5
ပရောဟိတ်မင်းဆိုသည်မှာ အလှူဝတ္ထုနှင့် အပြစ်ဖြေရာသက္ကာများကိုဆက်ကပ်ရန် ဘုရားသခင့်ဝေယျောဝစ္စများနှင့်စပ်၍ လူတို့အဖို့ခန့်ထားသူ၊ လူတို့အနက်ရွေးယူသူဖြစ်သဖြင့် အားနည်းခြင်းနှင့်ပြည့်သည့်အလျောက် မသိဘဲမှားယွင်းသူတို့ကို သည်းခံသည့်ပြင်၊ လူပရိသတ်အပြစ်အတွက် ဆက်ကပ်သည့်နည်းတူ ကိုယ့်အတွက်လည်းဆက်ကပ်ရန်တာဝန်ရှိသူဖြစ်၏။ ထိုရာထူးကိုမည်သူမျှကိုယ်တိုင်ယူ၍မရ။ အာရုန်ကဲ့သို့ ဘုရားသခင်ခေါ်ထားတော်မူမှရ၏။ 5-6 ထိုနည်းတူခရစ်တော်လည်း ပရောဟိတ်မင်းဖြစ်ရန် ကိုယ်ကိုချီးမြှောက်တော်မူသည်မဟုတ်။ သင်သည်ငါ့သားဖြစ်၏၊ ယနေ့ သင့်ကိုငါဖြစ်ပွားစေပြီဟူ၍လည်းေကာင်း၊ အခြားသောကျမ်းတစ်ချက်၌ သင်သည်မေလခိဇေဒက်နည်းတူ ထာဝရပရောဟိတ်ဖြစ်သည်ဟူ၍လည်းေကာင်း၊ ဗျာဒိတ်တော်ရှိသောအရှင် ချီးမြှောက်တော်မူ၏။ ခရစ်တော်သည် လူ့ခန္ဓာ၌ရှိနေစဉ် သေခြင်းမှကယ်တင်နိုင်သောအရှင့်ထံ ပြင်းစွာငိုကြွေးဟစ်ခေါ်လျက် တောင်းလျှောက်ခြင်း၊ အသနားတော်ခံခြင်းများကိုပြုပြီးနောက် ဘုရားတရားကြည်ညိုသည့်အတွက် မျက်နှာသာရတော်မူ၏။ သားဖြစ်သော်လည်း ခံတော်မူသောဒုက္ခများဖြင့်လိုက်နာနည်းကိုသင်၍၊ စုံလင်ခြင်းသို့ရောက်ပြီးလျှင် လိုက်နာသူခပ်သိမ်းတို့အဖို့ ထာဝရကယ်တင်ရာ အကြောင်းရင်းဖြစ်သည့်အလျောက်၊ 10 မေလခိဇေဒက်နည်းတူ ပရောဟိတ်မင်းဟူ၍ ဘုရားသခင်သမုတ်တော်မူ၏။
11 ထိုပရောဟိတ်မင်းနှင့်စပ်၍ ပြောဆိုရန်အများရှိသော်လည်း သင်တို့နားထိုင်းသောကြောင့် ဖော်ပြရန်ခဲယဉ်း၏။ 12 သင်တို့သည် ဆရာဖြစ်ချိန်တန်သော်လည်း ဘုရားသခင့်ဗျာဒိတ်တော်ဆိုင်ရာ မူလစာဝါငယ်ကို တစ်​ေယာက်ယောက်ထံပြန်၍သင်ထိုက်သည့်ပြင် ခဲဖွယ်မစားဘဲနို့ရည်ကိုသောက်ရသောသူများကဲ့သို့ ဖြစ်ကြလေစွတကား။ 13 နို့ရည်ကိုသောက်ရသူသည် နို့စို့သူငယ်သဖွယ်ဖြစ်၍ ဖြောင့်မတ်ရာတရားတော်ကို ကျွမ်းကျင်ခြင်းမရှိ။ 14 ခဲဖွယ်မူကား ကိုယ့်အာရုံများကိုအသုံးပြုသဖြင့် ကောင်းမကောင်းကို ပိုင်းခြားသိမြင်တတ်သော အရွယ်ရောက်သူတို့အဖို့ဖြစ်၏။