35
ထိုနောက်ဘုရားသခင်က ဗေသလအရပ်သို့ထသွား၍နေလော့။ အစ်ကိုဧသောမျက်မှောက်မှထွက်ပြေးရသောအခါ သင့်ထံထင်ရှားခဲ့သော ငါဘုရားသခင်အားပူဇော်ရာပလ္လင်ကို ထိုအရပ်၌တည်လော့ဟု ယာကုပ်အားမိန့်တော်မူသည့်အတိုင်း၊ ယာကုပ်သည် အိမ်သူအိမ်သားတို့နှင့် လိုက်ပါသူအပေါင်းတို့အား သင်တို့တွင်ပါရှိသောလူမျိုးခြားတို့၏ ဘုရားများကို ပယ်ပစ်ကြလော့။ ကိုယ်ကိုသန့်စေ၍ အ၀တ်ကိုလည်းလဲကြလော့။ ဗေသလအရပ်သို့ထသွားကြကုန်အံ့။ ဆင်းရဲဒုက္ခငါခံခဲ့ရသောကာလက 35.3 ပါဠိ၊ ထူးကယ်လွှတ်တော်မူ၍ သွားရသောလမ်း၌ ငါနှင့်အတူရှိတော်မူသောဘုရားသခင်အား ပူဇော်ရာပလ္လင်တော်ကိုထိုအရပ်တွင် ငါတည်မည်ဟုဆိုလျှင်၊ သူတို့သည် လက်ဝယ်ရှိသောလူမျိုးခြားတို့ ဘုရားအပေါင်းကိုလည်းေကာင်း၊ နားတွင်ဆင်ယင်သောနားတောင်းများကိုလည်းေကာင်း၊ ယာကုပ်အားအပ်နှင်း၍ ရှေခင်မြို့အနီးရှိညန်ပင်အောက်တွင် မြှုပ်ထားလေ၏။ သူတို့ထွက်သွားကြသောအခါ ဘုရားသခင့်ထံမှ ဖြစ်ပွားသောထိတ်လန့်ခြင်းသည် ပတ်ဝန်းကျင်ရှိမြို့သားတို့အပေါ်သို့သက်ရောက်၍ ယာကုပ်သားတို့ကို မလိုက်ဝံ့ဘဲနေကြ၏။ ယာကုပ်နှင့်တကွ ပါရှိသူအပေါင်းတို့သည် ခါနာန်ပြည် လုဇ၊ တစ်နည်းဗေသလအရပ်သို့ရောက်ကြသော်၊ အစ်ကို့ထံမှထွက်ပြေးခဲ့ရသောအခါ ထိုအရပ်၌ဘုရားသခင်ထင်ရှားတော်မူသောကြောင့် ပလ္လင်တော်ကိုတည်၍ ထိုအရပ်ကို 35.7 အနက်ကား၊ ေဗသလမြို့၏ဘုရားသခင်ဧလဗေသလဟုသမုတ်လေ၏။
ထိုနောက် ရေဗက္က၏အထိန်းဒေဗောရသေလွန်ရာ ဗေသလအောက်ကျင်း ညန်ပင်ရင်းတွင် သင်္ဂြိုဟ်ကြလေ၏။ ထိုအပင်ကို 35.8 အနက်ကား၊ ငိုေကြွးခြင်းညန်ပင်အာလုမ္ဘာကုတ်ဟူ၍ ခေါ်ဝေါ်ကြသတည်း။
ယာကုပ်သည် ပါဒနာရံပြည်မှပြန်လာသော် တစ်ဖန်ဘုရားသခင်ထင်ရှား၍ ကောင်းကြီးပေးတော်မူရာ၊ 10 သင့်အမည်ကား ယာကုပ်ဖြစ်၏။ ယာကုပ်ဟူ၍ထပ်မံမခေါ်ရ။ ဣသရေလဟူ၍ခေါ်ရကြမည်ဟု မိန့်တော်မူလျက် ဣသရေလအမည်ဖြင့် သမုတ်တော်မူ၏။ 11 တစ်ဖန်ဘုရားသခင်က ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင်ပေတည်း။ များပြားစွာမွေးဖွားလော့။ လူတစ်မျိုးမက လူမျိုးများစွာသင့်အားဖြင့်ဖြစ်ပွား၍ မင်းများတို့လည်းသင်မှဆင်းသက်ကြလိမ့်မည်။ 