10
1-2 နွမ်းပါးသူတို့၌ တရားလွဲစေခြင်းငှာလည်း‌ေကာင်း၊ လူမျိုးတော်တွင်ဆင်းရဲသူတို့ တရားအတိုင်း ဆုံးဖြတ်ခံခွင့်ကိုငြင်းပယ်စေခြင်းငှာလည်း‌ေကာင်း၊ မုဆိုးမနှင့်ဖသက်ဆိုးတို့ဥစ္စာကိုလုယူ ခြင်းငှာလည်း‌ေကာင်း၊ မှားသောစီရင်ထုံးကို ထုတ်လျက်နှိပ်စက်ရာကောက်ချက်များကို မှတ်ထားတတ်သူတို့သည် အမင်္ဂလာရှိကြ၏။ ဒဏ်စီရင်ခြင်းခတ်သည့်နေ့ရက်၊ အဝေးကပျက်စီးခြင်းသင့်သည့်ကာလ၊ မည်သို့ပြု၍၊ မည်သူ့ထံပြေးခိုကြမည်နည်း။ စည်းစိမ်ဥစ္စာကို မည်သည့်နေရာတွင်ထားကြမည် နည်း။ အကျဉ်းသားတို့ခြေရင်း၌ ပျပ်ဝပ်ခြင်း၊ ကွပ်မျက်ခံရသူတို့ အောက်ပြိုလဲခြင်းကိုသာ ပြုလုပ်ဖွယ်ရှိတော့အံ့။ ထိုမျှဖြစ်သော်လည်း၊ အမျက်တော်မပြေ၊ လက်ရုံးတော်မရုပ် သေးလေစွတကား။
အိုအာရှုရိဘုရင်၊ သင်သည် အမျက်တော်ဆိုင်ရာလှံတံ၊ သင့်လက်ကိုင်ထုတ်သည်အမျက်တော်၊ ပေတည်း။ ပြက်ရယ်ပြုတတ်သောလူမျိုး၊ အမျက်တော်တိုက်လူမျိုးကို လုယက်ဖျက်သိမ်း၍၊ လမ်းရွှံ့ကဲ့သို့နင်းစေရန်ငါမိန့်မှာစေလွှတ်လိမ့်မည်။ ထိုမင်းမူကား၊ အခြားသောစိတ်၊ အခြားသောသဘောနှင့် များစွာသော လူမျိုးတို့ကို ဖျက်ဆီးပယ်ရှင်းရန်ကြံစည်လျက်၊ ငါ့ဗိုလ်ချုပ်အပေါင်းတို့သည်ဘုရင်သဖွယ်ဖြစ်သည်မဟုတ်လော။ ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့သို့လည်း‌ေကာင်း၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့လည်း‌ေကာင်း၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့လည်း‌ေကာင်း၊ ဖြစ်ခဲ့လေပြီမဟုတ်လော။ 10 ရှမာရိမြို့နှင့်ယေရုရှလင်မြို့ရုပ်တုများထက်၊ တန်ခိုးကြီးသည့်ရုပ်တုများရှိသောတိုင်းနိုင်ငံများပေါ်တွင် ငါ့လက်တော်ရောက်သည့်အလိုက်၊ 11 ရှမာရိမြို့ကို ရုပ်တုများပါ ငါပြုခဲ့သည့်နည်းတူ၊ ယေရုရှလင်မြို့ကိုလည်း ရုပ်တုများပါငါပြုလိမ့်မည်မဟုတ်လောဟု အောက်မေ့သတည်း။
