3
သို့ဖြစ်၍ ငါတို့သည် ဆက်လက်အောင့်အည်းလျက်မနေနိုင်သဖြင့်၊ အာသင်မြို့တွင်အဖော်မဲ့နေရစ်ရန် သင့်လျော်မည်ထင်မြင်သည့်အတိုင်း။ 2-4 ဤသို့ညှဉ်းပန်းခံရသည့်အတွက် မည်သူမျှစိတ်လှုပ်ရှားခြင်းမရှိစေရန် သင်တို့ကိုယုံကြည်ခြင်းတရား၌ အားပေး၍တည်ကြည်စေမည့်သူ၊ ခရစ်တော်၏သတင်းတော်‌မြတ်ဆိုင်ရာ ဘုရားသခင့်အမှုတော်ဆောင်ဖြစ်သောတိမောသေကို စေလွှတ်လိုက်၏။ သင်တို့နှင့်အတူရှိစဉ် ငါတို့ တင်ရင်ပြောဆိုသည့်ပြင် အဖြစ်အပျက်များကို ကိုယ်တိုင်သိကြသည့်အတိုင်း ငါတို့သည် ညှဉ်းပန်းခံရန်ထားသူများဖြစ်ကြောင်း သင်တို့သိကြ၏။ ထို့ကြောင့် ငါလည်းဆက်လက်အောင့်အည်းလျက်မနေနိုင်သဖြင့် နတ်ဆိုးသည်သင်တို့ကိုစုံစမ်း၍ ငါတို့ဆောင်ရွက်မှုအကျိုးမဲ့ဖြစ်မည်စိုးသောကြောင့် သင်တို့ယုံကြည်ခြင်းကို သိသာရန်စေလွှတ်လိုက်၏။ ညီအစ်ကိုတို့၊ တိမောသေသည် သင်တို့ထံမှယခုပင်ရောက်လာလျက် သင်တို့ယုံကြည်ခြင်း၊ ချစ်ခြင်းများအကြောင်းနှင့် သင်တို့ကိုငါတို့တွေ့မြင်လိုသကဲ့သို့ သင်တို့လည်းငါတို့ကိုတွေ့မြင်လိုလျက် ကောင်းသောသတိထားခြင်းအကြောင်းများကို ပြန်ကြားသဖြင့်၊ ညှဉ်းပန်းခြင်း၊ ကျဉ်းကျပ်ခြင်းအမျိုးမျိုးရှိလျက်ပင် သင်တို့ယုံကြည်ခြင်းကြောင့် နှစ်သိမ့်ရကြ၏။ အရှင်ဘုရား၌ သင်တို့တည်မြဲလျက်နေကြလျှင် ငါတို့သည် ယခုအသက်ရှင်လျက်နေကြ၏။ ငါတို့ဘုရားသခင့်ရှေ့တော်တွင် သင်တို့အတွက်ရွှင်လန်းရသမျှနှင့်စပ်၍ ဘုရားသခင်အားကျေးဇူးတော်ချီးမွမ်းရာကို မည်သို့ပြန်ဆပ်နိုင်အံ့နည်း။ 10 သင်တို့မျက်နှာကိုမြင်၍ သင်တို့ယုံကြည်ခြင်း၌ လိုသမျှကိုဖြည့်စွက်ရန် ငါတို့သည်နေ့ညဉ်မပြတ် အထူးတောင်းလျှောက်လျက်ရှိနေကြ၏။ 11 ငါတို့အဘဘုရားသခင်ကိုယ်တော်တိုင်နှင့် ငါတို့အရှင်ယေရှုသည် ငါတို့ကိုသင်တို့ထံပို့တော်မူပါစေသော။ 12 ငါတို့သည်သင်တို့အား မေတ္တာပွားများကြွယ်ဝသည့်နည်းတူ သင်တို့လည်းအချင်းချင်းတို့အားလည်းေကာင်း၊ လူခပ်သိမ်းတို့အားလည်းေကာင်း၊ ပွားများကြွယ်ဝကြစေခြင်းငှာ အရှင်ဘုရားပြုပြင်တော်မူပါစေသော။ 13 သို့မှအရှင်ယေရှုသည် သီးသန့်ထားတော်မူသူရှိသမျှနှင့်တကွ ကြွလာတော်မူသည့်ကာလ ငါတို့အဘ ဘုရားသခင့်ရှေ့တော်တွင် သင်တို့စိတ်နှလုံးများကိုအပြစ်မဲ့လျက် သန့်ရှင်းစွာတည်ကြည်စေတော်မူလိမ့်မည်။