင့်ခံရသောကညာသတို့သမီးဇိဒုန်၊ 12 သင်သည် နောက်တစ်ဖန်ရွှင်လန်းခွင့်မရချေ။ ကုပရုကျွန်းသို့ထ၍ ကူးသွားလေတော့။ ထိုအရပ်၌ပင် ချမ်းသာမရဟုမိန့်တော်မူ၏။ 13 ယမန်မဖြစ်သေးသော ခါလဒဲပြည်ကိုကြည့်မှတ်လော့။ အာရှုရိရဲမက်တို့သည် ထိုပြည်ကိုသားရဲအောင်းရန်စီမံပြုလုပ်ပြီးလျှင်၊ ကတုတ်လှန်၍ တုရုဘုံဗိမာန်များမှစ သော တစ်မြို့လုံးကိုလုပ်ကြံဖြိုလှဲလေပြီ။ 14 အိုတာရှုသင်္ဘောတို့၊ သင်တို့ခံမြို့ပျက်ပြားပြီးဖြစ်၍ ဟစ်ကြလော့။
15-16 ထိုကာလ၊ မင်းတစ်ပါးအသက်တမ်းအလျောက်၊ အနှစ်ခုနစ်ဆယ်ပတ်လုံးတုရုမြို့ကို သတိမထားကြ။ ထိုအနှစ်ခုနှစ်ဆယ်ကုန်လွန်ပြီးမှ၊ သတိမဲ့စွာ၊ ခံခဲ့ရှာသည်၊ ပြည်တန်ဆာမ၊ အိုမိန်းမ၊ သတိရလို၊ စောင်းကိုကိုင်ကာ၊ မြို့လမ်းမှာပင်၊ သာယာသံချို၊ ဖွဲ့သီဆိုလော့၊ ဟူသောပြည်တန်ဆာမတေးကဗျာအတိုင်း၊ တုရုမြို့၌ဖြစ်လိမ့်မည်။ 17 ထိုအနှစ်ခုနှစ်ဆယ်ကုန်လွန်သောကာလ၊ ထာဝရဘုရားသည် တုရုမြို့ကိုကြည့်ရှုတော်မူပြီးလျှင်၊ ထိုမြို့သည် တစ်ဖန်အခကို လိုက်ရှာ၍၊ မြေတစ်ပြင်လုံးရှိသမျှတိုင်းနိုင်ငံနှင့် မေထုန်ပြုကျင့်ရာ၊ 18 ရသောအခအမြတ်ကို ဆည်းပူးသိုထားခြင်းမပြုဘဲ၊ ထာဝရဘုရားအဖို့သီးသန့်ထား လိမ့်မည်။ အမြတ်သည် ထာဝရဘုရားမျက်မှောက်တော်တွင် ခစားသူတို့အဖို့ ဖြစ်သဖြင့်၊ ရောင့်ရဲစွာ စားခွင့်၊ တင့်တယ်စွာဝတ်ခွင့်ရကြလိမ့်သတည်း။