9
ဘုရားသခင်သည် နောဧနှင့်သားတို့အားကောင်းကြီးပေးတော်မူ၍ များပြားစွာမွေးဖွားလျက် မြေကြီးကိုပြည့်စေကြလော့။ သားယဉ်သားရဲ၊ လေသတ္တဝါအစရှိသော မြေပေါ်မှာတွားတတ်သမျှနှင့် ရေသတ္တဝါအပေါင်းတို့သည်၊ သင်တို့ကို ကြောက်ရွံ့တုန်လှုပ်ခြင်းသဘောရှိကြရလိမ့်မည်။ ၎င်းတို့ကို သင်တို့လက်သို့ငါအပ်ပေး၏။ လှုပ်ရှားသွားလာသော သက်ရှိတိရစ္ဆာန်ဟူသမျှကို သင်တို့စားသုံးရန်ဖြစ်စေ၍ ဟင်းသီးဟင်းရွက်ငါပေးခဲ့သည့်နည်းတူပင် ရှိသမျှကိုလည်းငါပေး၏။ သို့ရာတွင် အသွေးတည်းဟူသော အသက်ပါရှိသည့်အသားကို မစားကြရ။ ၎င်းပြင် သင်တို့၏ကိုယ်စီကိုယ်စီအသွေးကို တိရစ္ဆာန်မှသော်လည်းေကာင်း၊ လူမှသော်လည်းေကာင်း၊ ငါတောင်းယူမည်။ လူဖော်ချင်းမှလည်း၊ လူ၏အသက်ကိုငါတောင်းယူမည်။ ငါဘုရားသခင်သည် ပုံသဏ္ဌာန်ေတာ်နှင့်အညီလူကိုဖန်ဆင်းသောကြောင့် အကြင်သူသည် လူ၏အသွေးကိုသွန်းအံ့။ ထိုသူ၏အသွေးကို လူ့လက်ဖြင့်သွန်းရလတ္တံ့။ များပြားစွာမွေးဖွားကြလော့။ မြေပေါ်မှာအမျိုးအနွယ်များပြားစွာပေါက်ဖွားကြလော့ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် နောဧနှင့်သားတို့အားမိန့်တော်မူပြန်သည်မှာ သင်တို့နှင့်လည်းေကာင်း၊ သင်တို့မှဆင်းသက်သော အမျိုးအနွယ်နှင့်လည်းေကာင်း၊ 10 သင်တို့ပါသည့်သက်ရှိသတ္တဝါတည်းဟူသော လေသတ္တဝါ၊ သားယဉ်သားရဲမှစ၍ သင်္ဘောတွင်းမှထွက်ဆင်းသော မြေတိရစ္ဆာန်အပေါင်းတို့နှင့်လည်းေကာင်း၊ ငါပဋိညာဉ်မုချဖွဲ့ထား၏။ 11 သင်တို့နှင့် ငါဖွဲ့ထားသောပဋိညာဉ်ချက်မှာ ရေလွှမ်းမိုးခြင်းဘေးဖြင့် ခပ်သိမ်းသောသတ္တဝါတို့ တစ်ဖန်မဆုံးပါးစေရ။ မြေကြီးကိုလည်း တစ်ဖန်ဖျက်ဆီးရန် ေရလွှမ်းမိုးခြင်းမရှိစေရဟု မိန့်တော်မူ၏။ 12 ဘုရားသခင်ကလည်း ငါတစ်ဘက်၊ သင်တို့မှစ၍ ပါရှိသောသက်ရှိသတ္တဝါအေပါင်းတို့ကတစ်ဘက် ကာလအစဥ်အဆက် ငါပြုသောပဋိညာဉ့်အမှတ်သညာမှာ၊ 13 ငါ့သက်တံ့ကို မိုးတိမ်၌ငါထား၍ မြေကြီးနှင့်ငါပြုသောပဋိညာဉ်၏ အမှတ်သညာဖြစ်စေမည်။ 14 ငါသည် မိုးကိုအုံ့စေသောအခါ မိုးတိမ်၌သက်တံ့ထင်ရှားရာ ငါတစ်ဘက်၊ 15 သင်တို့မှစ၍ သက်ရှိသတ္တဝါအမျိုးမျိုးတို့ကတစ်ဘက်၊ ငါပြုသောပဋိညာဥ်ကိုငါအောက်မေ့သဖြင့် ခပ်သိမ်းသောသတ္တဝါတို့ကို ဖျက်ဆီးရန် တစ်ဖန်ရေသည် လွှမ်းမိုးသောဘေးမဖြစ်စေရ။ 16 မိုးတိမ်၌ရှိသောသက်တံ့ကို ငါရှုမြင်သဖြင့် ငါဘုရားနှင့်မြေကြီးပေါ်၌ သက်ရှိသတ္တဝါအပေါင်းတို့စပ်ကြားမှာ ပြုခဲ့သောထာဝရပဋိညာဥ်ကို ငါအောက်မေ့မည်ဟုမိန့်တော်မူၑ၏။ 17 ဘုရားသခင်ကလည်း ထိုအရာကား၊ ငါနှင့်မြေကြီးပေါ်ရှိ သတ္တဝါအပေါင်းတို့စပ်ကြားမှာ ငါဖွဲ့ခဲ့သော ပဋိညာဥ်၏အမှတ်သညာဖြစ်သတည်းဟု နောဧအားမိန့်တော်မူ၏။
18 သင်္ဘောတွင်းမှထွက်ဆင်းသော နောဧသားတို့ကား ရှေမ၊ ဟာမ၊ ယာဖက်တို့တည်း။ ဟာမသည် ခါနာန်၏ အဘဖြစ်၏။ 19 နောဧသားဖြစ်သောထိုသူသုံးယောက်တို့ဖြင့် မြေကြီးတစ်ပြင်လုံး နှံ့ပြားကုန်၏။
20 နောဧသည် မြေကိုလုပ်ကိုင်သဖြင့် စပျစ်ခြံကိုရှေးဦးအစပြု၍ စိုက်ပျိုးသည့်အတိုင်း၊ 21 စပျစ်ရည်ကိုသောက်၍ယစ်မူးသဖြင့် မိမိတဲတွင်းမှာ ကိုယ်၀တ်လစ်လပ်ရှိနေစဥ်၊ 22 ခါနာန်၏အဘဟာမသည် အဝတ်အချည်းစည်းရှိသော ဖခင့်ကိုယ်ကိုမြင်လျှင် ပြင်မှာရှိသောအစ်ကိုနှစ်ယောက်တို့အား ကြားပြောလေ၏။ 23 ရှေမနှင့်ယာဖက်တို့သည် အဝတ်ကိုယူလျက်ပခုံးထက်တင်ပြီးလျှင် ကျောခိုင်း၀င်၍ အ၀တ်အချည်းစည်းရှိသောဖခင့်ကိုယ်ကို ဖုံးလွှမ်းကြ၏။ မျက်နှာလွှဲလျက်၀င်သောကြောင့် အ၀တ်အချည်းစည်းရှိသောဖခင့်ကိုယ်ကို မမြင်ရကြ။ 24 နောဧသည် ယစ်မူးခြင်းပြေ၍နိုးသောအခါ ကိုယ်၌သားငယ်ပြုသည်ကိုသိလျှင်၊ 25 ခါနာန်သည် အမင်္ဂလာခံရပါစေ။ အစ်ကိုတို့ ကျွန့်အောက် ကျွန်ဖြစ်ပါစေဟုဆို၏။ 26 တစ်ဖန်နောဧက ရှေမ၏ဘုရားသခင်ထာ၀ရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ခါနာန်သည် အစ်ကို့ကျွန်ဖြစ်ပါစေ။ 27 ဘုရားသခင်သည် ယာဖက်ကိုကြီးပွားစေတော်မူသဖြင့် ရှေမ၏တဲများတွင်နေရပါစေ။ ခါနာန်မူမှာ အစ်ကို့ကျွန်ဖြစ်ပါစေဟု ဆိုလေ၏။
28 နောဧသည် ရေလွှမ်းမိုးပြီးနောက် အနှစ်သုံးရာ့ငါးဆယ်နေလျက် အသက်နှစ်ပေါင်းကိုးရာ့ငါးဆယ်စေ့သော် သေလေ၏။