30
ရာခေလသည် သားမရကြောင်းသိသည်နှင့် အစ်မကိုငြူစူသောစိတ်ရှိ၍ ကျွန်မအားသားကိုပေးပါ။ မရလျှင်သေတော့အံ့ဟု ယာကုပ်အားလျှောက်ဆိုသော်၊ ယာကုပ်က၊ သင့်အားသားရခွင့်ပေးတော်မမူသော ဘုရားသခင်၏အစား၊ ငါဖြစ်သလောဟု ရာခေလကိုဒေါသမီးလောင်၍ပြန်ဆို၏။ ရာခေလကလည်း ကျွန်မ၌ ကျွန်မိန်းမဗိလဟာရှိပါ၏။ သူ့ထံ၀င်ပါ။ ကျွန်မဒူးပေါ်မှာ သူသားဖွားသဖြင့် ကျွန်မသားရလိမ့်မည်ဟုဆိုလျက်၊ အငယ်အနှောင်းထားစေရန် ကျွန်မိန်းမဗိလဟာကို ယာကုပ်သို့အပ်နှင်းသည့်အလျောက်၊ ယာကုပ်ထွက်၀င်သဖြင့် ဗိလဟာသန္ဓေရ၍ သားယောက်ျားကိုဖွားမြင်သော် ရာခေလက၊ ဘုရားသခင်သည် ငါ့ဘက်၌ 30.5 ပါဠိ - ဒန်ဟူေသာအမည်နှင့်ညီ၏။စီရင်တော်မူပြီ။ ငါလျှောက်ချက်ကိုနားညောင်း၍ သားကိုပေးသနားတော်မူပြီဟုဆိုလျက် ဒန်အမည်ဖြင့်မှည့်လေ၏။ တစ်ဖန် ရာခေလကျွန်မိန်းမဗိလဟာသည် ယာကုပ်ဖြင့်သန္ဓေရပြန်၍ ဒုတိယသားယောက်ျားကို ဖွားမြင်သော်၊ ရာခေလက၊ ငါသည်အစ်မနှင့်အားကြီးစွာ 30.8 ပါဠိ - နဿလိဟူေသာအမည်နှင့်ညီ၏။ပြိုင်၍ နိုင်ခဲ့ပြီဟုဆိုလျက် နဿလိအမည်ဖြင့်မှည့်လေ၏။ လေအာသည် သားပြတ်၍မဖွားကြောင်းသိမြင်သောအခါ ကျွန်မိန်းမဇိလပကိုခေါ်လျက် အငယ်အနှောင်းထားစေရန် ယာကုပ်သို့အပ်နှင်းသည်ဖြစ်၍၊ 10 ၎င်းကျွန်မိန်းမဇိလပလည်း သားယောက်ျားကိုဖွားမြင်သော်၊ 11 လေအာက၊ 30.10 ပါဠိ - ဂဒ်ဟူေသာအမည်နှင့်ညီ၏။အကြောင်းကောင်းပြီဟုဆိုလျက် ဂဒ်အမည်ဖြင့်မှည့်လေ၏။ 12 တစ်ဖန် လေအာ့ကျွန်မိန်းမဇိလပသည် ယာကုပ်ဖြင့်ဒုတိယသားယောက်ျားကို ဖွားမြင်သော်၊ 13 လေအာက၊ ငါ၌ 30.13 ပါဠိ - အာရှာဟူေသာအမည်နှင့်ညီ၏။မင်္ဂလာရှိပြီ။ လူ့သမီးတို့သည် ငါ့ကိုမင်္ဂလာရှိသူဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်ဟုဆိုလျင် အာရှာအမည်ဖြင့်မှည့်လေ၏။ 14 ဂျုံစပါးကိုရိတ်သိမ်းချိန်ကာလ၌ ရုဗင်သည်ဂျုံခင်းသို့သွားရာ အနုဆေးသီးကိုတွေ့၍ အမိလေအာ့ထံဆောင်ခဲ့လေ၏။ 15 ရာခေလကလည်း၊ သင့်သားရခဲ့သောအနုဆေးသီးအချို့ကိုပေးပါဟု လေအာကိုတောင်းလျှင်၊ လေအာက၊ ငါ့လင်ကိုသင်ယူသောအမှုသည် အမှုငယ်ဟုထင်သဖြင့် ငါ့သား၏အနုဆေးသီးကိုပင် ယူလိုသေးသလောဟုဆိုလေသော် ရာခေလက၊ သင့်သား၏အနုဆေးသီးအစား ယနေ့ညဉ့်တွင် လင်သည်သင်နှင့် အိပ်ပါလိမ့်မည်ဟုဆို၏။ 16 ညနေအချိန် ဂျုံခင်းမှယာကုပ်ပြန်လာသောအခါ လေအာသည် ထွက်၍ကြိုဆိုပြီးလျှင် ကျွန်မထံအမောင်၀င်ရမည်။ ကျွန်မသား၏အနုဆေးသီးအခနှင့် အမောင်ကိုကျွန်မမုချငှါးရပါသည်ဟု