31
ထိုနောက် လာဗန့်သားတို့က၊ ငါတို့အဘဥစ္စာရှိသမျှကို ယာကုပ်ယူသွားလေပြီ။ အဘဥစ္စာအားဖြင့် ဤသို့သောစည်းစိမ်များကို သူရရှိပြီဟုဆိုကြကြောင်း ယာကုပ်ကြားသည့်ပြင်၊ လာဗန်သည် ရှေးကာလကဲ့သို့မဟုတ်၊ မျက်နှာထားကြောင်းသိမြင်၏။ ထာ၀ရဘုရားကလည်း သင့်ဘိုးဘနေသောပြည်၊ အမျိုးသားချင်းတို့ထံပြန်သွားလော့။ သင်နှင့်အတူ ငါရှိမည်ဟု ယာကုပ်အားမိန့်တော်မူသော်၊ ယာကုပ်သည် ရာခေလနှင့်လေအာတို့ကို သိုးအုပ်ရှိရာတောသို့ခေါ်စေပြီးလျှင်၊ သင်တို့အဘသည် ရှေးကာလကဲ့သို့မဟုတ်၊ ငါ၌မျက်နှာထားသည်ကိုသိမြင်ရ၏။ သို့ရာတွင် ငါ့အဘ၏ဘုရားသခင်သည် ငါနှင့်အတူရှိတော်မူ၏။ သင်တို့အဘထံ အစွမ်းရှိသမျှနှင့် ငါအစေခံခဲ့သည်ကို သင်တို့သိကြ၏။ သင်တို့အဘသည် ငါကိုလှည့်စား၍ အခကိုဆယ်ကြိမ်ပြောင်းလဲသော်လည်း ငါ့ကိုထိခိုက်ရန် ဘုရားသခင်ခွင့်ပြုတော်မမူ။ သူက၊ အပြောက်ရှိသောအကောင်တို့သည် သင့်အခဖြစ်စေဟုဆိုလျှင် သိုးဆိတ်အပေါင်းတို့သည် အပြောက်ရှိသောသားငယ်များကို ပေါက်ဖွားကြ၏။ အကျားရှိသောအကောင်တို့သည် သင့်အခဖြစ်စေဟု ဆိုပြန်လျှင် သိုးဆိတ်အပေါင်းတို့သည် အကျားရှိသောသားငယ်များကို ပေါက်ဖွားကြ၏။ ထိုသို့လျှင်၊ ဘုရားသခင်သည် သင်တို့အဘ၏သိုးဆိတ်များကိုနုတ်ယူ၍ ငါ့အား​ပေးသနားတော်မူပြီ။ 10 သိုးဆိတ်များသည် မိတ်လိုက်ကြသောအခါ အိပ်မက်တွင်ငါမျှော်ကြည့်ရာ အမတို့နှင့်ပေါင်းဖော် သောအထီးတို့သည် အကျား၊ အပြောက်၊ အကွက်ရှိကြသည်ကို ငါမြင်ရ၏။ 11 ထိုအိပ်မက်တွင်ပင် ဘုရားသခင့်စေတမန်တော်က၊ ယာကုပ်ဟုခေါ်တော်မူလျှင် အကျွန်ုပ်ရှိပါသည်ဟု ငါထူးသော် မျှော်ကြည့်လော့။ 12 အမနှင့်ပေါင်းဖော်သောအထီးရှိသမျှတို့သည် အကျား၊ အပြောက်၊ အကွက်ရှိကြ၏။ သင့်အပေါ်၌ လာဗန်ပြုလေသမျှကို ငါရှုမြင်၏။ 13 ငါကား မှတ်တိုင်ပေါ်တွင် သင်ဆီလောင်း၍သစ္စာပြုရာ ဗေသလအရပ်၌ ထင်ရှားခဲ့သောဘုရားဖြစ် ၏။ ယခုထပြီးလျှင် ဤပြည်မှထွက်လျက် နေရင်းပြည်သို့ပြန်သွားလော့ဟူ၍ ငါအားမိန့်တော်မူသည်ဟု ယာကုပ်ကြားပြောသော်၊ 14 ရာခေလနှင့်လေအာတို့က၊ ကျွန်မတို့မှာအဘအိမ်တွင် အမွေဝေပုံစုရှိသေးအံ့လော။ 15 အဘသည် ကျွန်မတို့ကို သူစိမ်းကဲ့သို့မှတ်သည်မဟုတ်လော။ ကျွန်မတို့ကိုရောင်း၍ ငွေကြေးကိုလည်း စားမျိုကုန်ပါပြီတကား။ 16 အဘထံမှဘုရားသခင်နုတ်ယူတော်မူသော စီးပွားဥစ္စာရှိသမျှသည် ကျွန်မတို့နှင့်သားသမီးများအပိုင် ဖြစ်ရ၏။ သို့ဖြစ်၍ ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ပြုပါဟုပြန်ပြောကြ၏။
