2
ယေရုရှလင်မြို့မှစသော ယုဒပြည်ကိုရည်၍ အာမုတ်သားဟေရှာယမြော်မြင်ရသော ဗျာဒိတ်ချက်ဟူမူကား။ နောင်လာလတ္တံ့သောကာလတွင်၊ ထာဝရဘုရား၏ဗိမာန်တော်တည်ရာတောင်သည်၊ တောင်တကာတို့အထွဋ်ဖြစ်လျက်၊ ကုန်းတကာတို့ထက်ကြီးမြင့်သည့်အတိုင်း၊ လူမျိုးခပ်သိမ်းတို့တက်ကြလိမ့်မည်။ များပြားသောလူမျိုးတို့လည်းသွားလျက်ပင် လာကြ၊ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်ဘုရား၏ဗိမာန်တော်သို့တက်ကြကုန်အံ့။ နိဿရည်းတော်များကိုသွန်သင် တော်မူမည်။ နည်းလမ်းတော်များသို့လည်းငါတို့လိုက်သွားအံ့ဟု ဆိုကြလိမ့်မည်။ အသို့ဆိုသော် တရားတော်သည် ဇိအုန်တောင်မှလည်းေကာင်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရုရှလင်မြို့မှလည်းေကာင်း၊ ထွန်းပေါ်လျက်၊ ကိုယ်တော်သည် လူအမျိုးမျိုးတို့စပ်ကြား၌စီရင်၍ များပြားသောလူမျိုးတို့အပေါ်တွင် ဆုံးဖြတ်တော်မူသဖြင့်၊ သူတို့ဓားလက်နက်များကိုထွန်သွား၊ လှံလက်နက်များကို တံစဉ်ဖြစ်စေခြင်းငှာထုလုပ်၍၊ တစ်မျိုးကိုတစ်မျိုးထင်မံဓားခုတ်ခြင်း၊ စစ်လေ့ကျက်ခြင်းမရှိကြကုန်။
အချင်းယာကုပ်အနွယ်တို့၊ လာကြ။ ထာဝရဘုရား၏အလင်းတော်တွင် ကျင်လည်ကြကုန်အံ့။ အရှေ့ပြည်ဓလေ့နှင့်ပြည့်၍။ ဖိလိတ္တိလူမျိုးတို့ကဲ့သို့ဗေဒင်ဆရာလုပ်ကြသည့်ပြင်၊ တစ်ပါးအမျိုးသားတို့နှင့်လက်ဆက်ကြသောကြောင့်၊ ယာကုပ်အနွယ်တည်းဟူသော လူမျိုးတော်ကို၊ ကိုယ်တော်စွန့်ပစ်တော်မူခဲ့လေစွ။ သူတို့ပြည်သည် ရွှေငွေနှင့်ပြည့်၍၊ ဘဏ္ဍာလည်းမကုန်ခန်းနိုင်။ မြင်းနှင့်ပြည့်၍၊ ရထားလည်းမကုန်ခန်းနိုင်။ ရုပ်တုနှင့်ပြည့်၍၊ လက်ဖြင့်လုပ်သောကိုယ့်လက်ဖြစ်ကို ကိုးကွယ်ကြသည်တကား။ ထို့ကြောင့် လူယုတ်သည် ရှုတ်ချခြင်းကိုလည်း‌ေကာင်း၊ လူမြတ်သည် နှိမ့်ချခြင်းကိုလည်း‌ေကာင်း၊ ခံရကြပြီ။ ချင်းတို့အပြစ်ကိုလည်း လွှတ်တော်မူမည်မဟုတ်။ 10 ဘုန်းအာနုဘော်ကြီး၍ကြောက်မက်ဖွယ်သောထာဝရဘုရားမျက်မှောက်တော်မှ၊ ကျောက်တောင်၌ခိုဝင်ခြင်း၊ မြေမုန့်တွင်ပုန်းအောင်းခြင်းပြုလော့။ 11 ထိုကာလ၊ လူယုတ်တို့သည် မော်သောမျက်နှာ နှိမ့်ချခြင်း၊ လူမြတ်တို့လည်း မာနရှုတ်ချခြင်းကိုခံရကြလျက်။ ထာဝရဘုရားသာမြင့်မြတ်တော်မူလိမ့်မည်။ 12 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားစီရင်တော်မူမည့် နေ့ရက်တော်သည်၊ မာနကြီး၍ထောင်လွှားမောက်မာသမျှအပေါ်သို့လည်း‌ေကာင်း၊ 13 ကြီးမြင့်သောလေဗနုန်သစ်ကတိုးပင်နှင့်ဗာရှန်ညန်ပင်ရှိသမျှအပေါ်သို့လည်း‌ေကာင်း၊ 14 ကြီးသောတောင်နှင့် မောက်သောကုန်းရှိသမျှအပေါ်သို့လည်း‌ေကာင်း၊ 15 မြင့်သောရဲတိုက်နှင့်ခိုင်လုံသောမြို့ရိုးရှိသမျှအပေါ်သို့လည်း‌ေကာင်း၊ 16 တာရှူသင်္ဘောများနှင့်ရှုချင်ဘွယ်ရှိသမျှအပေါ်သို့လည်း‌ေကာင်း၊ ရှုတ်ချစေရန်သင့်ရောက်သဖြင့်၊ 17 လူယုတ်တို့သည် မောက်မော်ရာမှ ရှုတ်ချခြင်း၊ လူမြတ်တို့လည်း မာနနှိမ့်ချခြင်းကိုခံရကြလျက်၊ ထာဝရဘုရားသာမြင့်မြတ်တော်မူလိမ့်မည်။ 18 ရုပ်တုများလုံးလုံးပပျောက်ကြမည့်ပြင်၊ 19 မြေကြီးကိုလှုပ်ရှားရန်ထတော်မူသောအခါ၊ ဘုန်းအာနုဘော်ကြီး၍ကြောက်မက်ဖွယ်သောထာဝရဘုရားမျက်မှောက်တော်မှ၊ ကျောက်ဂူ၊ မြေတွင်းများသို့လူတို့ခိုဝင် ကြလိမ့်မည်။ 20-21 ထိုနေ့ရက်ကာလ မြေကြီးကို လှုပ်ရှားရန် ထတော်မူသော်၊ သွန်းလုပ်ကိုးကွယ်ခဲ့သောရွှေရုပ်တု၊ ငွေရုပ်တုများကို ပွေး၊ လင်းနို့နေရာသို့ပစ်ခဲ့ကြပြီးလျှင်၊ ဘုန်းအာနုဘော် ကြီး၍ကြောက်မက်ဖွယ်သောထာဝရဘုရား၏မျက်မှောက်တော်မှကျောက်ကြားနှင့်ကျောက်ချပ်များသို့ပြေးဝင်ကြလိမ့်သတည်း။ 22 နှာခေါင်းဖြင့်ရှူရှိုက်ရုံမျှဖြစ်သောလူသတ္တဝါကိုရှိပါစေဦး၊ မည်သို့အရေးပြုဖွယ်ရှိသနည်း။