သက်သာလောနိတ်ဩဝါဒကျမ်း
ပဌမစောင်
1
ပေါလု၊ သိလွာနု၊ တိမောသေတို့က ခမည်းတော်ဘုရားနှင့် အရှင်ယေရှုခရစ်တော်၌တည်နေသော၊ သက်သာလောနိတ်အသင်းတော်ထံရေးလိုက်သည်မှာ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တည်ရှိပါစေသော။ 2-6 ဘုရားသခင်ချစ်တော်မူသောညီအစ်ကိုတို့၊ ငါတို့သည်ပဌနာပြုရာတွင် သင်တို့ရှိသမျှကိုအောက်မေ့ကြလျက် ငါတို့အဘဘုရားသခင့်မျက်မှောက်၌ သင်တို့ယုံကြည်၍ အမှုဆောင်ရွက်ခြင်း၊ မေတ္တာရှိ၍ကြိုးစားအားထုတ်ခြင်း၊ အရှင်ယေရှုခရစ်အားေမျှာ်လင့်၍ တည်ကြည်ခြင်းများကို မပြတ်သတိရကြသည့်ပြင် သင်တို့ဘောင်တွင်သင်တို့အကျိုးငှါ ငါတို့သည် မည်သို့သောသူဖြစ်ကြောင်း သင်တို့သိကြသည်နှင့်အညီ သင်တို့ထံစကားမျှသာမဟုတ်။ တန်ခိုးနှင့်လည်းေကာင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းေကာင်း၊ များစွာစိတ်ချခြင်းနှင့်လည်းေကာင်း၊ ငါတို့ကြားပြောချက်​ေရာက်ကြောင်း၊ သင်တို့သည်နှိပ်စက်ခြင်းများစွာခံရသော်လည်း သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ရွှင်လန်းလျက် တရားတော်ကိုခံယူ၍ ငါတို့ပုံစံသာမက၊ အရှင်ဘုရား၏ပုံစံတော်အတိုင်း လိုက်ကြကြောင်းများကိုထောက်သဖြင့် သင်တို့ကိုရွေးကောက်တော်မူပြီဟု သိရသည့်အတွက် ဘုရားသခင့်ကျေးဇူးတော်ကို အစဉ်ချီးမွမ်းကြ၏။ သို့ဖြစ်၍သင်တို့သည် မာကေဒေါနိပြည်၊ အခါယပြည်များတွင် ယုံကြည်သူရှိသမျှတို့ရှေ့ ပုံသက်သေဖြစ်ကြ၏။ အရှင်ဘုရား၏တရားတော်သည် သင်တို့ထံမှပဲ့တင်ခတ်သည့်အလျောက် မာကေဒေါနိပြည်၊ အခါယပြည်များသို့သာမက အရပ်ရပ်သို့ဘုရားသခင်အား သင်တို့ယုံကြည်ခြင်းသတင်းရောက်ရှိသဖြင့် ငါတို့ပြောဆိုရန်မလိုတော့ချေ။ 9-10 ထိုအရပ်ရပ်ကပင် သင်တို့အတွင်းငါတို့မည်သို့ဝင်ရောက်ကြကြောင်းကိုလည်းေကာင်း၊ သင်တို့သည် အသက်ရှင်သောဘုရားမှန်ထံကျွန်ခံလျက် သင့်ရောက်မည့်အမျက်တော်မှ ငါတို့ကိုကယ်နုတ်တော်မူသည့် ယေရှုတည်းဟူသော သူသေတို့အထဲမှရှင်ပြန်ထမြောက်ခွင့်ရ၍ ကောင်းကင်ဘုံမှကြွလာတော်မူအံ့သော သားတော်ကိုစောင့်ေမျှာ်ခြင်းငှါ ရုပ်ပွားများမှဘုရားသခင့်ထံ မည်သို့လှည့်ဝင်ကြကြောင်းကိုလည်းေကာင်း ကြားပြောကြ၏။