12 အာဗြဟံနှင့်ဣဇာက်တို့အား ငါပေးခဲ့သောပြည်ကို သင်အားလည်းေကာင်း၊ သင်မှဆင်းသက်သောအမျိုးအနွယ်အားလည်းေကာင်း ငါပေးမည်ဟုမိန့်တော်မူ၏။ 13 ထိုသို့မိန့်မြွက်တော်မူသောအရပ်၊ သူ့ထံမှဘုရားသခင်တက်ကြွတော်မူပြီးနောက်၊ 14 မိန့်မြွက်တော်မူရာအရပ်တွင် ယာကုပ်သည်မှတ်တိုင်အဖြစ် ကျောက်ကိုစိုက်ထူ၍ ၎င်းအပေါ်တွင် သွန်းလောင်းရာသက္ကာအရည်ကိုသွန်း၍ ဆီလောင်းလေ၏။ 15 ဗျာဒိတ်တော်ကိုခံရသောထိုအရပ်ကို ဗေသလဟု သမုတ်လေ၏။
16 ဗေသလအရပ်မှခရီးသွားပြန်၍ ဧဖရတ်မြို့နှင့်အတန်ကွာတွင် ရာခေလသည်သားဖွားအံ့သော ဝေဒနာကိုပြင်းပြစွာခံနေရစဉ်၊ 17 လက်သည်က၊ မစိုးရိမ်နှင့်။ ယခုလည်း သားယောက်ျားကိုရပြန်ပြီဟု ဆိုလေ၏။ 18 သေလတ္တံ့သောရာခေလသည် အသက်ထွက်လုဆဲဆဲတွင် ထိုသားကို 35.18 အနက်ကား၊ ငါ့ဒုက္ခ၏သားဗေနောနိဟုအမည်မှည့်လေ၏။ အဘမူကား 35.18 အနက်ကား၊ ညာလက်၏သားဗင်္ယာမိန်ဟုမှည့်သတည်း။ 19 ရာခေလသေလွန်၍ ဗက်လင်၊ တစ်နည်းဧဖရတ်မြို့လမ်းတွင် သင်္ဂြိုဟ်ရလေ၏။ 20 ယာကုပ်လည်း သင်္ချၖိုင်းပေါ်မှာမှတ်တိုင်ကိုစိုက်ထူ၍ ယနေ့တိုင်အောင် ရာခေလ၏သင်္ချၖိုင်းမှတ်တိုင်ဖြစ်သတည်း။
21 ဣသရေလသည် တစ်ဖန်ခရီးသွားပြန်၍ ဧဒါလင့်စင်ကိုလွန်ပြီးမှတဲစိုက်လေ၏။ 22 ထိုအရပ်၌နေသောအခါ ရုဗင်သည်အဘ၏မယားငယ်ဗိလဟာ့ထံ သွား၍အိပ်လေ၏။ ထိုသတင်းကို ဣသရေလကြား၏။
23 ယာကုပ်၏သားဆယ့်နှစ်ယောက်တို့ကား လေအာတွင်မြင်သောသားဦး ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်တို့တည်း။ 24 ရာခေလတွင်မြင်သောသား၊ 25 ယောသပ်နှင့်ဗင်္ယာမိန်တို့တည်း။ ရာခေလကျွန်မိန်းမဗိလဟာတွင် မြင်သောသား၊ ဒန်နှင့်နဿလိတို့တည်း။ 26 လေအာ့ကျွန်မိန်းမဇိလပတွင် မြင်သောသား၊ ဂဒ်နှင့်အာရှာတို့တည်း။ ထိုသူကား ပါဒနာရံပြည်၌ ဖွားမြင်သောယာကုပ်၏သားများတို့တည်း။
27 ထိုနောက် ယာကုပ်သည် အာဗြဟံနှင့်ဣဇာက်တို့တည်းခိုရာ ဟေဗြုန်၊ တစ်နည်းကိရယသာဘမြို့မံရေအရပ်၊ အဘဣဇာက်ထံရောက်လေ၏။ 28 ဣဇာက်သည် နှစ်ပေါင်းတစ်ရာ့ရှစ်ဆယ်အသက်အရွယ်ရောက်လျှင် အိုမင်းကြီးရင့်၍သေလွန်သဖြင့် ဘိုးဘေးတို့ထံသွားရသော် သားဧသောနှင့်ယာကုပ်တို့သင်္ဂြိုဟ်ကြ၏။