10
စည်ကား၍ အသီးသီးသောစပျစ်ပင်သဖွယ် ဣသရေလသည်၊ အသီးပြန့်ပြောသည်နှင့်အမျှ၊ များပြားသော ယဇ်ပလ္လင်တည်ခြင်း၊ မြေဩဇာကောင်းသည်နှင့်အမျှ၊ ကျောက်တိုင်မြတ်စိုက်ခြင်းကိုပြုလေပြီ။ သစ္စာမဲ့သောစိတ်ရှိသည့်အတိုင်း၊ အပြစ်ဒဏ်ခံထိုက်သဖြင့်၊ ယဇ်ပလ္လင်လည်သီးဖြတ်ခြင်း၊ ကျောက်တိုင်လုယူခြင်းကိုခံရလတ္တံ့။ ထာဝရဘုရားအား၊ ခန့်ညားခြင်းကင်းလျက်နေသော ငါတို့၌ ဘုရင်မရှိ။ အုပ်စိုးသောဘုရင်သည်၊ မည်သို့တတ်နိုင်သနည်းဟု၊ ဆိုရာရောက်ရကြ၏။ ထိုသူတို့သည် အချည်းနှီးစကားပြောခြင်း၊ မုသာကျိန်ဆို၍မိတ်သင်္ဂဟဖွဲ့ခြင်းများကိုပြုကြသည့်အတိုင်း၊ တရားမှုသည်၊ ထယ်ကြောင်းရှိပေါင်းပင်ကဲ့သို့ ပေါ်ပေါက်တတ်၏။ ဗေသဝင်မြို့ရှိ၊ မောက်မာရာ မောက်မာကြောင်းဖြစ်သောနွားရုပ်များကိုသိမ်းယူမည်ဟု၊ ရှမာရိမြို့သူမြို့သားတို့စိုး၍၊ ကိုးကွယ်သူတို့မြည်တမ်းခြင်း၊ ပဆန်းတို့ တုန်လှုပ် ခြင်းရှိကြရာ၊ ထိုနွားရုပ်ကိုယာရက်ခေါ် အာရှုရိဘုရင့်ထံ၊ လက်ဆောင်တော်အဖြစ်သယ်ပိုးသဖြင့်၊ ဧဖရိမ်တည်းဟူသော ဣသရေလသည်၊ ကိုယ့်ဉာဏ်ကြောင့်အရှက်ကွဲ၍ ကျိုးယုတ်လိမ့်မည်။ ရှမာရိမင်းမျိုးသည်၊ ရေအလျဉ်ရှိသစ်ခွံကဲ့သို့မျောသွားရမည်။ ဣသရေလပြစ်မှားရာပြစ်မှားကြောင်းဖြစ်သော၊ ရုပ်ပွားဆင်းတုရှိမြင့်ရာဌာနများလည်း၊ ပျက်စီးသည့်အလျောက်၊ ယဇ်ပလ္လင်များအပေါ်တွင်၊ ဆူးပင်ရှားစောင်းပင် ပေါက်မည့်ပြင်၊ တောင်များအား ငါတို့ကိုဖုံးအုပ်ကြပါဟူ၍လည်းေကာင်း၊ ကုန်းများအား ငါတို့အပေါ်သို့ပြိုလဲကြပါဟူ၍လည်းေကာင်း၊ ပြည်သူတို့ဆိုရကြလတ္တံ့။ အိုဣသရေလ၊ သင်သည် ဂိဗာမြို့၌ပြစ်မှားခဲ့သည်ကစ၍၊ ဒုစရိုက်သားအဖြစ်၊ ၎င်းမြို့၌ စစ်ရှုံးမခံရဘဲ၊ ပြစ်မှားမြဲပြစ်မှားလျက် နေဝံ့ငြားသော်လည်း၊ 10 သဘောတော်အတိုင်း ငါဆုံးမသော်၊ ဒုစရိုက်နှစ်မျိုးအတွက်၊ လူမျိုးခြားတို့သင်းဖွဲ့လျက်စုရုံးကြလတ္တံ့။ 11 ဧဖရိမ်သည် စပါးနင်းနယ်လိုသည့်တိုင်အောင်၊ သွန်သင်ခံရာနွားမတန်းဖြစ်သော်လည်း၊ လှပသောကုပ်၌ ထမ်းပိုးကိုတင်၍ ငါရုန်းစေမည်။ ယုဒသည် ထယ်ထိုးခြင်း၊ ယာကုပ်လည်း ထွန်ယက်ခြင်းကိုပြုရကြလတ္တံ့။ 12 မြေရိုင်းကိုထွင်၍ ဖြောင့်မတ်ခြင်းကိုကြဲလျက်၊ ကရုဏာတော်အလိုက်ရိတ်သိမ်းကြလော့။ ဖြောင့်မတ်ခြင်း မိုးကို၊ ကြွလာ၍ ရွာစေတော်မမူမချင်း၊ ငါထာဝရဘုရားကို ရှာဖွေရန် အချိန်တန်လှပြီ။ 13 သင်တို့သည် ဆိုးသွမ်းခြင်းကိုထယ်ထိုးသည့်အလျောက်၊ 10.13  ပါဠိ။ - အနှိပ်အစက်။ဒုက္ခကိုရိတ်သိမ်းခဲ့ကြလေစွ။ ကိုယ့်အလေ့အလာ၊ ကိုယ့်သူရဲအလုံးအရင်း၌၊ ကိုးစားပြီးဖြစ်၍၊ စိတ်ပျက်ခြင်း အသီးကို စားခဲ့ရကြသည်တကား။ 14 သင့်အမျိုးအနွယ်များသည်၊ တပ်သံကိုကြားရသည့်အတိုင်း၊ ခပ်သိမ်းသောခံမြို့သည်၊ ရှာလမန်မင်းတိုက်ခိုက်လုယူခဲ့ရာ ဗေသာဗေလမြို့ကဲ့သို့ ပျက်စီးသဖြင့်၊ မြို့တော် နှင့်ဇနပုဒ်များပါ ဆောင့်ဖွပ်ခံရလတ္တံ့။ 15 ထိုနည်းတူ၊ ဗေသလမြို့၌၊ ပြစ်မှားသောဆိုးသွမ်းမှုအတွက်၊ သင်တို့ခံရကြရာတွင်၊ ဣသရေလဘုရင်သည်၊ ရှောင်တခင်သုတ်သင်ပယ်ရှားရာရောက်လတ္တံ့။