5
အာဒံ၏သားစဉ်မြေးဆက် စာရင်းဟူမူကား၊ ဘုရားသခင်သည်လူကိုဖန်ဆင်းတော်မူသောကာလ၌ ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်း၍ ယောက်ျားနှင့်မိန်းမကိုဖြစ်စေတော်မူ၏။ ဖန်ဆင်းတော်မူသောနေ့၌လည်း သူတို့အားကောင်းကြီးပေးလျက် 5.1 ပါဠိ ၒ- အာဒံ လူဟူ၍သမုတ်တော်မူ၏။ အာဒံသည် အသက်တစ်ရာ့သုံးဆယ်ရှိသော် ကိုယ့်ပုံသဏ္ဌာန်အသွင် သားကိုရ၍ ရှေသအမည်ဖြင့်မှည့်လေ၏။ ရှေသကိုရပြီးနောက် အာဒံသည်အနှစ်ရှစ်ရာနေလျက် သားသမီးများကိုရ​ေသး၏။ အာဒံသည် အသက်နှစ်ပေါင်း ကိုးရာသုံးဆယ်စေ့သော် သေလေ၏။
ရှေသသည် အသက်တစ်ရာ့ငါးနှစ်ရှိသော် သားဧနုတ်ကိုရလေ၏။ ဧနုတ်ကိုရပြီးနောက် ရှေသသည် အနှစ်ရှစ်ရာ့ခုနစ်နှစ်နေလျက် သားသမီးများကိုရသေး၏။ ရှေသသည် အသက်နှစ်ပေါင်းကိုးရာ့တစ်ဆယ်နှစ်နှစ်စေ့သော် သေလေ၏။
ဧနုတ်သည် အသက်ကိုးဆယ်ရှိသော် သားကာဣနန်ကိုရလေ၏။ 10 ကာဣနန်ကိုရပြီးနောက် ဧနုတ်သည် အနှစ်ရှစ်ရာ့တစ်ဆယ်ငါးနှစ်နေလျက် သားသမီးများကိုရသေး၏။ 11 ဧနုတ်သည် အသက်နှစ်ပေါင်းကိုးရာ့ငါးနှစ်စေ့သော် သေလေ၏။
12 ကာဣနန်သည် အသက်ခုနစ်ဆယ်ရှိသော် သားမဟာလေလကိုရလေ၏။ 13 မဟာလေလကိုရပြီးနောက် ကာဣနန်သည်အနှစ်ရှစ်ရာ့လေးဆယ်နေလျက် သားသမီးများကိုရသေး၏။ 14 ကာဣနန်သည် အသက်နှစ်ပေါင်းကိုးရာ့တစ်ဆယ်စေ့သော် သေလေ၏။
15 မဟာလေလသည် အသက်ခြောက်ဆယ့်ငါးနှစ်ရှိသော် သားယာရက်ကိုရလေ၏။ 16 ယာရက်ကိုရပြီးနောက် မဟာလေလသည် အနှစ်ရှစ်ရာ့သုံးဆယ်နေလျက် သားသမီးများကိုရသေး၏။ 17 မဟာလေလသည် အသက်နှစ်ပေါင်းရှစ်ရာ့ကိုးဆယ့်ငါးနှစ်စေ့သော် သေလေ၏၊
18 ယာရက်သည် အသက်တစ်ရာ့ခြောက်ဆယ့်နှစ်နှစ် ရှိသော် ဧၑနောက်ကိုရလေ၏။ 19 ဧနောက်ကိုရပြီးနောက် ယာရက်သည်အနှစ်ရှစ်ရာနေလျက် သားသမီးများကိုရသေး၏။ 20 ယာရက်သည် အသက်နှစ်ပေါင်းကိုးရာ့ခြောက်ဆယ့်နှစ်နှစ်စေ့သော် သေလေ၏။
21 ဧနောက်သည် အသက်ခြောက်ဆယ့်ငါးနှစ်ရှိသော် သားမသုရှလကိုရလေ၏။ 22 မသုရှလကိုရပြီးနောက် ဧနောက်သည်အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာလျက် သားသမီးများကို ရသေး၏။ 23 ဧနောက်၏အသက်ကား နှစ်ပေါင်းသုံးရာ့ခြောက်ဆယ်ငါးနှစ်တည်း။ 24 ဧနောက်သည် ဘုရားသခင်နှင့်အတူသွားလာလျက် ဘုရားသခင်သိမ်းယူတော်မူသောကြောင့် ကွယ်ပျောက်လေၑ၏။
25 မသုရှလသည် အသက်တစ်ရာ့ရှစ်ဆယ့်ခုနစ်နှစ်ရှိသော် သားလာမက်ကိုရလေ၏။ 26 လာမက်ကိုရပြီးနောက် မသုရှလသည် အနစ်ခုနှစ်ရာ့ရှစ်ဆယ့်နှစ်နှစ်နေလျက် သားသမီးများကို ရသေး၏။ 27 မသုရှလသည် အသက်နှစ်ပေါင်းကိုးရာ့ခြောက်ဆယ့်ကိုးနှစ်စေ့သော် သေလေ၏။
28 လာမက်သည် အသက်တစ်ရာ့ရှစ်ဆယ့်နှစ်နှစ်ရှိသော် သားကိုရသည်နှင့်၊ 29 ဤသူသည်ကား ထာဝရဘုရားထံမှ အမင်္ဂလာကိုခံပြီးသောမြေ၌လုပ်ကိုင်လျက် ပင်ပန်းစွာခံရသောငါတို့အား 5.29 ပါဠိ ၒ- ေနာၘဧဟူေသာအမည်နှင့်ညီ၏။ သက်သာစေသောသူဖြစ်လိမ့်မည်ဟူ၍ နောဧအမည်ဖြင့်မှည့်လေ၏။ 30 နောဧကိုရပြီးနောက် လာမက်သည် အနှစ်ငါးရာ့ကိုးဆယ့်ငါးနှစ်နေလျက် သားသမီးများကိုရသေး၏။ 31 လာမက်သည် အသက်နှစ်ပေါင်းခုနစ်ရာ့ခုနစ်ဆယ့်ခုနစ်နှစ်စေ့သော် သေလေ၏။
32 နောဧသည် အသက်ငါးရာရှိ၏။ နောဧသားတို့ကား ရှေမ၊ ဟာမ၊ ယာဖက် တို့တည်း။