6
မြေမျက်နှာပေါ်မှာ လူဦးရေတိုးပွားစရှိ၍ သမီးများကိုလည်းရကြသောကာလ၊ 6.2 ပါဠိ ၒ- ဘုရားသခင့်သားတို့ ကောင်းကင်သားတို့သည် လူ့သမီးများအဆင်းလှသည်ကိုမြင်၍ စိတ်တိုင်းကျရာ ရွေးချယ်စုံဖက်ကြ၏။ ထာဝရဘုရားကလည်း လူတို့သည် အသွေးအသားမျှသာြဖစ်သဖြင့် ငါ့၀ိညာဥ်သည် လူတွင်အစဥ်ကိန်းအောင်းမည်မဟုတ်။ လူ့အသက်တန်းကား၊ အနှစ်တရာ့နှစ်ဆယ်ဖြစ်စေဟု မိန့်တော်မူ၏။ ထိုကာလ၌ မြေကြီးပေါ်မှာ ကိုယ်ကြီးမြင့်သူများရှိကြ၏။ ၎င်းနောက်၌လည်း လူ့သမီးများနှင့် ကောင်းကင်သားတို့ ချဥ်းကပ်၍ရသောသားတို့သည် ရှေးကာလတွင် အစွမ်းကောင်းသောသူ၊ ကျော်စောသောသူများ ဖြစ်ကြကုန်၏။ မြေကြီးပေါ်မှာ လူ့အပြစ်ကြီးပွား၍ စိတ်နှလုံးအကြံအစည်ရှိသမျှသည် အစဉ်မပြတ်ဆိုးညစ်ခြင်းသက်သက်ဖြစ်သည်ကို ထာ၀ရဘုရားသိမြင်တော်မူလျှင်၊ မြေပေါ်မှာ လူကိုဖန်ဆင်းတော်မူခဲ့သောကြောင့် စိတ်တော်မသာယာ၊ နှလုံးတော်ပူပန်လျက်ရှိတော်မူ၏။ ထာဝရဘုရားကလည်း ငါဖန်ဆင်းသောလူကိုလည်းေကာင်း၊ လူမှစ၍သားယဥ်သားရဲများကိုလည်းေကာင်း၊ တွားတတ်သော သတ္တဝါများကိုလည်းေကာင်း၊ လေသတ္တဝါများကိုလည်းေကာင်း၊ မြေမျက်နှာပြင်မှငါသုတ်သင်ပယ်ရှင်းမည်။ သူတို့ကို ဖန်ဆင်းခဲ့သောကြောင့် စိတ်တော်မသာယာဟု မိန့်တော်မူ၏။ နောဧမူကား ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်း။
နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ကိုယ့်လက်ထက်ရှိသူတို့အနက် ဖြောင့်မတ်စုံလင်သူ၊ ဘုရားသခင်နှင့်အတူသွားလာသူဖြစ်၏။ 10 နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်တို့ကိုရလေ၏။ 11 ထိုအခါ မြေသားတို့သည် ဘုရားသခင့်ရှေ့တော်မှာ ပျက်ယွင်းလျက်ရှိကြ၍ မြေကြီးသည်ကြမ်းကြုတ်မှုနှင့် ပြည့်၀လေ၏။ 12 သတ္တဝါအပေါင်းတို့သည် မြေကြီးပေါ်မှာ အကျင့်အကြံပျက်ယွင်းကြသောကြောင့် ဘုရားသခင်သည် မြေကြီးကိုရှုကြည့်သောအခါ ပျက်ယွင်းလျက်ရှိသည်ကို သိမြင်တော်မူ၏။
13 ထိုအခါ ဘုရားသခင်သည် နောဧအားမိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးကို ငါပြဋ္ဌာန်းပြီ။ သူတို့ကြောင့် မြေကြီးသည်ကြမ်းကြုတ်မှုနှင့်ပြည့်၀၍ အကယ်စင်စစ်မြေကြီးနှင့်တကွ သူတို့ကိုငါဖျက်ဆီးမည်။ 14 ထင်းရူးသားဖြင့် သင်္ဘောကိုတည်လုပ်လော့။ အခန်းများကို ဖွဲ့၍လုပ်လော့။ အတွင်း၊ အပြင်ကိုလည်း ကတ္တရာေစးနှင့်ထေးလော့။ 15 သင်္ဘောလုပ်ရမည့်စနစ်ကား အလျားအတောင်သုံးရာ၊ အနံအတောင်ငါးဆယ်၊ အမြင့် အတောင်သုံးဆယ်ရှိစေရမည်။ 16 သင်္ဘောအပေါ်ပတ်လည်၌ တစ်တောင်ကျယ်သော လေသာပေါက်ကိုလုပ်ရမည်။ သင်္ဘောနံဘေး၌လည်း တံခါးကိုလုပ်လျက် အောက်ထပ်၊ အလယ်ထပ်၊ အပေါ်ထပ်ဟူ၍ သုံးထပ်လည်းရှိစေရမည်။ 17 ကောင်းကင်အောက်မှ သဇီ၀ သက်ရှိသတ္တဝါတကာတို့ကို ဖျက်ဆီးခြင်းငှါ မြေကြီးပေါ်မှာရေလွှမ်းမိုးသည့်ဘေးကို ငါမုချသင့်စေသဖြင့် မြေကြီးပေါ်ရှိသမျှသည်သေရကြမည်။ 18 သင်နှင့်မူကား ငါပဋိညာဉ်ဖွဲ့ထားမည်။ သင်နှင့်တကွ သား၊ မယား၊ ချွေးမတို့သည် သ​ေင်္ဘာတွင်းသို့ဝင်ကြရမည်။ 19 သက်ရှိသတ္တဝါအမျိုးမျိုးထဲမှ အထီးအမအစုံကို သင်နှင့်အတူအသက်ချမ်းသာစေခြင်းငှါ သင်္ဘောတွင်းသို့သွင်းထားရမည်။ 20 လေသတ္တဝါအမျိုးအလိုက်၊ သားယဥ်သားရဲအမျိုးအလိုက်၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်အပေါင်းအမျိုးအလိုက်၊ အသီးအသီး တစ်စုံစီ အသက်ချမ်းသာစေခြင်းငှါ သင့်ထံသို့လာကြရမည်။ 21 ကိုယ့်အဖို့၊ တိရစ္ဆာန်တို့အဖို့၊ စားအပ်သောအစာအမျိုးမျိုးကိုယူ၍ သိုထားရမည်ဟု၊ 22 ဘုရားသခင်မိန့်မှာတော်မူသမျှအတိုင်း နောဧပြုလေ၏။