13
ဗာဗုလုန်မြို့ကိုရည်၍ အာမုတ်သားဟေရှာယမြော်မြင်သောဗျာဒိတ်တော်ချက်ဟူမူကား။ မှူးတော်မတ်တော်ဝင်ထွက်သောတံခါးများကို ဝင်ရကြစေရန်၊ ရှင်းလင်းသောတောင်ထိပ်ပေါ်တွင် အလံစိုက်ထူပြီးလျှင်၊ လက်ရိပ်ပြ၍ကြွေးကြော်ကြလော့။ ငါသီးသန့်ထားသူ၊ ရွှင်လန်းမောက်မာသောရဲမက်တို့ကို၊ အမျက်တော်အလျောက်ပြီးမြောက်စေခြင်းငှာ၊ ငါမိန့်မှာ၍ခေါ်ခဲ့ပြီ။ နားထောင်ကြဦး။ တောင်ပေါ်တွင် လူပရိသတ်ကြီးအသံဗလံကဲ့သို့၊ အုတ်အုတ်သဲသဲပါတကား။ လူမျၖိုးခြားနိုင်ငံသားတို့စုရုံးေသာဆူညံသံပါတကား။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသည်အလုံးအရင်းကိုခင်းကျင်းတော်မူပြီ။ ထာဝရဘုရားနှင့်တကွ၊ အမျက်တော်ဆိုင်ရာလက်နက်တော်ဗိုလ်ထုသည်၊ မြေတစ်ပြင်လုံးကိုတိုက်ဖျက်ရန်၊ မိုးကောင်းကင်အစွန်းအောက်ဝေးကွာသောပြည်မှချီလာကြပြီ။ ထာဝရဘုရား၏နေ့ရက်တော်ရောက်အံ့ဆဲဆဲဖြစ်သောကြောင့်၊ ဟစ်ကြလော့။ အနန္တတန်ခိုးရှင်ထံမှ ဘေးဆိုးကဲ့သို့သင့်ရောက်လတ္တံ့။ ထို့ကြောင့် လက်ရှိသမျှလျှော့လျက် စိတ်ရှိသမျှ ပျက်လျက်၊ ကြောက်လန့်သဖြင့် မီးဖွားသောမိန်းမကဲ့သို့၊ ဒုက္ခဝေဒနာခံစား၍ တုန်တုန်ခိုက်ခိုက်ရှိသည့်ပြင်၊ မီးသဖွယ်မျက်နှာနီလျက်၊ အချင်းချင်းကြည့်၍အံ့အားသင့်ကြ၏။ ထာဝရဘုရား၏နေ့ရက်တော်သည်၊ တစ်ပြည်လုံးဆိတ်ညံရာဖြစ်စေရန်လည်း‌ေကာင်း၊ အပြစ်သားတို့ကိုသုတ်သင်ပယ်ရှင်းရန်လည်း‌ေကာင်း၊ အမျက်ဒေါသအရှိန်နှင့်တကွ ကြမ်းတမ်းစွာ သင့်ရောက်တော့မည်။ 10 မိုးကောင်းကင်ကြယ်နက္ခတ်များသည် အရောင်မတောက်၊ လသည် အရောင်မထွန်းဘဲ၊ နေသည်ထွက်သောအခါမိုက်လျက်ရှိရာ၊ 11 လောကသားတို့အပေါ်တွင်ဆိုးသွမ်းပြစ်ကိုလည်း‌ေကာင်း၊လူဆိုးတို့အပေါ်တွင် ဒုစရိုက်အပြစ်ကိုလည်း‌ေကာင်း၊ငါဆပ်ပေး၍၊ မာနကြီးသူတို့ထောင်လွှားခြင်းကိုရပ်စဲစေလျက်၊ ကြမ်းကြုတ်သူ တို့စော်ကားခြင်းကိုလည်းနှိမ့်ချသည့်အလျောက်၊ 12 လူသတ္တဝါကိုဩဖိရသင်္ဂနိက်ရွှေစင်ထက်၊ တန်ဖိုးပြတ်ရလိမ့်မည်။ 13 သို့ဖြစ်၍ ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရား၏ ဒေါသရှိန်ကြောင့်၊ အမျက်တော်နေ့ရက်၌ မိုးကောင်းကင်ခါ၍၊ မြေပထဝီတုန်လှုပ်ေရွ့သွားရသဖြင့်၊ 14 အလိုက်ခံရသောဒရယ်ကဲ့သို့လည်း‌ေကာင်း၊ ထိန်းသူမဲ့သိုးကဲ့သို့လည်း‌ေကာင်း၊ လူအသီးအသီးတို့သည် အမျိုးသားချင်းရှိရာသို့ လှည့်၍၊ နေရင်းပြည်သို့ပြေးသွားကြရာ၊ 15 မှီသမျှတို့ထိုးခုတ်ခြင်း၊ သုံ့ရသူတို့ထားဖြင့် ကွပ်မျက်ခြင်း၊ 16 မျက်မှောက်တွင်ပင် သူငယ်တို့ဆောင့်သတ်ခြင်း၊ အိမ်များလုယက်ခြင်း၊ မိန်းမတို့မုဒိမ်းကျင့်ခြင်းများကိုခံရကြလိမ့်မည်။ 17 ကြည့်လော့၊ ငွေကိုမထောက်၊ ရွှေကိုလည်းမနှစ်မြို့သော မေဒိလူမျိုးတို့အား၊ ၎င်းတို့တစ်ဘက်၌ငါဆော်ဩသဖြင့်၊ 18 လူပျိုတို့ကိုလေးနှင့်ပစ်ခတ်လျက်၊ သူငယ်များကိုလည်း သနားကင်းလျက်၊ မျက်စောင်းနှင့်မညှာမတာကြ။ 19 တိုင်းနိုင်ငံများ၏ရတနာ၊ ခါလဒဲလူမျိုး၏ကြက်သရေဖြစ်သော ဗာဗုလုန်မြို့သည်၊ ဘုရားသခင်ဖြိုလှဲတော်မူသော သောဒုံ၊ ဂေါမောရမြို့များနှင့်တူလျက်၊ 20 ကာလအစဉ်မည်သူမျှမနေ၊ လူမျိုးအဆက်ဆက်မတည်းမခို။ အာရပ်လူတို့ တဲရှင်မစိုက်။ သိုးထိန်းတို့မထိန်းမကျောင်း။ 21 သားရဲတို့အောင်လျက်၊ တိုက်တိုင်းဇိကွက်ပြည့်သည့်ပြင်၊ ငှက်ကုလားအုပ်နားနေ၍၊ နတ်မိစ္ဆာ​​တို့မြူးထူးလျက်၊ 22 တောခွေးတို့သည် ဘုံဗိမာန်များ၌လည်း‌ေကာင်း၊ ခွေးအတို့သည် အသရေတိုက်များ၌လည်း‌ေကာင်း၊ အူလျက်၊ မြည်လျက်နေကြမည်။ အချိန်စေ့လုပြီဖြစ်၍ မြို့သက်မရှည်ရ။