32
ယာကုပ်ခရီးသွားပြန်ရာ ဘုရားသခင့်စေတမန်တော်တို့သည် သူနှင့်တွေ့ဆုံကြ၍၊ ယာကုပ်မြင်လျှင် ဘုရားသခင်တပ်တော့်စခန်းဖြစ်သည်ဟုဆိုလျက် ထိုအရပ်ကို 32.2 အနက်ကား၊ နှစ်စားခန်းမဟာနိမ်အမည်ဖြင့် မှည့်လေ၏။ ထိုအခါ ယာကုပ်သည် အစ်ကိုဧသော့ထံ၊ ဧဒုံ၊ တစ်နည်းစိရပြည်သို့ တမန်တို့ကိုကြိုတင်လွှတ်လိုက်၍၊ အရှင့်ကျွန်ယာကုပ်လျှောက်စေသည်မှာ ကျွန်တော်သည် လာဗန့်ထံတည်းခို၍ ယခုတိုင်အောင် နေခဲ့ပါပြီ။ နွား၊ မြည်း၊ သိုး၊ ဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမများရှိပါ၏။ အရှင့်ထံမျက်နှာရစေခြင်းငှါ လျှောက်ထားစေပါသည်ဟူ၍ အရှင်ဧသောကိုလျှောက်ကြချေဟု မှာလိုက်လေ၏။ တမန်တို့လည်း ယာကုပ်ထံပြန်လာ၍ ကျွန်တော်တို့သည် အရှင့်အစ်ကိုဧသောထံသို့ရောက်ခဲ့ပါသည်။ အရှင်ကိုကြိုဆိုခြင်းငှါ လူလေးရာနှင့်သူချီလာပါပြီဟု လျှောက်ကြသော်၊ ယာကုပ်သည် အလွန်ကြောက်ရွံ့သဖြင့် စိတ်ကျဉ်းကျပ်၍ ပါရှိသောလူ၊ သိုး၊ ဆိတ်၊ နွား၊ ကုလားအုပ်များကို နှစ်စုခွဲထားလျက်၊ တစ်စုကိုဧသောတွေ့ကြုံတိုက်ခိုက်လျှင် ကြွင်းသောတစ်စုလွတ်ကင်းလိမ့်မည်ဟု ထင်မှတ်၏။ ယာကုပ်ကလည်း အဘိုးအာဗြဟံ၏ဘုရား၊ အဘဣဇာက်၏ဘုရား၊ သင့်ပြည်၊ သင့်အမျိုးသား ချင်းတို့ထံပြန်လော့။ ငါကျေးဇူးပြုမည်ဟု မိန့်တော်မူခဲ့သော အိုထာဝရဘုရား။ 10 ကျွန်တော်မျိုးအား၊ ပြုတော်မူရာမေတ္တာကျေးဇူးနှင့်သစ္စာရှိသမျှကို အကျွန်ုပ်မခံထိုက်ပါ။ ဤယော်ဒန်မြစ်ကို တောင်ဝေးနှင့်သာကူးခဲ့ရပါ၏။ 11 ယခုမူကား နှစ်စုဖြစ်ထွန်းပါပြီ။ အကျွန်ုပ်ကိုအစ်ကိုဧသောလက်မှ ကယ်လွှတ်တော်မူပါ။ သို့မဟုတ် အကျွန်ုပ်နှင့်အပေါင်းအပါရှိသမျှတို့ကို သူလာ၍လုပ်ကြံမည်ဟု စိုးရိမ်ပါသည်။ 12 ကိုယ်တော်ကလည်း ငါသည်သင့်အားအမှန်ကျေးဇူးပြု၍၊ မရေတွက်နိုင်အောင်များပြားသော သမုဒ္ဒရာသဲလုံးနှင့်အမျှ သင့်အမျိုးအနွယ်ကိုဖြစ်စေမည်ဟူ၍ ကတိထားတော်မူခဲ့ပါပြီဟု တောင်းလျှောက်လေ၏။
13 ထိုညဉ့်တွင်ပင် ၎င်းအရပ်၌တည်းခိုပြီးမှ လက်ရှိဥစ္စာအနက်၊ 14 ဆိတ်မနှစ်ရာ၊ ဆိတ်ထီးနှစ်ဆယ်၊ သိုးမနှစ်ရာ၊ သိုးထီးနှစ်ဆယ်၊ 15 သားငယ်နှင့်တကွ နို့ညှစ်ကုလားအုပ်မသုံးဆယ်၊ နွားမလေးဆယ်၊ နွားထီးတစ်ဆယ်၊ မြည်းမ နှစ်ဆယ်နှင့် မြည်းထီးငယ်တစ်ဆယ်များကို အစ်ကိုဧသောအားဆက်သရန် ရွေးယူ၍၊ 16 တစ်အုပ်စီသီးခြားထားလျက်၊ ကျွန်တို့လက်သို့အပ်ပြီးလျှင် ကူးသွားနှင့်၍ တစ်အုပ်နှင့်တစ်အုပ် ခရီးကွာစေကြဟု မှာထားလေ၏။ 17 ရှေ့ဦးသူ့ကိုလည်း ငါ့အစ်ကိုဧသောတွေ့၍ သင်ကား၊ မည်သူ့ကျွန်နည်း။ မည်သည့်အရပ်သို့ သွားအံ့နည်း။ သင့်ရှေ့ရှိတိရစ္ဆာန်များကား မည်သူပိုင်နည်းဟုမေးလျှင်၊ 18 အရှင်ဧသောအားဆက်သရန် ကိုယ်တော့်ကျွန်ယာကုပ်၏လက်ဆောင်ဖြစ်ပါ၏။ သူလည်း နောက်တွင်ရှိပါသည်ဟူ၍ လျှောက်ရမည့်အကြောင်း မှာထားသည့်နည်းတူ၊ 19 ဒုတိယ၊ တတိယမှစ၍ အစုစုနှင့်လိုက်သောသူအပေါင်းတို့ကိုလည်း ဧသောနှင့်တွေ့လျှင် ထိုသို့လျှောက်ကြပြီးမှ၊ 20 ကိုယ်တော့်ကျွန်ယာကုပ်သည် နောက်တွင်ရှိပါသည်ဟု ကြားလျှောက်ရမည့်အကြောင်းမှာ ထားလေ၏။ ယာကုပ်က ကြိုတင်စေလွှတ်သောလက်ဆောင်ဖြင့် သူ့မျက်မာန်ကိုဖုံးမည်။ နောက် မျက်နှာကိုဖူးမြင်ရသောအခါ မျက်နှာသာရကောင်းရလိမ့်မည်ဟု အကြံရှိသည်နှင့်၊ 21 လက်ဆောင်ကိုကြိုတင်လွှတ်လိုက်၍ ကိုယ်တိုင်မူကား ထိုညဉ့်တွင်စခန်း၌ တည်းခိုလေ၏။
22 ထိုညဉ့်ချင်းတွင်ထ၍ မယားနှစ်ယောက်၊ ကျွန်မိန်းမနှစ်ယောက်၊ သားဆယ့်တစ်ယောက်တို့ကို ခေါ်လျက် ယဗ္ဗုတ်ချောင်းရေတိမ်ရာ ဖြတ်ကူးလေ၏။ 23 ထိုသူတို့ကို ဥစ္စာရှိသမျှနှင့် ချောင်းတစ်ဘက်သို့ကူးစေပြီးမှ၊ 24 ယာကုပ်တစ်ကိုယ်တည်းကျန်ခဲ့သည်နှင့် လူတစ်ဦးသည် အရုဏ်တက်သည့်တိုင်အောင် သူနှင့်နပန်းလုံး၍၊ 25 မနိုင်ကြောင်းသိလျှင် ယာကုပ်၏ပေါင်ချန်ကိုထိပါးသဖြင့် နပန်းလုံးစဉ်ပေါင်ကြောထုံးလေ၏။ 26 ထိုသူကလည်း အရုဏ်တက်ပြီ။ ငါ့ကိုလွှတ်လော့ဟုဆိုသော်၊ အရှင်သည် ကျွန်တော်အား ကောင်းကြီးမပေးလျှင် လွှတ်မည်မဟုတ်ဟု ယာကုပ်လျှောက်ရာ၊ 27 ထိုသူက သင့်အမည်ကား မည်သူနည်းဟုမေးသော်၊ ယာကုပ်တည်းဟု ပြန်လျှောက်၏။ 28 သင့်အမည်ကိုယာကုပ်ဟုထပ်မံမခေါ်ရ။ သင်သည်ဘုရားသခင်နှင့်လည်းေကာင်း၊ လူနှင့်လည်းေကာင်း၊ ဘက်ပြိုင်၍နိုင်လေပြီဖြစ်သောကြောင့် 32.8 အနက်ကား၊ ဘုရားသခင်နှင့်ဘက်ပြိုင်သူ၊ သို့မဟုတ်၊ ဘုရားသခင်ဘက်ပြိုင်တော်မူ၏။ဣသရေလဟူ၍ခေါ်ရကြမည်ဟု မိန့်တော်မူပြီးနောက်၊ 29 ယာကုပ်က နာမတော်ကိုကျွန်တော်အား ဖော်ပြတော်မူပါဟုလျှောက်သော် ငါ့နာမကို အဘယ်ကြောင့်မေးသနည်းဟုမိန့်ဆိုလျက် ထိုအရပ်တွင်ကောင်းကြီးပေးတော်မူ၏။ 30 ယာကုပ်က ငါသည်ဘုရားသခင်ကို မျက်မှောက်ထင်ထင်ဖူးမြင်ရလျက် အသက်ချမ်းသာရပေသေးသည်ဟုဆို၍ ထိုအရပ်ကို 32.30 အနက်ကား၊ ဘုရားသခင့်မျက်နှာေတာ်ပေနွေလဟုသမုတ်လေ၏။ 31 ပေနွေလအရပ်ကို ယာကုပ်ထော့နဲ့လွန်သွားသောအခါ နေထွက်ချိန်ရှိပြီ။ 32 ထိုသို့ ယာကုပ်၏ပေါင်ချန်အကြောကို ထိပါးတော်မူသောကြောင့် ဣသရေလအမျိုးသားတို့သည် ပေါင်ချန်ရှိအကြောသားကို ယနေ့တိုင်အောင် မစားဘဲနေလေ့ရှိကြ၏။