15
မောဘပြည်ကိုရည်သောဗျာဒိတ်ချက်ဟူမူကား၊ တစ်ညဉ့်ချင်းတွင် မောဘပြည်အာရမြို့ကို၊ လုပ်ကြံဖျက်ဆီးလေပြီ။ တစ်ညဉ့်ချင်းတွင်မောဘပြည်ကိရမြို့ကို၊လုပ်ကြံဖျက်ဆီး လေပြီ။ မောဘပြည်သူပြည်သားတို့သည် ကိုယ့်ဗိမာန်သို့လလည်း‌ေကာင်း၊ ဒိဘုန်မြို့ရှိမြင့်ရာဌာနများသို့လည်း‌ေကာင်း၊ တက်၍ငိုကြွေးကြပြီ။ နေဗောမြို့နှင့်မေဒဘမြို့အထက်တွင်အော်ကြရာ၊ ဆံမုတ် ဆိတ်ရှိသမျှကိုပယ်ကြလေပြီ။ လမ်းပေါ်တွင်လျှော်တေဝတ်၍၊ အိမ်မိုးပျဉ်ပေါ်၌လည်း‌ေကာင်း၊ လမ်းဆုံ၌လည်း‌ေကာင်း၊ ရှိသမျှတို့သည် အော်ဟစ်လျက်သည်းစွာငိုကြွေးကြလေ၏။ ဟေရှဘုန်မြို့နှင့် ဧလာလေမြို့တို့ဟစ်သံကို ယာဟတ်မြို့တိုင်အောင်ကြားရသဖြင့်၊ မောဘရဲမက်တို့သည် ကြောက်ရွံ့သောစိတ်နှင့်အော်ကြ၏။ ငါ သည်မောဘပြည်အတွက်စိတ်ကပင်ဟစ်နေ၏။ ထွက်ပြေးရသူတို့သည် ဇောရမြို့၊ ဧဂလတ်ရှလိရှမြို့များသို့ ပြေးကြရာ၊ လုဟိတ်ကုန်းလမ်းဖြင့်တက်သွားငိုကြွေး လျက်၊ ဟောရနိမ်မြို့လမ်း၌လည်း ပျက်ပြားခြင်းအတွက်ဟစ်ကြ၏။ နိမရိမ်ချောင်းသည် ဆိတ်ညံရာဖြစ်၍၊ မြက်ပင်ညှိုးနွမ်းလျက်၊ မြက်နုသေးသိမ်လျက်၊ ကောက်တစ်ပင်မျှမရှိသဖြင့်၊ ဆည်းပူးကွယ်ဝှက်သောဥစ္စာများကို၊ မိုးမခပင်ချောင်းတစ်ဘက်သို့ဆောင်သွားရကြ၏။ ဟစ်သံသည် မောဘပြည်စွန်းတိုင် နှံ့ပြား၍ အော်သံလည်း ဧဂလိမ်မြို့တိုင်အောင်လည်း‌ေကာင်း၊ ဗေရဧလိမ်မြို့တိုင်အောင်လည်း‌ေကာင်း၊ ရောက်လေ၏။ ဒိမုန်ချောင်းသည် အသွေးနှင့်ပြည့်လိမ့်မည်။ အသို့ဆိုသော် ငါသည် ဒိမုန်မြို့ပေါ်တွင်ထပ်မံသင့်ရောက်စေသည့်ပြင်၊ ထွက်ပြေးသောမောဘပြည်သူနှင့် ကျန်ရစ်သော ပြည်သားတို့အပေါ်သို့ ခြင်္သေ့သဖွယ်လွှတ်လိမ့်မည်။