17 ထိုအခါယာကုပ်သည် ထ၍ သားမယားတို့ကို ကုလားအုပ်ပေါ်မှာစီးစေလျက်၊ 18 ပါဒနာရံပြည်၌ ဆည်းပူးခဲ့သောပစ္စည်းရှိသမျှနှင့်၊ အပိုင်ရသောသိုးဆိတ်စသည်တို့ကို ဆောင်ယူ၍ အဘဣဇာက်နေရာခါနာန်ပြည်သို့ ထွက်သွားလေ၏။ 19 သိုးမွေးညှပ်ရန်လာဗန်သွားခိုက်တွင် ရာခေလသည် အဘ၏ရုပ်တုများကိုခိုးယူနှင့်ပြီ။ 20 ယာကုပ်လည်း သွားမည့်အကြောင်းကို အာရံလူမျိုးလာဗန်အားမကြားမပြောဘဲ လျို့ဝှက်၍ထွက် ပြေးလေ၏။ 21 ထိုသို့ကိုယ့်ဥစ္စာရှိသမျှပါလျက် မြစ်ကြီးတစ်ဘက်သို့ကူးပြီးလျှင် ဂိလဒ်တောင်တန်းကိုရှေ့ရှုသွားလေ၏။
22 ယာကုပ်ပြေးသွားကြောင်းကို သုံးရက်မြောက်သောနေ့တွင် လာဗန်ကြားသိလျှင်၊ 23 ဆွေမျိုးသားချင်းတို့ကိုခေါ်၍ ခုနစ်ရက်လိုက်မှ ဂိလဒ်တောင်တန်းပေါ်တွင် မီလေ၏။ 24 ညဉ့်အချိန် အာရံလူမျိုးလာဗန်၏အိပ်မက်တွင် ဘုရားသခင်ကြွရောက်တော်မူ၍ ယာကုပ်အား အကောင်းအဆိုးမပြောရန် သတိပြုလော့ဟုမိန့်တော်မူ၏။ 25 ထိုအခါ ယာကုပ်သည် တောင်ပေါ်မှာတဲစိုက်နှင့်ပြီးနောက် လာဗန်လည်းလိုက်မှီ၍ ဆွေမျိုးသားချင်း တို့ပါ ဂိလဒ်တောင်တန်းပေါ်မှာတဲစိုက်သဖြင့်၊ 26 လာဗန်က၊ ငါ့သမီးတို့ကို သုံ့ပမ်းကဲ့သို့လျို့ဝှက်၍ သင်သိမ်းသွားသည်ကား၊ မည်သို့နည်း။ 27-28 ရွှင်လန်းစွာသီချင်းဆိုခြင်း၊ စောင်းပတ်သာတီးခြင်းများနှင့်တကွ သင့်ကိုလွှတ်လျှင် သားသမီးတို့ကို ငါနမ်းရှုပ်ခွင့်မရစေရန် မကြားမပြောဘဲ ဆိတ်ဆိတ်လျို့ဝှက်၍ အဘယ်ကြောင့်ထွက်သွားဘိသနည်း။ 29 သင်ပြုသည်မှာ မိုက်လှစွတကား။ သင်တို့ကိုထိခိုက်နိုင်ရန် ငါ့လက်တွင်ရှိ၏။ သို့သော်လည်း ယမန်ညဉ့်မှာ သင်တို့အဘ၏ဘုရားသခင်က ယာကုပ်၌အကောင်းအဆိုးမပြောရန် သတိပြုလော့ဟု ငါ့အားမိန့်တော်မူ၏။ 30 ယခုမှာ သင်သည်အဘအိမ်ကိုလွမ်းဆွတ်လှ၍ ပြန်သွားရငြားသော်လည်း ငါ့ဘုရားများကိုအဘယ် ကြောင့်ခိုးယူခဲ့သနည်းဟု ယာကုပ်ကိုမေးသော်၊ 31 ယာကုပ်က၊ ဦးရီးသည် ကိုယ့်သမီးများကို အနိုင်အထက်ပြန်သိမ်းမည်ဟုထင်မှတ်၍ စိုးရိမ်သော ကြောင့် ပြေးသွားရပါ၏။ 32 ဦးရီး၏ဘုရားများကိုမူကား အကြင်သူ၌တွေ့အံ့။ ထိုသူ့ကိုအရှင်မထားပါနှင့်။ ကျွန်တော့်ထံ ဦးရီးဥစ္စာရှိလျှင် ဆွေမျိုးသားချင်းတို့ရှေ့ဖော်ပြယူသွားပါလော့ဟု ရာခေလခိုးကြောင်းမသိသဖြင့် လာဗန်အား ပြန်လျှောက်၏။ 33 လာဗန်သည်ယာကုပ်တဲ၊ လေအာ့တဲ၊ ကျွန်မိန်းမနှစ်ယောက်တို့တဲများသို့ ၀င်ရောက်ရှာဖွေ၍မတွေ့ သော် လေအာ့တဲမှထွက်၊ ရာခေလတဲသို့၀င်လေ၏။ 34 ရာခေလသည် ထိုရုပ်တုများကို ကုလားအုပ်ကထဲတွင်ယူထည့်ပြီးလျှင် ၎င်းအပေါ်မှာထိုင်နေ၏။ လာဗန်သည် တစ်တဲလုံးကိုရှာ၍မတွေ့သော်၊ 35 ရာခေလက မိန်းမတို့ဓမ္မတာအတိုင်းဖြစ်နေသောကြောင့် အဘရှေ့တွင်ကျွန်မ မထနိုင်သည်ကို စိတ်မရှိပါနှင့်ဟု အဘအားလျှောက်ဆိုရာ လာဗန်သည်ရုပ်တုများကို ရှာ၍မတွေ့ခဲ့။ 36 ထိုအခါ ယာကုပ်အမျက်ထွက်၍ လာဗန်ကိုအပြစ်ဖွဲ့ဆိုသည်ကား၊ ဦးရီးသည်ပြင်းထန်စွာလိုက်လာ သည်မှာ ကျွန်တော်လွန်ကျူး၍ ပြုခဲ့မိသောပြစ်မှုမည်သို့နည်း။ 37 ကျွန်တော့်အသုံးအဆောင်များတွင် ရှာဖွေသဖြင့်၊ ဦးရီးအိမ်ထောင်အသုံးအဆောင်မည်မျှတွေ့သနည်း။ တွေ့မိခဲ့လျှင် နှစ်ဦးဆွေမျိုးသားချင်းတို့မျက်မှောက်၊ ဤတွင်ထား၍ ကျွန်တော်တို့နှစ်ဘက်ကြားမှာ စီရင်ကြပါစေ။ 38 ဦးရီးထံအနှစ်နှစ်ဆယ်ပတ်လုံး ကျွန်တော်နေခဲ့ရာ ဦးရီးသိုးမ၊ ဆိတ်မတို့သားမပျက်၊ ဆိတ်ထီး၊ သိုးထီး တို့ကိုလည်း ကျွန်တော်မစားပါ။ 39 သားရဲကိုက်သေအကောင်ကို ဦးရီးထံကျွန်တော်မယူမဆောင်၊ ကိုယ်တိုင်ရှုံးခံရ၏။ နေ့ညဉ့်မဟူ ခိုးရာပါအကောင်အတွက် ကျွန်တော့်ထံဦးရီးအစားတောင်းလေ့ရှိ၏။ 40 နေ့၌ကားနေပူ၊ ညဉ့်၌ကားနှင်းခဲကြောင့် ကျွန်တော်နွမ်းရိ၍ အအိပ်လည်းပျက်ရ၏။ 41 ထိုသို့အနှစ်နှစ်ဆယ်ပါတ်လုံး ဦးရီးအိမ်တွင်နေ၍ သမီးနှစ်ယောက်အတွက် ဆယ့်လေးနှစ်၊ သိုးဆိတ် များအတွက်ခြောက်နှစ်ကြာ အစေခံရပါလျက် အခကိုဆယ်ကြိမ်ပြောင်းလဲပြီတကား။ 42 ယခုလည်း ကျွန်တော့်ဘက်၌ ကျွန်တော့်အဘဣဇာက်၏ ကြောက်ရွံ့ရိုသေဖွယ်ရာဘုရား၊ အာဗြဟံ၏ ဘုရားရှိတော်မမူခဲ့လျှင် ဦးရီးသည်ကျွန်တော်ကို လက်ချည်းလွှတ်လိမ့်တကား။ ကျွန်တော့်စိတ်ဆင်းရဲခြင်း၊ လက်ပင်ပန်းခြင်းကို ဘုရားသခင်ရှုမြင်၍ ယမန်ညဉ့်တွင် ဦးရီးကိုဆုံးမတော်မူပြီဟု လျှောက်ဆိုသော်၊ 43 လာဗန်က၊ ဤသမီးတို့သည် ငါ့သမီး၊ ဤသူငယ်တို့သည် ငါ့သူငယ်၊ ဤသိုးဆိတ်တို့သည် ငါ့သိုးဆိတ် ဖြစ်ကြ၏။ မြင်လေသမျှသောအရာများသည် ငါပိုင်ဖြစ်ကုန်၏။ ငါ့သမီးတို့အားလည်းေကာင်း၊ သူတို့ဖွားသောသူငယ်တို့အားလည်းေကာင်း၊ ယနေ့မည်သို့ငါပြုနိုင်သနည်း။ 44 သို့ဖြစ်၍ သင်နှင့်ငါစပ်ကြားတွင်သက်သေဖြစ်စေရန် ငါတို့နှစ်ဦးပဋိညာဉ်ဖွဲ့ကြကုန်အံ့ဟု ယာကုပ်အားပြန်ပြော၏။ 45 ယာကုပ်သည် ကျောက်ကိုယူ၍ မှတ်တိုင်အဖြစ်စိုက်ထူလျက်၊ 46 ကျောက်များကိုစုကြပါဟု ဆွေမျိုးသားချင်းတို့အား ဆိုသည့်အတိုင်း ကျောက်များကိုယူ၍ ကျောက်ပုံကိုတည်လုပ်ပြီးမှ ၎င်းအနီးစားသောက်ကြလေ၏။ 47 ထိုကျောက်ပုံကို လာဗန်က၊ 31.47 အာရံစကားဖြင့်အနက်ကား၊ သက်ေသကျောက်ပုံယေဂါသဟာဒုသဟူ၍လည်းေကာင်း၊ ယာကုပ်မူကား 31.47 ေဟဗြဲစကားဖြင့်အနက်ကား၊ သက်ေသကျောက်ပုံဂိလဒ်ဟူ၍လည်းေကာင်း သမုတ်ကြ လေ၏။ 48 လာဗန်ကလည်း၊ ငါနှင့်သင့်စပ်ကြားတွင် ဤကျောက်ပုံသည် ယနေ့သက်သေဖြစ်သည်ဟု ဆိုသည်ကိုအစွဲပြု၍ ဂိလဒ်အမည်ဖြင့်မှည့်ကြသည့်ပြင်၊ 49-50 အချင်းချင်းပျက်ကွက်ကြသောအခါ ငါနှင့်သင့်စပ်ကြားတွင် ထာ၀ရဘုရားစောင့်၍ ကြည့်တော်မူပါစေသော။ ငါ့သမီးတို့ကို သင်ညှဉ်းဆဲသည်ဖြစ်စေ၊ ၎င်းတို့မှတစ်ပါး အခြားမိန်းမတို့နှင့်စုံဘက်သည်ဖြစ်စေ၊ ငါတို့၌ လူသက်သေမရှိ၊ ဘုရားသခင်သည် ငါနှင့်သင့်စပ်ကြားတွင် သက်သေဖြစ်တော်မူသည်ဟု ထပ်မံပြောဆိုသောကြောင့် 31.50 အနက်ကား၊ အေစာင့်ပြအိုးမိဇပါဟူ၍လည်း သမုတ်ကြသေး၏။ 51 တစ်ဖန်လာဗန်က၊ ငါနှင့်သင့်စပ်ကြားတွင် ငါတည်လုပ်ပြီးဤကျောက်ပုံ၊ ဤမှတ်တိုင်ကို ကြည့်ပါလော့။ 52 ငါသည်သင့်ထံသို့လည်းေကာင်း၊ သင်သည်ငါ့ထံသို့လည်းေကာင်း၊ ထိခိုက်ရန်နှင့်စပ်လျဉ်း၍ ဤကျောက်ပုံ၊ ဤမှတ်တိုင်ကိုမလွန်ရဟု၊ ၎င်းကျောက်ပုံ၊ ၎င်းမှတ်တိုင်သည် သက်သေဖြစ်ပါစေသော။ 53 အာဗြဟံ၏ဘုရား၊ နာခေါ်၏ဘုရား၊ ၎င်းတို့အဘ၏ဘုရားသည် ငါတို့စပ်ကြားတွင် စီရင်ဆုံးဖြတ် တော်မူစေသတည်းဟု ယာကုပ်အားဆိုသည့်အတိုင်း ယာကုပ်သည်အဘဣဇာက်၏ ကြောက်ရွံ့ရိုသေဖွယ်ရာကိုတိုင်တည်၍ သစ္စာထားပြီးလျှင်၊ 54 တောင်ပေါ်မှာ ပူဇော်သက္ကာကိုဆက်ကပ်၍ ဆွေမျိုးသားချင်းတို့ကို စားသောက်စေခြင်းငှါ ခေါ်ဖိတ်သဖြင့် သူတို့စားသောက်ပြီးမှ တောင်ပေါ်တွင် ညဉ့်အိပ်ကြ၏။ 55 နံနက်အချိန်လာဗန်ထ၍ သားသမီးတို့ကိုနမ်းရှုပ်လျက် ကောင်းကြီးပေးပြီးမှ နေရင်းအရပ်သို့ ပြန်သွားလေ၏။