12 သို့ဖြစ်လျက် ငါဘုရားသည်ဇိအုန်တောင်နှင့်ယေရုရှလင်မြို့၌ပြုရန်ကိစ္စကို ပြီးမြောက်စေပြီးမှ၊ အာရှုရိဘုရင်၏မာနမြင့်၍ဝါကြွားခြင်းကိုလည်း‌ေကာင်း၊ မျက်နှာမော်၍ထောင်လွှား ခြင်းကိုလည်း‌ေကာင်း၊ စီရင်လာလိမ့်မည်။ 13 ထိုမင်းက ဉာဏ်ပဋိဘာန်ရှိသည့်အလျောက် ကိုယ့်လက်သတ္တိ၊ ဉာဏ်သတ္တိအားဖြင့်ငါပြုခဲ့ပြီ။ လူမျိုးတို့နယ်နိမိတ်များကိုရွှေ့ပြောင်းလျက် ဆည်းပူးသောဥစ္စာများကို လုယူပြီးလျှင်၊ နန်းစံတို့ကိုလည်း နွားဥဿဘသဘွယ် နန်းချသဖြင့်၊ 14 လူမျိုးတို့၏ဘဏ္ဍာတိုက်များကို ငှက်သိုက်သဖွယ် လက်နှိုက်လျက်၊ စွန့်ခဲ့သောဥများကို သိမ်းယူသည့်နည်းတူ မြေတစ်ပြင်လုံးကိုငါသိမ်းယူခဲ့ရာ၊ အတောင်ခတ်ခြင်း၊ နှုတ်သီးဖွင့်ခြင်း၊ မြည်တွန်ခြင်းကိုမျှ မပြုဝံ့ကြဟုကြိမ်းပလေ၏။​ 15 ပုဆိန်သည် ပေါက်သူတစ်ဘက်၌ ဝါကြွားမည်လော။ လွှလည်းတိုက်သူတစ်ဘက်၌ ဝင့်ဝါမည်လော။ ထိုသို့ဖြစ်ခဲ့လျှင် လှံတံသည် ကိုင်သူ့ကိုလှုပ်နိုင်ရာ၏။ တုတ်လည်း သစ်ဝါးမဟုတ်သူ့ကို ကိုင်မြှောက်နိုင်ရာ၏။ 16 ထို့ကြောင့် ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်သည်၊ ထိုမင်း၏ ဆူးဖြိုးသူတို့၌ ပိန်ကြုံစေသောဝေဒနာကိုသွင်းမည့်ပြင်၊ အလုံးအရင်းအတွင်းတွင်မီးသဖွယ်လောင် စေတော်မူရာ၊ 17 ဣသရေလလူမျိုး၏ အလင်းတော်သည်၊ မီးသဖွယ်၊ သန့်ရှင်းတော်မူသောအရှင်သည် မီးလျှံသဖွယ်ဖြစ်သဖြင့်၊ ထိုနိုင်ငံရှိဆူးချုံ၊ ရှားစောင်းတောများကိုနေ့ချင်း ကျွမ်းလောင်လျက်၊ 18 တောဆိုင်ရာ၊ ခြံဆိုင်ရာအသရေကို အနှစ်အကာနှင့်တကွ ကုန်ဆုံးစေတော်မူ၍၊ သူနာအားပြတ်သည့်နည်းတူဖြစ်လိမ့်မည်။ 19 အရာတော်ကျန်တောပင်များကို သူငယ်ပင်စာရင်းရေးသားနိုင်ရန်၊ ရေတွက်လွယ်ပါလိမ့်မည်။
20 ထိုကာလ ဣသရေလလူမျိုး အကြွင်းအကျန်တို့နှင့် ဘေးလွတ်သူယာကုပ်အမျိုးသားတို့ သည်၊ ဒဏ်ခတ်သောမင်းကို ဆက်လက်တံကဲမပြုဘဲ၊ ထာဝရဘုရားတည်းဟူ သော ဣသရေလလူမျိုး၏ သန့်ရှင်းသောအရှင်ကို၊ တစ်သမတ်တည်းတံကဲပြုကြလိမ့်မည်။ 21 ယာကုပ်အမျိုးသားအကြွင်းအကျန်တို့သည်၊ တန်ခိုးကြီးသောဘုရားသခင့်ထံသို့ပြန်လာကြလိမ့်မည်။ 22 အိုဣသရေလလူမျိုး၊ သင့်အမျိုးသားတို့သည်သမုဒ္ဒရာသဲလုံးနှင့်အမျှ များပြားသော်လည်း၊ အကြွင်းအကျန်သာ ပြန်လာကြလိမ့်မည်။ ဖြောင့်မတ်ခြင်းနှင့် ပြည့်လျှံသောကုန်ဆုံးခြင်းကိုပြဋ္ဌာန်းတော်မူ၏။ 23 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်သည်၊ ပြဋ္ဌာန်းတော်မူခဲ့သော ကုန်ဆုံးခြင်းကို၊ မြေတစ်ပြင်လုံးစီရင်တော်မူလိမ့်မည်။
