2
ထိုကြောင့် ငါတို့မျောပါမည်စိုး၍ ကြားနာခဲ့သောအရာများကို အထူးဂရုပြုသင့်ကြ၏။ စေတမန်တော်များဖြင့် ပေးတော်မူသောဗျာဒိတ်တော်တည်မြဲလျက် လွန်ကျူးမှုနှင့်မလိုက်နာမှု ရှိသမျှသည် ထိုက်သင့်ရာပြစ်ဒဏ်ခံရသည်မှန်က၊ ဤမျှလောက်ကြီးမြတ်သော ကယ်တင်ခြင်းသတင်းတော်ကိုဂရုမပြုလျှင် ငါတို့သည်မည်သို့ဘေးလွတ်ကြအံ့နည်း။ ထိုသတင်းတော်ကို အစကအရှင်ဘုရားကြားပြောတော်မူပြီးနောက် ငါတို့၌ကြားနာသူတို့ တည်မြဲစေကြသည့်ပြင်၊ နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ရာများ၊ အမျိုးမျိုးသောအမှုကြီးများနှင့်လည်းေကာင်း၊ အလိုတော်အလျောက် ဝေမျှတော်မူသည့်သန့်ရှင်းသော်ဝိညာဉ်တော်ဆုများနှင့်လည်းေကာင်း ဘုရားသခင်သက်သေခံတော်မူ၏။
ကိုယ်တော်သည် ငါတို့ယခုမြွက်ဆိုကြသည့်နောင်လောကကို စေတမန်တော်များအောက် ချထားတော်မူသည်မဟုတ်။ ကျမ်းတစ်ချက်တွင်တစ်ဦးက လူသည်မည်သို့သောသူဖြစ်၍ ကိုယ်တော်အရေးယူတော်မူရပါသနည်း။ လူ့သားသည်မည်သို့သောသူဖြစ်၍ ကြည့်ရှုတော်မူရပါသနည်း။ လူကိုစေတမန်တော်တို့အောက် အနည်းငယ်သာနိမ့်စေတော်မူပြီးလျှင် ဘုန်းအသရေမကိုဋ်နှင့်ဆင်ယင်လျက်၊ အရာခပ်သိမ်းကို သူ့ခြေအောက်ချထားတော်မူပါပြီဟု ဆင့်ဆိုလေ၏။ အရာခပ်သိမ်းကို သူ့အောက်ချထားတော်မူသည်ဟုဆိုသော် မချမထားသောအရာမည်သည်မျှမရှိ။ သို့ရာတွင် အရာခပ်သိမ်းကို သူ့အောက်ချထားတော်မူသည်ကို ယခုငါတို့မမြင်ရသေး။ ငါတို့မြင်ရသည်မှာ ဘုရားသခင့်ကျေးဇူးတော်ကြောင့် လူတိုင်းအဖို့ သေဘေးကြုံကြိုက်ရအံ့သောငှာ စေတမန်တော်တို့အောက်အနည်းငယ်အနိမ့်ခံရပြီးလျှင် အသေခံခြင်းဒုက္ခအတွက် ဘုန်းသရေမကိုဋ်နှင့် ဆင်ယင်ခံတော်မူသောယေရှုကို မြင်ရကြသတည်း။ 10 အရာခပ်သိမ်း၏အကြောင်းရင်းနှင့် ပန်းတုံးတိုင်ဖြစ်သောဘုရားသခင်သည် အများသောသားတို့ကို ဘုန်းဝင်စားစေတော်မူသည်တွင် သူတို့ကယ်တင်ပိုင်ရှင်ကို ဒုက္ခများဖြင့်စုံလင်စေတော်မူသည်မှာ သင့်လျော်ပေ၏။ 11 သီးသန့်ထားတော်မူသောအရှင်နှင့် ထားသူတို့ပါ တစ်မျိုးတည်းဖြစ်သည့်အကြောင်းကြောင့် ထိုအရှင်သည် ထိုသူတို့ကိုညီဟူ၍ခေါ်ခြင်းငှာ ရှက်တော်မမူဘဲ၊ 12 နာမတော်ကို အကျွန်ုပ်ညီတို့အားဖော်ပြပါမည်။ ပရိသတ်တော့်အလယ်တွင် ကိုယ်တော်ကိုချီးမွမ်းပါမည်ဟူ၍လည်းေကာင်း၊ 13 ကိုယ်တော်ကိုငါအားကိုးပါမည်ဟူ၍လည်းေကာင်း၊ ငါမှစ၍ဘုရားသခင်ပေးသနားတော်မူသော သားသမီးတို့ရှိကြသည်ဟူ၍လည်းေကာင်း မြွက်ဆိုတော်မူ၏။ 14 သို့ဖြစ်၍ ထိုသားသမီးတို့သည် အသွေးအသားရှိသူများဖြစ်ကြသည်နှင့်အညီ ကိုယ်တော်လည်း သေခြင်းတန်ခိုးရှင်တည်းဟူသော မာရ်နတ်ကို အသေခံတော်မူခြင်းဖြင့်ကန့်ကွက်တော်မူ၍၊ 15 သေခြင်းကိုကြောက်ရွံ့လျက် တစ်သက်လုံးကျွန်ခံသူတို့ကိုလွတ်မြောက်စေရန် အသွေးအသားဖြင့် ခံယူတော်မူ၏။ 16 မုချအားဖြင့်ကိုယ်တော်သည် စေတမန်တော်များကို ကယ်မတော်မူသည်မဟုတ်။ အာဗြဟံ့အမျိုးအနွယ်ဖြစ်သူတို့ကို ကယ်မတော်မူ၏။ 17 ထိုကြောင့်ကိုယ်တော်သည် ဘုရားသခင့်ဝေယျာဝစ္စများတွင် ကရုဏာသစ္စာနှင့် ပြည်စုံသောပရောဟိတ်မင်းဖြစ်လျက် လူမျိုးတော်၏အပြစ်အဖို့ ဖြေခြင်းကိုပြုရအံ့သောငှာ၊ 18 ညီတော်တို့နှင့်လုံးလုံးတူညီရန် တာဝန်ရှိ၏။ ကိုယ်တော်တိုင်စုံစမ်းရာရောက်၍ ဒုက္ခခံတော်မူသဖြင့် စုံစမ်းခံရသူတို့ကို ကယ်မတော်မူနိုင်၏။