4
အိုဣသရေလအမျိုးသားတို့၊ ငါထာဝရဘုရား၏ ဗျာဒိတ်တော်ကိုနာခံကြလော့။ ပြည်တော်သည် သစ္စာစောင့်ခြင်း၊ သနားခြင်း၊ ဘုရားသခင်ကိုသိကျွမ်းခြင်းများနှင့် ကင်းသောကြောင့်၊ ငါထာဝရဘုရားလည်း၊ ပြည်သူပြည်သားတို့နှင့်ဘက်ပြိုင်ရန်အကြောင်းရှိပြီ။ မုသာကျိန်ဆိုမှု၊ လူသတ်မှု၊ ခိုးမှု၊ သူ့သားအိမ်ရာပြစ်မှားမှုများနှင့် ပြည့်သည့်အလျောက်၊ သွေးသွန်းမှုကို အထပ်ထပ်ကြမ်းကြုတ်စွာပြုကြလေစွ။ သို့ဖြစ်သောကြောင့်၊ ပြည်တော်မြည်တမ်းလျက်၊ နေထိုင်သူမှစ၍၊မြေသတ္တဝါ၊ လေသတ္တဝါတို့ညှိုးငယ်လျက်၊ ရေသတ္တဝါတို့လည်း ပပျောက်လျက်ရှိပြီ။ သို့ရာတွင် ပြည်သူပြည်သားတို့သည်၊ ပရောဟိတ်နှင့်ဘက်ပြိုင်ရာ ရောက်ပြီးဖြစ်သောကြောင့်၊ ဆုံးမပဲ့ပြင်ခြင်းမပြုလင့်။ နေ့အခါတွင်ခလုတ်တိုက်တတ်သောပရောဟိတ်နှင့်အတူ၊ ပရောဖက်သည်ညဉ့်အခါတိုက်တတ်သည်တကား။ သူတို့အမိကိုလည်း ငါပယ်ရှားမည်။ ငါ့လူမျိုးသည်၊ အသိပညာကင်း၍တိမ်ကောလေစွ။ အသိပညာကိုစွန့်ပယ်ခဲ့သောသင့်ကို၊ ငါ့ပရောဟိတ်ရာထူးမှ ငါစွန့်ပယ်မည်။ ကိုယ့်ဘုရားသခင်၏ပညတ်တရား တော်ကို၊ သင်လျစ်လျူရှုသည့်အတိုင်း သင့်သားတို့ကို၊ ငါလျစ်လျူရှုမည်။ 7-8 ပရောဟိတ်တို့သည် တိုးပွားသည်နှင့်အမျှ၊ ငါ့အားပြစ်မှားလျက်၊ လူမျိုးတော့်အပြစ်နှင့်အသက်မွေးသည့်အလျောက်၊ ထိုဒုစရိုက်မှုကို နှစ်သက်ကြသောကြောင့်၊ ဩဇာ အစားအရှက်ကိုငါပေးမည်။ ပရောဟိတ်စရိုက် ပရိသတ်လိုက်သဖြင့်၊ ငါသည် အလေ့အလာအတွက်ဒဏ်ခတ်လျက်၊ အပြုအကျင့်အတိုင်းဆပ်ပေးမည်။ 10 ငါထာဝရဘုရားကို လျစ်လျူရှုသည်နှင့်၊ ချင်ရဲမပြေဘဲစားသောက်မှု၊ သားမရဘဲ မှားယွင်းမှုကိုပြုကြလိမ့်မည်။ 11 မှားယွင်းမှု၊ ယစ်သောက်မှုကြောင့်၊ ဉာဏ်ကင်းတတ်သည်နှင့်အညီ၊ 12 ကိုယ့်ဘုရားသခင်အနော်အတာအောက်မှ၊ လမ်းလွဲမှားယွင်းသည့်တိုင်အောင်၊ မှားယွင်းခြင်းစိတ်နှင့်ပြည့်သောငါ့လူမျိုးသည်၊ သစ်ရုပ်ထံမေးလျှောက်လျက်၊ ဆေးကြိမ် ဖြင့်ဗျာဒိတ်ခံကြသည်တကား။ 13 အရိပ်ကောင်းသောညန်၊ ထင်းရှူး၊ သပိတ်ပင်များအောက်၊ တောင်ထိပ်ပေါ်၌ ယဇ်ပူဇော်ခြင်း၊ ကုန်းထိပ်ပေါ်၌မီးဖြင့်ဆက်ကပ်ခြင်းကိုပြုကြစဉ်၊ သင်တို့သမီးတို့သည် မှားယွင်းမှု၊ မယားများလည်း မျောက်မထားမှုကိုပြုကြသည်တကား။ 14 သင်တို့ကိုယ်တိုင် မိန်းမရွှင်တို့နှင့်ပုန်းလျှိုးလျက်၊ ပြည်တန်ဆာတို့နှင့်အတူ ယဇ်ပူဇော်လေ့ရှိကြသောကြောင့်၊ မှားယွင်းသောသမီး၊ မျောက်မထားသောမယားတို့ကို ငါဒဏ်စီရင်မည်မဟုတ်။ 15 ဣသရေလအမျိုးမှားယွင်းခဲ့သော်လည်း၊ ယုဒအမျိုးမမှားစေလင့်။ ထာဝရဘုရားအသက်တော်ကိုတိုင်တည်လျက် သစ္စာဆိုရန်၊ ဂိလဂါလမြို့သို့လည်းေကာင်း၊ ဗေသဝင်မြို့ သို့လည်းေကာင်း၊ အဖူးအမြော်မသွားကြလင့်။ 16 ရိုင်းသောနွားမတန်းကဲ့သို့ ပြုတတ်သောဣသရေလအမျိုးကို၊ ကျယ်သောစားကျက်တွင်၊ သိုးသားငယ်သဖွယ်၊ ငါထာဝရဘုရားထိန်းကျောင်းမည်လော။ 17 ဧဖရိမ်အမျိုးသည်၊ ရုပ်တုသင်းဝင်လေပြီ။ ရှိစေတော့။ 18 ယစ်သောက်ပြီးလျှင်၊ မတရားမေထုန်ပြုကြသည်တကား။ မှူးမတ်တို့လည်း ရှက်ဖွယ်မှုကိုနှစ်သက်ကြ၏။ 19 လေဖျားခတ်၍ ပါသွားသောအခါ၊ ယဇ်ပူဇော်မှုများအတွက် အရှက်ကွဲရကြလတ္တံ့။