24 ထို့ကြောင့် ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်မိန့်တော်မူသည်ကား၊ ဇိအုန်မြို့နေထိုင်သူငါ့လူမျိုးတို့၊ အာရှုရိမင်းသည်အိဂျစ်ဓလေ့အတိုင်းထုတ်လှံတံကိုချီးမြှောက် လျက် ရိုက်နှက်သော်လည်းမကြောက်လင့်။ 25 တမဟုတ်ခြင်းတွင်၊ သင်တို့ခံရသောအမျက်တော်ပြတ်စဲ၍ သူ့ကိုဖျက်စီးရန်ဒေါသထားလိမ့်မည်။ 26 ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရားသည်၊ ဩရဘကျောက်တောင်အနီး၊ မိဒျန်အမျိုးသားတို့ကို ဒဏ်ခတ်သည့်နည်းတူ၊ ချင်းတစ်ဘက်၌ နှင်တံကို မြှောက်ဝင့်သည့်ပြင်၊ လှံတံတော်လည်းအိဂျစ်ပြည်၌ စီရင်သကဲ့သို့၊ ပင်လယ်ပေါ်တွင်ချီးမြှောက်ဖြန့်မိုးမည်။ 27 ထိုကာလ ချင်း၏ဝန်ကိုသင့်ပခုံးမှလည်း‌ေကာင်း၊ ထမ်းပိုးကိုလည်ကုပ်မှလည်း‌ေကာင်း၊ ချ၍ သန်မာသောကြောင့်ထမ်းပိုးကျိုးလိမ့်မည်ဟုမိန့်တော်မူ၏။
28 ထိုမင်းသည် အာယပ်မြို့ရောက်ချီ၍၊ မိဂရုန်မြို့တိုင်အောင်လွန်သွားပြီးလျင် မိတ်မတ်မြို့တွင် ဝန်များကိုချထားလေပြီ။ 29 တောင်ကြားကိုလွန်လျက်၊ ဂေဗမြို့၌ စားခန်းကျလေ၏။ ရာမမြို့သူတို့တုန်လှုပ်လျက် ရှောလုနေရာဂိဗာမြို့သားတို့လည်းပြေးကြလေပြီ။ 30 အိုသတို့သမီးဂလ္လိမ်၊ အော်ဟစ်လော့။ အိုလဲရှမြို့သားတို့။ နားစွင့်ကြလော့။ အိုဒုက္ခသည်အာနသုတ်မြို့၊ မာဒမေနမြို့သူတို့ပြေးသွားကြရာ၊ 31 ဂေဗိမ်မြို့သားတို့ဘေးလွတ်ရာရှာကြ၏။ 32 ယနေ့ပင်နောဘမြို့၌ဆိုက်ပြီးလျှင် သတို့သမီးဇိအုန်တောင်၊ ယေရုရှလင်ကုန်းရင်ဆိုင်တွင်လက်ယမ်းလေ၏။ 33 ကြည့်လော့၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်သည်၊ အကိုင်းအခက်များကိုပြင်းထန်စွာ ခုတ်ချိုင်လျက် အရပ်အမောင်းမြင့်၍ မောက်မာသောသစ်ပင်များကို ခုတ်လှဲရှုတ်ချတော်မူလိမ့်မည်။ 34 တောပိတ်ပေါင်းကိုဓားဖြင့် ဝင့်ပယ်တော်မူသဖြင့်၊ လေဗနုန်တောလည်းတန်ခိုးကြီးသောအရှင်ကြောင့်ပြိုလဲရာရောက်လိမ့်သတည်း။