ဆိုသည့်အတိုင်း ထိုညဉ့်တွင် သူနှင့်အိပ်ရလေ၏။ 17 လေအာလျှောက်ချက်ကို ဘုရားသခင်နားညောင်းတော်မူသဖြင့် သူသည်ယာကုပ်ဖြင့်သန္ဓေရ၍ ပဥ္စမသားကိုဖွားမြင်လေသော်၊ 18 ငါ့ကျွန်မိန်းမကို လင်သို့အပ်နှင်းသည့်အတွက် ဘုရားသခင်သည် ငါအား 30.18 ပါဠိ - ဣသခါဟူေသာအမည်နှင့်ညီ၏။အခကိုပေးတော်မူပြီဟုဆိုလျက် ဣသခါအမည်ဖြင့်မှည့်လေ၏။ 19 တစ်ဖန်လေအာသည် ယာကုပ်ဖြင့်သန္ဓေရပြန်၍ ဆဌမသားယောက်ျားကို ဖွားမြင်လေသော်၊ 20 လေအာက၊ ဘုရားသခင်သည် ကောင်းမွန်စွာလက်ဖွဲ့တော်မူပြီ။ သားခြောက်ယောက်ကို ငါဖွားမြင်သောကြောင့် လင်သည်ယခုငါကို 30.20 ပါဠိ - ဇာဗုလုန်ဟူေသာအမည်နှင့်ညီ၏။ဂုဏ်ရောက်စေမည်ဟုဆိုလျက် ဇာဗုလုန်အမည်ဖြင့်မှည့်လေ၏။ 21 ထိုနောက် သားမိန်းမကိုလည်းဖွားမြင်၍ ဒိနအမည်ဖြင့်မှည့်လေ၏။
22 ဘုရားသခင်သည် ရာခေလကိုသတိရလျက် သူ့လျှောက်ချက်ကိုနားညောင်း၍ သားဆုပေးသနားတော်မူသဖြင့်၊ 23 သူသန္ဓေရ၍ သားယောက်ျားကိုဖွားမြင်လျှင် ငါ၌ကဲ့ရဲ့ရာအကြောင်းကို ဘုရားသခင် 30.23 ပါဠိ - ယောသပ်ဟူေသာအမည်နှင့်ညီ၏။နုတ်ပယ်တော်မူသည်ဟူ၍လည်းေကာင်း၊ 24 အခြားသားကို ထာ၀ရဘုရား 30.24 ပါဠိ - ယောသပ်ဟူေသာအမည်နှင့်ညီ၏။ထပ်၍ ပေးသနားတော်မူပါစေသောဟူ၍လည်းေကာင်း ဆိုလျက် ယောသပ်အမည်ဖြင့်မှည့်လေ၏။
25 သားယောသပ်ကို ရာခေလဖွားမြင်ပြီးနောက် ယာကုပ်က၊ ကျွန်တော်အား နေရင်းပြည်သို့ ပြန်သွားခွင့်ပြုပါ။ 26 ကျွန်တော်အစေခံခြင်းဖြင့် ရသောသားမယားတို့ကို ကျွန်တော်အားအပ်နှင်း၍ သွားပါရစေ။ ကျွန်တော်အစေခံခဲ့သည့်အကြောင်းကို ဦးရီးသိပါသည်ဟု လာဗန်အားလျှောက်ဆိုလျှင်၊ 27 လာဗန်က၊ သင့်စိတ်နှင့်တွေ့လျှင် ဆိုင်းလင့်ပါဦး။ ထာ၀ရဘုရားသည် သင့်အတွက်ကြောင့် ငါ့အားကောင်းကြီးပေးတော်မူကြောင်း ငါသိမြင်ပြီ။ 28 ရလိုသောအခကိုပြောပါ။ ငါပေးမည်ဟု ဆိုလေသော်၊ 29 ကျွန်တော်သည် ဦးရီးထံမည်သို့အစေခံ​ကြောင်းကိုလည်းေကာင်း၊ သိုးဆိတ်များလည်း ကျွန်တော့်လက်၌ မည်သို့ရှိနေကြောင်းကိုလည်းေကာင်း ဦးရီးသိပါ၏။ 30 ကျွန်တော်မရောက်မီ ဦးရီးဥစ္စာနည်းပါးသော်လည်း တိုးပွား၍ ယခုများပြားလျက်ရှိ၏။ ကျွန်တော်သွား​လေရာရာ၌ ထာဝရဘုရားသည် ဦးရီးအားကောင်းကြီးပေးတော်မူပြီ။ ကျွန်တော်မှာလည်း ကိုယ့်အိမ်ထောင်အဖို့ မည်သည့်ကာလဆည်းပူးရအံ့နည်းဟု လျှောက်လျှင်၊ 31 မည်မျှပေးရမည်နည်းဟု လာဗန်မေးပြန်သော် ယာကုပ်က၊ မည်သည့်အရာကိုမျှ မပေးပါနှင့်။ ကျွန်တော်လျှောက်ထားမည့်အတိုင်းပြုမည် ဖြစ်ပါလျှင် ဦးရီးသိုးဆိတ်များကို ဆက်လက်ထိန်းကျောင်းပါဦးမည်။ 32 ယနေ့ပင်ကျွန်တော်သည် သိုးဆိတ်ရှိသမျှအလယ်တွင် ေလျှာက်သွားလျက် အပြောက်၊ အကွက်၊ အညိုရှိသောသိုးများကိုလည်းေကာင်း၊ အကွက်၊ အပြောက်ရှိသောဆိတ်များကိုလည်းေကာင်း ရွေးချယ်ခွဲထားပါမည်။ ထိုသို့သောသိုးဆိတ်များသည် ကျွန်တော့်အခဖြစ်ပါစေ။ 33 နောင်ကာလ၌ ကျွန်တော့်အခကို ဦးရီးလာရောက်ကြည့်ရှုသောအခါ ကျွန်တော့်ဖြောင့်မတ်ခြင်းသည် ကျွန်တော့်အကြောင်းသက်သေခံပါလိမ့်မည်။ အကွက်အပြောက်မရှိသောဆိတ်၊ မညိုသောသိုးများတွေ့ရှိခဲ့လျှင် ကျွန်တော် ခိုးယူကြောင်းမှတ်ပါလော့ဟု လျှောက်ဆို၏။ 34 လာဗန်ကလည်း သင်ပြောတိုင်းဖြစ်စေလော့ဟု၀န်ခံ၍၊ 35 ထိုနေ့၌ပင် အမွေးဖြူပါလျက် အပြောက်အကျားရှိသောဆိတ်ထီး၊ အကွက်အပြောက်ရှိ သောဆိတ်မရှိသမျှနှင့် ညိုသောသိုးရှိသမျှတို့ကို ရွေးချယ်ခွဲထား၍ သားတို့လက်သို့အပ်ပေးပြီးလျှင်၊ 36 ကိုယ့်နေရာနှင့်ယာကုပ်နေရာကို သုံးရက်ခရီးအကွာထား၍ ယာကုပ်သည် လာဗန်၏ကြွင်းသောသိုးဆိတ်များကို ကျောင်းလျက်နေလေ၏။
37 ထိုအခါ ယာကုပ်သည် စိမ်းလန်းသောညောင်ပင်၊ ဗာတံပင်၊ ပိုးစာပင်များမှ လှံတံများကိုခုတ်၍၊ 38 အဖြူစင်းပေါ်အောင် အခွံကိုလှီးခွာပြီးလျှင် သိုးဆိတ်များရေသောက်လာသောအခါ မိတ်လိုက်တတ်သည်ဖြစ်၍ အခွံလှီးခွာခဲ့သောလှံတံများကို ရေတိုက်စားခေါင်းများတွင် ၎င်းတို့ရှေ့စိုက်ထားသည့်အတိုင်း၊ 39 သိုးဆိတ်တို့သည် ထိုလှံတံများရှေ့မိတ်လိုက်၍၊ အပြောက်၊ အကွက်၊ အကျားရှိသောသားငယ်တို့ကို ပေါက်ဖွားကြ၏။ 40 ယာကုပ်သည် ၎င်းသားငယ်များကိုခွဲထား၍ လာဗန့်သိုးဆိတ်များအနက် အညို၊ အကျား ရှိသမျှတို့ရှေ့မှာ သိုးဆိတ်များကိုမျက်နှာချင်းဆိုင်စေ၏။ ကိုယ့်သိုးဆိတ်များကိုလည်း သီးသန့်ခွဲထား၍ လာဗန့်သိုးဆိတ်များနှင့် မရောမနှောစေရ။ 41 အားကြီးသောအကောင်တို့မိတ်လိုက်သောအခါ ယာကုပ်သည် လှံတံထားရာပတ်၀န်းကျင်တွင် မိတ်လိုက်စေလို၍ သူတို့မြင်သာအောင် လှံတံများကို ရေတိုက်စားခေါင်းတွင်ထားလေ့ရှိ၏။ 42 အားနည်းသောအကောင်တို့ရှေ့မှာမူကား ထိုလှံတံများကိုမပြမထား။ ထို​​ကြောင့် အားနည်းသောအကောင်တို့မှာ လာဗန့်အပိုင်၊ အားကြီးသောအကောင်တို့မှာကား ယာကုပ်အပိုင်ဖြစ်ကုန်၏။ 43 ထိုသို့ယာကုပ်သည် အလွန်စီးပွားတိုးတက်၍ သိုး၊ ဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်၊ မြည်းများနှင့်ပြည့်စုံသတည်း။