12
လေကိုထိန်းကျောင်းလျက်၊ အရှေ့လေကိုလိုက်ရှာသော ဧဖရိမ်သည်၊ တစ်နေ့ထက်တစ်နေ့မြောက်မြားသောလှည့်ဖြားမှုနှင့် အဓမ္မမှုကိုပြု၍၊ အာရှုရိမင်းနှင့်မဟာမိတ် ဖွဲ့လျက်ပင်၊ အိဂျစ်ပြည်သို့ဆီကိုပို့ဆက်သေး၏။ ထာဝရဘုရားသည် 12.2  ပါဠိ။ - ယုဒ။ဣသရေလနှင့်ဘက်ပြိုင်ရန် အကြောင်းရှိသည်နှင့်အညီ၊ ယာကုပ်ကို အလေ့အလာအလျောက်ဒဏ်စီရင်၍၊ အပြုအကျင့်အလျောက်ဆပ်ပေး တော်မူမည်။ ဝမ်းတွင်း၌ပင်၊ ထိုသူသည် အစ်ကို၏ဖနှောင့်ကိုဆွဲကိုင်ခဲ့၏။ အရွယ်ရောက်သော်၊ ဘုရားသခင်နှင့်လည်းေကာင်း၊ စေတမန်တော်နှင့်လည်းေကာင်း၊ 4-5 ဘက်ပြိုင်၍နိုင်ခွင့်၊ ငိုကြွေး၍ အသနားတော်ခံခွင့်ကိုရခဲ့လေ၏။ ယေဟောဝါဘွဲ့နာမတော်ရှိသော၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသခင်သည်၊ ဗေသလအရပ်၌ ထိုသူ့ကို တွေ့ဆုံရာတွင်၊ ငါတို့အားပင်၊ ဗျာဒိတ်ပေးတော်မူခဲ့၏။ ထို့ကြောင့်၊ ကိုယ့်ဘုရားသခင့်တန်ခိုးဖြင့်ပြန်လာ၍၊ သင်္ဂဟတရားနှင့်သမ္မာတရားကိုလက်မလွတ်ဘဲ၊ ကိုယ့်ဘုရားသခင်ကို နေ့စဉ်မပြတ်စောင့်စားလျက်နေလော့။
ခါနာန်အမျိုးသားပါတကား။ စဉ်းလဲသောချိန်ခွင်ကို စွဲကိုင်လျက်၊ နှိပ်စက်လိုသောသဘောရှိသူ ဧဖရိမ်က၊ ငါသည်ကြွယ်ဝ၍စည်းစိမ်ချမ်းသာရပြီ။ ချွေးနှဲစာရှိသမျှ၌၊ ဒဏ်ခံထိုက်သောအပြစ်ကိုရှာ၍မတွေ့နိုင်ကြချေဟု၊ ဝါကြွားသော်လည်း၊ အိဂျစ်ပြည်မှထွက်သည်ကစ၍၊ သင်၏ဘုရားသခင်ဖြစ်သော ငါထာဝရဘုရားသည်၊ တဲနေပွဲကာလကဲ့သို့၊ တဲများတွင်ထားဦးမည်။ 10 ငါသည် ပရောဖက်တို့အား ဗျာဒိတ်ကိုလည်းေကာင်း၊ မြောက်မြားသောရူပါရုံကိုလည်းေကာင်း၊ ပေးလျက်၊ ပရောဖက်တို့အားဖြင့် ပုံဆောင်ချက်များကို ပေးခဲ့လေပြီ။ 11 ဂိလဒ်နယ်၌ ရုပ်ပွားဆင်းတုများရှိက၊ နယ်သားတို့အလဟဿဖြစ်ကြလတ္တံ့။ ဂိလဂါလမြို့၌ နွားကိုပသက၊ ပလ္လင်များသည် ထယ်ကြောင်းများတွင် မြေပုံဖြစ်ရလတ္တံ့။
12 ဣသရေလခေါ်ယာကုပ်သည်၊ အာရံပြည်သို့ပြေးသွားလျက်၊ မယားရခြင်းငှာ၊ အထိန်းအကျောင်းအဖြစ်အစေခံခဲ့ရသော်လည်း၊ 13 ထာဝရဘုရားသည်ပရောဖက်အားဖြင့် အိဂျစ်ပြည်မှထုတ်ဆောင်၍ ပရောဖက်အားဖြင့်စောင့်ထိန်းတော်မူ၏။ 14 ဧဖရိမ်သည်ပြင်းထန်သောအမျက်တော်ကို ထိုက်သည့်အတိုင်း၊ သွေးသွန်းမှုကိုလည်းေကာင်း၊ ကဲ့ရဲ့မှုကိုလည်းေကာင်း၊ သူ့အရှင်ဘုရားတင်ဆပ်တော်မူလိမ့်သတည်း။