5
အစီအရင်ကိုခံရသော၊ အိုပရောဟိတ်တို့၊ နာခံခြင်း၊ အိုဣသရေလအမျိုးသားတို့၊ နားထောင်ခြင်း၊ အိုမင်းမျိုးတို့၊ နားစိုက်ခြင်းရှိကြလော့။ မိဇပါမြို့၌ထောင်သော ကျော့ကွင်း၊ တာဗော်တောင်ပေါ်၌ဖြန့်သောပိုက်ကွန်သဖွယ်ဖြစ်လျက်၊ ရက်စက်စွာကွပ်မျက်၍၊ ဖောက်ပြန်ကြသော သင့်အပေါင်းတို့ကိုငါဆုံးမ၏။ ဧဖရိမ်ကိုငါသိ၏။ စက္ခုတော်မှ ဣသရေလမကွယ်နိုင်။ အိုဧဖရိမ်၊ သင်သည် မှားယွင်းလေပြီ။ ဣသရေလသည် မသန့်ရာရောက်ခဲ့လေပြီ။ မှားယွင်းခြင်းစိတ်နှင့်ပြည့်၍၊ ငါထာဝရဘုရားကိုမသိကြသည့်အလျောက်၊ ကာယကံမှုများကြောင့် ကိုယ့်ဘုရားသခင့်ထံမပြန်မလာနိုင်ချေ။ ဣသရေလ၌၊ ကိုယ့်မာနပင်မျက်မှောက်ထင်ထင်အပြစ်တင်သည်နှင့်အညီ၊ ဧဖရိမ်တည်းဟူသောဣသရေလသည်၊ ယုဒပါ၊ ဒုစရိုက်ခလုတ်တိုက်၍လဲကြလိမ့်မည်။ နွား၊ သိုး၊ ဆိတ်များပါလျက်၊ ငါထာဝရဘုရားကိုရှာဖွေကြသော်လည်း၊ ရှောင်တိမ်းတော်မူပြီးဖြစ်သောကြောင့်၊ မတွေ့ကြချေ။ သစ္စာတော်ကိုဖျက်၍၊ အမျိုးမစစ်သောသားများရခဲ့ကြလေစွ။
ထိုသူတို့သည် တစ်လအတွင်း၊ ပိုင်မြေပါ၊ ကုန်ဆုံးရကြလတ္တံ့။ ဂိဗါမြို့၊ ရာမမြို့များ၌ တံပိုးခရာမှုတ်ကြစေ။ အိုဗင်္ယာမိန်၊ တပ်ဦးတိုက်လော့ဟူသော တပ်သံကိုဗေသဝင်မြို့မှ ပေးကြစေ။ သို့ရာတွင် မလွဲနိုင်သောအဖြစ်အပျက်ကို၊ ဣသရေလအနွယ်တို့အား ငါေဖာ်ပြနှင့်သည့်အလျောက်၊ ဆုံးမရာနေ့ရက်၌၊ ဧဖရိမ်သည် ဆိတ်ညံရာရောက်လိမ့်မည်။
10 မြေမှတ်တိုင်ကို ရွှေ့တတ်သူနှင့် အလားတူသောယုဒမှူးမတ်တို့အပေါ်သို့အမျက်တော်ကို၊ ရေကဲ့သို့ငါသွန်းလောင်းမည်။ 11 ဧဖရိမ်သည်၊ အနတ္တဘုရားများနောက်၊ စိတ်ပါကိုယ်ရောက်လိုက်လေ့ရှိသောကြောင့်၊ အစီအရင်တော်နှင့်အညီ၊ အညှဉ်းအပန်းအနှိပ်အစက်ခံရလေပြီ။ 12 ဧဖရိမ်အမျိုး၌ ပိုးစားနာ၊ ယုဒအမျိုး၌ ဆွေးမြေ့နာသဖွယ် ငါဖြစ်သည်နှင့်၊ 13 ဧဖရိမ်သည် ပိုးစားနာကိုလည်းေကာင်း၊ ယုဒသည် ဆွေးမြေ့နာကိုလည်းေကာင်း၊ သိမြင်သည့်အတိုင်း၊ အနာပျောက်အောင်မကုသနိုင်သော၊ ယာရိတ်ခေါ် အာရှုရိမင်းထံ၊ ဧဖရိမ်သည် ရာဇသံစေလွှတ်၏။ 14 ဧဖရိမ်အမျိုး၌ ခြင်္သေ့အို၊ ယုဒအမျိုး၌ ခြင်္သေ့ပျိုသဖွယ် ဖြစ်သောငါသည်၊ ကိုက်စားပြီးမှ ခွာသွားမည်။ ကယ်သူမဲ့ဆွဲသွားမည်။ 15 ပြစ်ဒဏ်ခံထိုက်ပြီဟု ထိုသူတို့ဝန်ခံလျက်၊ မျက်နှာတော်ကို မရှာမချင်း၊ ငါသည် စံရာတော်သို့ပြန်ဦးမည်။ ဒုက္ခတွေ့သည့်ကာလ၊ စိတ်ဇောနှင့်ငါ့ကိုရှာဖွေလျက် ထိုသူတို့က၊ ကိုက်စားခဲ့သော်လည်း၊