2
တစ်ဖန် သတ္တမလနှစ်ဆယ့်တစ်ရက်တွင် ပရောဖက်ဟဂ္ဂဲအားဖြင့် ရောက်လာသော ထာဝရဘုရား၏ဗျာဒိတ်တော်ကား၊ ရှာလသေလသား ယုဒဘုရင်ခံမင်းဇေရုဗဗေလ ယောဇဒက်သားပရောဟိတ်မင်းယောရှုတို့နှင့် လူမျိုးတော်အကြွင်းအကျန်တို့အား သင်ကအသရေဆောင်သောဗိမာန်တော်ဟောင်းကိုမြင်ဖူးသူကား သင်တို့တွင်မည်သူရှိသေးသနည်း။ ယခုမြင်ရသည်မှာ အသို့နည်း။ အလဟဿထင်မှတ်ဖွယ်ဖြစ်သည် မဟုတ်လော။ 4-5 သို့ရာတွင် အိုဇေရုဗဗေလ၊ အားယူလော့။ ယောဇဒက်သားအိုပရောဟိတ်မင်းယောရှုအားယူလော့။ အိုပြည်သူပြည်သားအပေါင်းတို့ အားယူလျက်လုပ်ဆောင် ကြလော့ဟူ၍လည်းေကာင်း၊ အိဂျစ်ပြည်မှ သင်တို့ထွက်လာကြသည့်ကာလ ငါဖွဲ့ခဲ့သောပဋိညာဉ်ချက်အရငါသည် သင်တို့နှင့်အတူစံလျက် ဝိညာဉ်တော်လည်း တည်လျက်ရှိသောကြောင့် မကြောက်ကြလင့်ဟူ၍လည်းေကာင်း ဗိုလ်ခြေတို့အရှင် ထာဝရဘုရားမိန့်တော်မူကြောင်းမကြာမမြင့်မီ၊ ငါသည် မိုးကောင်းကင်နှင့် မြေပထဝီကိုလည်းေကာင်း၊ သမုဒ္ဒရာနှင့် ကုန်းကိုလည်းေကာင်း၊ တစ်ကြိမ်တည်းလှုပ်ရှားမည်။ လူအမျိုးမျိုးတို့ ရတနာမြတ်များသည် ရောက်လာသည့်အတိုင်း ဤဗိမာန်တော်ကို အသရေနှင့် ပြည့်စေသည့်တိုင်အောင် ခပ်သိမ်းသောလူမျိုးတို့ကိုလည်းလှုပ်ရှား မည်ဟု ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း ငွေသည် ငါပိုင်၊ ရွှေလည်းငါပိုင်ဖြစ်သည်ဟူ၍လည်းေကာင်း၊ ဤဗိမာန်တော့်ဆိုင်ရာ နောက်အသရေသည် အထက်အသရေထက်ကြီးမြတ်လိမ့်မည်ဟူ၍လည်းေကာင်း၊ ဤဌာန၌ ချမ်းသာေစမည်ဟူ၍လည်းေကာင်း၊ ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူကြောင်းများကိုဆင့်ဆိုလော့ ဟူ၍တည်း။
10 ဒါရိမင်းနန်းစံနှစ်နှစ်၊ နဝမလ၊ နှစ်ဆယ့်လေးရက်တွင် ရောက်လာသော၊ ထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်းပရောဖက်ဟဂ္ဂဲက 11-12 သီးသန့်ရာအသားကို ခါးပိုက်၌ဆောင်သွားသူသည် ထမင်း၊ ဟင်း၊ စပျစ်ရည်၊ ဆီမှစသောအစာတစ်မျိုးမျိုးကို ခါးပိုက်နှင့်ထိမိလျှင်သန့်ရာရောက်မရောက်၊ ပရောဟိတ် တို့ထံဆုံးဖြတ်နည်းကို မေးမြန်းလော့ဟု ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုမေးမြန်းလျှင် မရောက်ပါဟု ပရောဟိတ်တို့ပြန်ဖြေကြ၏။ 13 တစ်ဖန်ဟဂ္ဂဲက သူသေအလောင်းကြောင့်မသန့်ရာရောက်သူသည် ဆိုခဲ့သည့်တစ်စုံတစ်ရာကိုထိမိလျှင် မသန့်ရာရောက်မည်လောဟု မေးသော်၊ 14 ရောက်ပါမည်ဟု ပရောဟိတ်တို့ပြန်ဖြေကြရာ၊ ဟဂ္ဂဲက ထာဝရဘုရားမိန့်တော်မူသည်မှာ ဤလူမျိုး၊ ဤပရိသတ်သည် လုပ်ဆောင်သမျှပါ မျက်မှောက်တော်တွင်ထိုသို့ ဖြစ်၏။ ဤဌာန၌တင်သွင်းသမျှလည်း မသန့်ရာရောက်လေပြီ။ 15 ယနေ့မှစ၍ ငါထာဝရဘုရား၏ဗိမာန်၌ ကျောက်တစ်ချပ်ပေါ်တွင်တစ်ချပ်ကို မတင်မီကာလတစ်ေလျှာက် အဖြစ်အပျက်များကိုေမျှာ်ကြည့်ကြလော့။ 16 တင်းနှစ်ဆယ်ခန့်မှန်းသောကောက်လှိုင်းပုံသို့ရောက်သော် တစ်ဆယ်သာရ၏။ ခွက်ငါးဆယ်ခန့်မှန်းသောစပျစ်ကျင်းသို့ခပ်ယူရန်ရောက်သော်နှစ်ဆယ်သာရကြသည် တကား။ 17 လယ်လုပ်လေရာရာ၌ ဒဟဝါရောကပ်၊ ပုလုဝကကပ်၊ ပဇ္ဇုန္နဖလကပ်များကို ငါသင့်စေသော်လည်း 18 အထံတော်သို့သင်တို့မပြန်ကြချေ။ တစ်ဖန် နဝမလနှစ်ဆယ့်လေးရက်ဖြစ်သောယနေ့မှစ၍ ငါထာဝရဘုရား၏ဗိမာန်တော်ကျာက်မြစ်ချသည့်ကာလတစ်လျှောက် မျှော်ကြည့် ကြဦး။ 19 ကျီ၌မျိုးရှိသလော။ စပျစ်၊ သဖန်း၊ သလဲ၊ သံလွင်ပင်များသည် အသီးမသီးသလော။ ယနေ့ကစ၍ငါသည် ကောင်းကြီးမင်္ဂလာပေးမည်ဟု မိန့်တော်မူကြောင်းကို ပြန်ဆို လေ၏။
20 ထိုနှစ်ဆယ့်လေးရက်တွင် ဟဂ္ဂဲသို့ရောက်ပြန်သောထာဝရဘုရား၏ဗျာဒိတ်တော်ကား၊ 21 ယုဒဘုရင်ခံဇေရုဗဗေလအား သင်က ငါသည် မိုးကောင်းကင်နှင့် မြေပထဝီကိုလှုပ်ရှားခြင်း၊ 22 တိုင်းနိုင်ငံများ၌နန်းချခြင်း၊ လူမျိုးခြားတို့နိုင်ငံများ၌ အခိုင်အလုံကိုဖျက်ဆီးခြင်း၊ ရထားတပ်နှင့် ရထားစီးသူရဲတို့ကို ဖြိုလှဲခြင်း၊ အချင်းချင်းဓားခုတ်သဖြင့် မြင်းတပ်နှင့် မြင်းစီးသူရဲတို့ ကျစေခြင်းများကိုပြုလိမ့်မည်။ 23 ရှာလသေလသား ငါ့ကျွန်ရင်းဖြစ်သော အိုဇေရုဗဗေလ၊ ငါသည် သင့်ကိုရွေးချယ်ခဲ့သည့်အတိုင်း ထိုနေ့ရက်၌ခေါ်ယူ၍ လက်ဝတ်တံဆိပ်သဖွယ်ထားမည်ဟု ဗိုလ်ခြေ တို့အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း၊ ဆင့်ဆိုလော့ဟူ၍တည်း။