8
ငါတို့ပြောဆိုသည့်အချက်ကြီးမှာ ကောင်းကင်ဘုံရှိဘုန်းတန်ခိုးရှင်၏ ရာဇပလ္လင်ယာဘက်တော်တွင်စံတော်မူသောအရှင်၊ လူမဟုတ် ထာဝရဘုရားစိုက်တော်မူသောတဲတော်စစ်နှင့် သန့်ရှင်းရာဌာနတော်၏အမှုတော်ဆောင်အရှင်၊ ထိုသို့သောပရောဟိတ်မင်းကို ငါတို့ရရှိကြ၏။ အလှူဝတ္တုနှင့် ပူဇော်သက္ကာများပါဆက်ကပ်ရန် 8.3 တစ်နည်း။ အမှုတော်ဆောင်။ ပရောဟိတ်မင်းရှိသမျှကို ခန့်ထားသည့်အလိုက် ဆိုခဲ့သောအရှင်လည်း ဆက်ကပ်ရန်ရှိရ၏။ 4-5 တောင်ပေါ်မှာသင့်အားပြသောပုံစံနှင့်အညီ အရာရာကိုလုပ်ရန်သတိပြုလော့ဟု တဲတော်လုပ်အံ့ဆဲဆဲတွင် ဗျာဒိတ်တော်ကိုမောရှေခံရသကဲ့သို့ ကောင်းကင်အရာများ၏အတုအရိပ်ကို​ေဆာင်၍ ပညတ်တရားအတိုင်း အလှူဝတ္ထုဆက်ကပ်သူများရှိသောကြောင့် ကိုယ်တော်သည်မြေပေါ်၌စံတော်မူလျှင် ပရောဟိတ်ဖြစ်တော့သည်မဟုတ်။ မုချဆိုသော် သာ၍မြတ်သောကတိတော်များနှင့်ဖွဲ့တော်မူသည့်၊ သာ၍မြတ်သောပဋိညာဉ့်ဆိုင်ရာ စေ့စပ်သောအရှင်ဖြစ်တော်မူသည့်အလျောက် လွန်ကဲသောပရောဟိတ်ရာထူးကို ရရှိတော်မူ၏။ ပထမပဋိညာဉ်မမှားယွင်းလျှင် ဒုတိယပဋိညာဉ်ဖွဲ့ရန်အကြောင်းမရှိ။ ထိုသူတို့ကိုအပြစ်တင်လျက် ထာဝရဘုရားကဣသရေလ၊ ယုဒအမျိုးသားတို့နှင့် ပဋိညာဉ်သစ်ကိုငါဖွဲ့မည့်နေ့ရက်ကာလ ရောက်တော့မည်။ ဘိုးဘေးများကို အိဂျစ်ပြည်မှလက်ဆွဲထုတ်ဆောင်စဉ်ကာလငါဖွဲ့ရာ မတည်နေကြသဖြင့် သူတို့ကိုငါအရေးမယူသည့် ထိုပဋိညာဉ်အတိုင်းမဟုတ်ဘဲ၊ 10 ထိုကာလနောက် ဣသရေလအမျိုးသားတို့နှင့်ငါဖွဲ့မည့်ပဋိညာဉ်မှာ သဘောထဲသို့ပညတ်တရားတော်များကိုထည့်သွင်း၍ နှလုံးပေါ်တွင်အက္ခရာတင်လျက် ငါသည်သူတို့ဘုရားသခင် သူတို့လည်းငါ့လူမျိုးဖြစ်သည့်အလျောက်၊ 11 အပေါင်းအဖော်ချင်း၊ ဆွေမျိုးသားချင်းတို့အား ထာဝရဘုရားကိုသိကျွမ်းလော့ဟူ၍ သွန်သင်ကြရမည်မဟုတ်။ လူကြီးလူငယ်အပေါင်းတို့သည် ငါ့ကိုသိကျွမ်းကြလတ္တံ့။ 12 သူတို့၏ဒုစရိုက်ကိုငါသနား၍ အပြစ်ကိုလည်းမှတ်ထားတော့မည်မဟုတ်ဟု မိန့်တော်မူ၏။ 13 အသစ်ဟူ၍မိန့်တော်မူသဖြင့် ပထမပဋိညာဉ်ကိုဟောင်းစေတော်မူပြီ ဟောင်းနွမ်းသောအရာမှာ ပပျောက်လုပြီဖြစ်၏။