3
တစ်ဖန်ထာဝရဘုရားက၊ အခြားဘုရားများသို့လွှဲသွားလျက်၊ စပျစ်ပြဉ်ဘောဇဉ်ကိုနှစ်သက်သောဣသရေလအမျိုးသားတို့အား၊ ငါထာဝရဘုရားမြတ်နိုးသည့်နည်းတူ၊ ပေါင်းသင်းကြသူအချစ်ကိုခံ၍၊ မျောက်မထားသောထိုမိန်းမကို၊ ပြန်၍ချစ်ဦးလော့ဟု မိန့်တော်မူသည့်အတိုင်း၊ ငါသည်၊ ငွေတစ်ဆယ့်ငါးကျပ်၊ မုယောဆန်ဆယ့်ငါးတင်းနှင့် ရွေးပြီးလျှင်၊ သင်သည် မှားယွင်းလျက် လင်ငယ်ကိုမယူဘဲ၊ တစ်ယောက်တည်းကြာမြင့်စွာနေလော့။ ငါလည်း ထိုသို့နေမည်ဟုဆို၏။ ဣသရေလအမျိုးသားတို့သည်၊ ဘုရင်မင်း၊ မှူးတော်၊မတ်တော်၊ ပူဇော်သက္ကာ၊ ကျောက်တိုင်၊ ဧပုဒ်ရုပ်ပွား၊ တေရပ်ဆင်းတုများနှင့် ကင်းလျက်၊ ကြာမြင့်စွာနေပြီးမှ၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားနှင့်ကိုယ့်ဘုရင်ဒါဝိဒ်မင်းကိုရှာဖွေပြန်လာလျက်၊ ဆုကျေးဇူးတော်နှင့် ပြည့်စုံသော ထာဝရဘုရားထံ၊ နောင်ကာလရိုသေစွာချဉ်းကပ် ကြလတ္တံ့။