ဟောရှေကျမ်း
1
ယုဒဘုရင်ဩဇိမင်း၊ ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်းတို့နှင့်၊ ယောရှမင်းသားတော်၊ ဣသရေလဘုရင်ေယရောဗောင်မင်း လက်ထက်၊ ဗေရိသားဟောရှေသို့ ရောက်လာသော၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ပြန်ကြားပေအံ့။
ဗျာဒိတ်တော်ပေးဦးအခါကာလ၌၊ ထာဝရဘုရားက၊ ပြည်တော်သည်၊ ငါထာဝရဘုရားနှင့်ခွာလျက် မှားယွင်းခဲ့ပြီးဖြစ်သောကြောင့်၊ မှားယွင်းခြင်းဆိုင်ရာ မိန်းမကို သွား၍ အိမ်ထောင်ဘက် ပြုပြီးလျှင်၊ သားသမီးများကိုရလော့ဟု၊ ဟောရှေအားမိန့်တော်မူသည့်အတိုင်း၊ ဟောရှေသွား၍ဒိဗလိမ့်သမီးဂေါမာနှင့်အိမ်ထောင်ဘက်ပြုလေ၏။ ထိုမိန်းမသန္ဓေရ၍၊ သားယောက်ျားကိုဖွားမြင်သော်၊ 4-5 ထာဝရဘုရားက၊ ငါသည် မကြာမမြင့်မီ ယေဇရေလမြို့၌ သွေးသွန်းမှုကို၊ ယေဟုအဆက်အနွယ်အားဒဏ်စီရင်လျက်၊ ဣသရေလနိုင်ငံ ပြတ်စဲအံ့သော နေ့ရက် ကာလ၊ ယေဇရေလချိုင့်တွင် ဣသရေလလေးလက်နက်ချိုးဖြတ်မည်ကိုထောက်၍၊ ယေဇရေလအမည်တွင်လော့ဟု မိန့်တော်မူ၏။ တစ်ဖန်သန္ဓေရ၍ သားမိန်းမကိုဖွားမြင်သော်၊ ထာဝရဘုရားက၊ ငါသည် ဣသရေလအမျိုးသားတို့ကိုဆက်လက်သနားလျက်၊ ချမ်းသာမပေးမည်ကို ထောက်၍၊ 1.6 အဓိပ္ပါယ်ကား။ - သနားမဲ့သူ။လောရု ဟာမာအမည်တွင်လော့။ ယုဒအမျိုးသားတို့ကိုကား၊ ငါသနားလျက်၊ လေး၊ ဓားလက်နက်မှစ၍၊ မြင်းတပ်၊ မြင်းစီးသူရဲစစ်အင်္ဂါများဖြင့်မကယ်ဘဲ၊ ကိုယ့်ဘုရားသခင်ငါထာဝရဘုရားတန်ခိုးဖြင့် ကယ်မည်ဟု မိန့်တော်မူ၏။ လောရုဟာမာနို့ကွာပြီးနောက်၊ ထိုမိန်းမသန္ဓေ ရပြန်၍၊ သားယောက်ျားကိုဖွားမြင်သော်၊ ထာဝရဘုရားက၊ သင်တို့သည် ငါ့လူမျိုး၊ ငါလည်းသင်တို့ဘုရားသခင်မဖြစ်မည်ကိုထောက်၍၊ 1.9 အဓိပ္ပါယ်ကား။ - ငါ့လူမျိုးမဟုတ်။ လောအမ္မိအမည်တွင်လော့ဟု မိန့်တော်မူ၏။
10 ဣသရေလအမျိုးသားတို့သည်၊ ခြင်တွယ်ရေတွက်၍မရနိုင်သော၊ သမုဒ္ဒရာသဲလုံးနှင့် အမျှများပြားမည့်အလျောက်၊ ငါ့လူမျိုးမဟုတ်ဟု အခေါ်ခံရသောနေရာ၌ပင်၊ အသက်ရှင်တော်မူသောဘုရားသခင့်သားများဟူ၍အခေါ်ခံရကြလတ္တံ့။ 11 ယုဒအမျိုးသားနှင့် ဣသရေလအမျိုးသားတို့သည် စုရုံးလျက်မင်းတစ်ပါးတည်းတင်မြှောက်၍၊ နေပြည်မှထွက်ချီကြည့်ကြမည့်အလျောက်၊ ယေဇရေလ၏ စစ်ပွဲနေ့သည်၊ ကြီးလိမ့်တကား။