17
ဒမာသက်မြို့ကိုရည်သောဗျာဒိတ်ချက်ဟူမူကား၊ ဒမာသက်မြို့သည် မြို့အဖြစ်ပလျက်၊ ပြိုလဲကျပုံရာရောက်လုပြီ။ အာရော်မြို့ရွာများသည် ဆိတ်ညံရာဖြစ်သဖြင့်၊ ကြောက်ရွံ့ခြင်းကင်းလျက် သိုးအုပ်တို့ဝပ်ရာဖြစ်လေပြီ။ ဧဖရိမ်ပြည်ခံတပ်သည်လည်း‌ေကာင်း၊ ဒမာသက်မြို့အာဏာတော်သည်လည်း‌ေကာင်း၊ ကွယ်ပျောက်လျက်၊ ရှုရိအကြွင်းအကျန်တို့သည်၊ ဣသရေလအမျိုးသားတို့ဘုန်းအသရေနှင့်တူလိမ့် မည်ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။
ထိုကာလ၊ ယာကုပ်၏ဘုန်းအသရေယုတ်၍ အသားဝဖြိုးခြင်းသည် ယုတ်လျော့ခြင်းဖြစ်သည့်ပြင်၊ ရိတ်သိမ်းသူသည် ကောက်ပင်ကိုဆုပ်၍၊ လက်ရုံးဖြင့် အသီးအနှံကို ပိုက်သိမ်းသကဲ့သို့လည်း‌ေကာင်း။ရေဖိမ်ချိုင့်တွင်ကောက်သင်းကောက်သကဲ့သို့လည်း‌ေကာင်း၊ ဖြစ်မည့်မှန်သော်လည်း၊ သံလွင်သီးကိုချွေ၍ အပင်ဖျားထက်၌ နှစ်လုံးသုံးလုံးဖြစ်စေ၊ အခက်အလက်များ၌ လေးလုံးငါးလုံးဖြစ်စေ၊ ကြွင်းကျန်တတ်သည့်နည်းတူ၊ ကောက်သင်းကောက်ရန်ရှိဦး မည်ဟု ဣသရေလလူမျိုး၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူ၏။ 7-8 ထိုကာလ၊ လူတို့သည် ကိုယ့်လက်ဖြစ်ယဇ်ပလ္လင်များကိုမဖူးမမြော်။ လက်ဖြင့်လုပ်သောတံခွန်တိုင်၊ နေမင်းတိုင်များကိုအာရုံမပြုဘဲ၊ ကိုယ်ကိုဖန်ဆင်းတော်မူသောဘုရား ကိုဖူးမြော်လျက်၊ ဣသရေလလူမျိုး၏ သန့်ရှင်းသောအရှင်ကိုအာရုံပြုကြလိမ့်မည်။ ထိုကာလ၊ ခံမြို့များသည် ဣသရေလအမျိုးသားတို့မျက်မှောက်၌၊ အမောရိလူ၊ ဟိဝိလူတို့လက်လွှတ်ရသောအရပ်များကဲ့သို့ မြို့ဆိုးကုန်းဖြစ်လိမ့်မည်။ 10 အသို့ဆိုသော် သင်သည် ခိုလှုံရာကျောက်တောင်တော်ကိုသတိမပြုဘဲ၊ ကယ်တင်တော်မူသောဘုရားသခင်ကို၊ မေ့လျော့လျက်၊ ပျော်ပါးရာနတ်အဖို့ဥယျာဉ်ပြုလုပ် ၍ ထူးခြားသော ဘုရားဆိုင်ရာပျိုးပင်များကို စိုက်သဖြင့်၊ 11 ၄င်းနေ့တွင်ပင်စည်ကားပြီးနောက်၊ နံနက်အချိန်အဖူးထွက်သော်လည်း နာကျင်ခြင်းဒုက္ခနေ့ရက်၌၊ အသီးတွေ့မည်မဟုတ်ချေ။
12 သမုဒ္ဒရာလှိုင်းသံကဲ့သို့၊ များစွာသောလူမျိုးတို့ကြိမ်းမောင်သံ၊ ပြင်းထန်သော ဝဲဩဃသံကဲ့သို့၊ ဗိုလ်ထုတို့ တခဲနက်အသံပါတကား။ 13 ဗိုလ်ထုတို့သည်ဝဲဩဃကဲ့သို့၊ တခဲနက်အသံပေးသော်လည်း၊ အဆုံးအမတော်ကိုခံရ၍ဝေးစွာပြေးသွားကြရာ၊ လေတိုက်သောတောင်ပေါ်ရှိဖွဲကဲ့သို့လည်း‌ေကာင်း၊ လေဗွေဝှေ့သော အမှိုက်ကဲ့သို့လည်း‌ေကာင်း၊ လိုက်လံခံရသည်နှင့်၊ 14 ညဉ့်ဦး၌ ဘေးသင့်၍၊ မိုးမသောက်မီကွယ်ပျောက်ကြလေပြီ။ ငါတို့ကိုလုယူဖျက်ဆီးတတ်သူတို့ဝေပုံကား၊ ထိုသို့ပင်ဖြစ်သတည်း။