2
ညီအစ်ကိုတို့ကို 2.1.  အဓိပ္ပါယ်ကား။ - ငါ့လူမျိုး။အမ္မိဟူ၍လည်းေကာင်း၊ ညီအစ်မတို့ကို 2.1.  အဓိပ္ပါယ်ကား။ - သနားသူ။ရုဟာမာဟူ၍လည်းေကာင်း တွင်ကြလော့။
သင်တို့အမိသည် ငါ့မယား၊ ငါလည်းသူ့ခင်ပွန်းမဟုတ်။ မှားယွင်းမှု၊ မျောက်မထားမှုများကို မျက်နှာနှင့် သားမြတ်မှ ပယ်ရှားစေခြင်းငှာ ဘက်ပြိုင်ကြလော့။ မပယ်ခဲ့မူ၊ ငါသည် သူ့အဝတ်ကိုချွတ်၍ ဖွားမြင်ရာနေ့ကဲ့သို့ထားသည့်ပြင်၊ သွေ့ခြောက်ရာတောအရပ်သဖွယ်ဖြစ်စေလျက်၊ ရေငတ်၍သေစေမည်။ မှားယွင်းသဖြင့်ရသောသားသမီးများကိုလည်း သနားမည်မဟုတ်။ စားဖွယ်သောက်ဖွယ်၊ သိုးချည်၊ လျှော်ချည်နှင့်တကွ၊ ဆီ၊ စပျစ်ရည်ကိုပေးလေ့ရှိသောခင်မင်သူတို့ကို၊ ကျွန်မလိုက်ရှာမည်ဟု ကြံစည်အောက်မေ့သူအမိသည်၊ အရှက်တကွဲမှားယွင်းခဲ့သောကြောင့်၊ 6-7 သွားရာလမ်းကိုဆူးပင်များနှင့် ငါဆီးတား၍၊ စောင်ရန်းကာသဖြင့်၊ ခင်မင်သူတို့ကို လိုက်၍မမှီ၊ ရှာ၍မတွေ့ဘဲလမ်းပျောက်သော်၊ ယခုထက်ချမ်းသာစေခဲ့သော ခင်ပွန်း ဟောင်းကို ပြန်ပေါင်းအံ့ဟုဆိုရာရောက်လိမ့်မည်။ ဆန်၊ စပါး၊ စပျစ်ရည်၊ ဆီနှင့်တကွ၊ ဗာလရုပ်ပွားများသွန်းလုပ်သောရွှေ၊ ငွေအမြောက်အမြားကိုပင်၊ ငါပေးသနားကြောင်း၊ မသိခဲ့လေစွ။ ထို့ကြောင့်၊ ငါသည် အသီးအနှံထွက်ချိန်ရာသီ၌၊ ငါ့ဆန်စပါးနှင့်စပျစ်ရည်ရုပ်သိမ်းခြင်း၊ ခြုံသင့်ရာငါ့သိုးချည်နှင့်လျှော်ခြည်နုတ်ယူခြင်းကို စီရင်၍၊ 10 လက်တော်တွင်းမှ ကယ်နုတ်နိုင်သူကင်းသောထိုမိန်းမ၏ယုတ်မာခြင်းကို၊ ခင်မင်သူတို့ရှေ့တွင်ဖော်ပြသည့်ပြင်၊ 11 ရွှင်လန်းရာရွှင်လန်းကြောင်း ဖြစ်သောပူဇော်ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့မှစ၍၊ ပြုမြဲပွဲများကိုပြတ်စဲစေလျက်၊ 12 ကျွန်မ၌ခင်မင်သူတို့ပေးခဲ့သောလက်ဆောင်များတည်းဟူ၍ သင်ထင်မှတ်စရာစပျစ်၊ သဖန်းခြံများကို၊ တောတိရစ္ဆာန်တို့ကျက်စားရန်ပိတ်ပေါင်းဖြစ်သည့်တိုင်အောင် ဖျက်ဆီးမည်။ 13 ငါ့ကို သတိလစ်၍၊ နှာကွင်းမှစသော၊ တန်ဆာများဆင်ယင်လျက်၊ ခင်မင်သူတို့ကိုလိုက်ရှာသည့်ကာလ၊ ဗာလနတ်များအားမီးဖြင့် ပူဇော်မှုကိုဒဏ်စီရင်မည်ဟု၊ ငါထာဝရ ဘုရားမိန့်ဆို၏။ 14 သို့ဖြစ်၍၊ ငါသည် သဲတောသို့သွေးဆောင်ခေါ်သွားလျက်၊ မေတ္တာစကားမြွက်ဆိုသည့်ပြင်၊ 15 တောအရပ်၌ပင်၊ စပျစ်ခြံများနှင့်တကွ၊ စောင့်မျှော်ရာပြန်ဝင်ပေါက်အဖြစ်၊ 2.15  အဓိပ္ပါယ်ကား။ - ဒုက္ခ။အာခေါ်ချိုင့်ကိုပေးသနားမည့်အလျောက်၊ ငယ်ရွယ်စဉ်အိဂျစ်ပြည်မှထွက်လာသည့်အခါ ကဲ့သို့ သူပြန်လှည့်လိမ့်မည်။ 16-17 ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ဗာလများဟူ၍ မမြွက်မဆို၊ မမှတ်မသားရသည့်တိုင်အောင်၊ ၎င်းအမည်များကိုငါပယ်မည်နှင့်အညီ၊ ထိုကာလ၌ငါ့ကို 2.16-17  ပါဠိ - ဗလ။ကာမပိုင် ဟု ဆက်လက်မခေါ်ရဘဲ၊ ခင်ပွန်းဟု သမုတ်ရလိမ့်မည်။ 18 ထိုကာလ၌လည်း၊ ငါသည် ပြည်သူပြည်သားတို့ကို ထောက်၍၊ တောသားရဲ၊ ငှက်ရဲ၊ ပိုးမွှား၊ တိရစ္ဆာန်များနှင့် ပဋိညာဉ်ဖွဲ့လျက်၊ ရန်သူတို့လေး၊ ဓားလက်နက်များကို ချိုးဖြတ်သဖြင့်၊ လုံခြုံစွာလဲလျောင်းခွင့်ပေးမည့်ပြင်၊ 19-20 လူမျိုးအဆက်ဆက်ဖြောင့်မတ်ခြင်း၊ တရားစောင့်ခြင်း၊ ကရုဏာသက်ခြင်း၊ မေတ္တာရှိခြင်း၊ သစ္စာတည်ခြင်းများနှင့်အညီ၊ ငါမှန်းထားထိမ်းမြားမည့်အလျောက်၊ ငါထာဝရဘုရားကို သင်သိရလတ္တံ့။ 21-22 ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ထိုကာလ၌၊ ငါသည် မိုးကိုလည်းေကာင်း၊ မိုးသည် မြေကိုလည်းေကာင်း၊ မြေသည် ဆန်စပါး၊ စပျစ်ရည်၊ ဆီများကိုလည်းေကာင်း၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီသည် 2.21-22  အဓိပ္ပါယ်ကား၊ ဘုရားသခင်ကြဲသူ။ယေဇရေလကိုလည်းေကာင်း၊ အဆင့်ဆင့်ပေးသနားမည့်အလျောက်၊ 23 နေပြည်တွင် ငါကြဲသဖြင့်၊ သနားမဲ့သူသည်၊ သနားတော်မူခြင်း၊ လူမျိုးတော်မဟုတ်သူသည်၊ လူမျိုးတော်ဟူ၍သမုတ်ခြင်းခံရာ၊ အကျွန်ုပ်ဘုရားသခင်ကိုယ်တော်ပေတည်းဟု ဝန်ခံရလတ္တံ့။