3
မြွေသည် ထာဝရဘုရားသခင်ဖန်ဆင်းတော်မူသော မြေသတ္တဝါခပ်သိမ်းတို့ထက် လိမ္မာသည်ဖြစ်၍ မိန်းမအား၊ သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်၏အသီးကို မစားရဟု ဘုရားသခင်မိန့်တော်မူသည် ဧကန်စင်စစ်လောဟူ၍မေးသော်၊ မိန်းမက၊ ငါတို့သည် ဥယျာဉ်၌ရှိသော အပင်များ၏အသီးကို စားခွင့်ရှိ၏။ ဥယျာဉ့်ၙအလယ်၌ရှိသော အပင်၏အသီးကိုကား သင်တို့မသေ​စေြခင်းငှါ မကိုင်မစားပဲနေကြလော့ဟု ဘုရားသခင်အမိန့်တော်ရှိသည်ဟူ၍ မြွေအားပြန်ဆို၏။ မြွေကလည်း သင်တို့သည် မုချသေရမည်မဟုတ်။ စင်စစ်မူကား ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် အကောင်းအဆိုးကိုသိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတ္တံ့သည်ကို ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို၏။ ထိုအပင်သည် စားဖွယ်ရှုဖွယ်ကောင်းသည်ကိုလည်းေကာင်း၊ ပညာရစေရန်နှစ်သက်ဖွယ်သောအပင်ြဖစ်သည်ကိုလည်းေကာင်း၊ မိန်းမသိမြင်လျှင် အသီးကိုယူစားသည့်ပြင် ပေးသည့်အတိုင်း ယောက်ျားလည်းစားသဖြင့်၊ ထိုသူနှစ်ဦးတို့သည် မျက်စိပွင့်လင်း၍ အ၀တ်အချည်းစည်းရှိသည်ကိုသိြမင်သည်နှင့် သဖန်းရွက်များကို တွယ်စပ်၍ ၀တ်စည်းရန်လုပ်ကြ၏။ နေအေးသောအချိန်တွင် ထိုဥယျာဉ်၌ ထာဝရဘုရားသခင်ကြွတော်မူသံကို လူလင်မယားတို့ကြားလျှင် ဥယျာဉ်ရှိအပင်များတွင် မျက်မှောက်တော်မှ ပုန်းရှောင်လျက်နေကြ၏။ ထာဝရဘုရားသခင်ကလည်း သင်သည်အဘယ်မှာရှိသနည်းဟု လူကိုခေါ်တော်မူရာ၊ 10 လူက၊ ဥယျာဉ်၌အသံတော်ကို ကျွန်တော်ကြားရလျှင် အဝတ်အချည်းစည်းရှိသောကြောင့် ကြောက်၍ပုန်းရှောင်လျက်နေပါသည်ဟု လျှောက်သော်၊ 11 အ၀တ်အချည်းစည်းရှိသည်ကို မည်သူပြောသနည်း။ မစားရဟု ငါပညတ်သောအပင်၏အသီးကို စားပြီလောဟူ၍ မေးတော်မူ၏။ 12 လူကလည်း ကျွန်တော်အား အပ်ပေးတော်မူသောမိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်ဟု လျှောက်သော်၊ 13 သင်သည် မည်သို့ပြုဘိသနည်းဟု မိန်းမအားထာ၀ရဘုရားသခင်မေးတော်မူလျှင် မိန်းမက မြွေလှည့်စားသဖြင့် ကျွန်တော်မစားမိပါပြီဟု လျှောက်လေ၏။ 14 ထိုအခါ မြွေအားထာ၀ရဘုရားသခင်က၊ ဤအမှုကိုပြုသောကြောင့် သားယဉ်သားရဲအပေါင်းတို့အနက် သင်သည်အမင်္ဂလာကိုခံရလျက် တစ်သက်လုံး၀မ်းဖြင့်တွား၍ မြေမုန့်ကိုစားရမည်။ 15 သင်နှင့်ထိုမိန်းမကိုလည်းေကာင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းေကာင်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင့်ဦး​​ခေါင်းကိုပေါက်လိမ့်မည်၊ သင်လည်း သူဖနောင့်ကိုပေါက်လိမ့်မည်ဟု မိန့်တော်မူ၏။ 16 မိန်းမအားလည်း သင်၌ကိုယ်ဝန်ဆောင်ခြင်းဒုက္ခကို ငါအလွန်များပြားစေမည်။ ဒုက္ခဝေဒနာနှင့်သားဖွားရမည်။ ကိုယ့်ယောက်ျားကို စုံမက်ခင်မင်၍ သူ့အနော်အတာကိုလည်း ခံရမည်ဟုမိန့်တော်မူ၏။ 17 အာဒံအားလည်း သင်သည် မယား၏စကားကိုနားထောင်၍ မစားရဟုငါပညတ်သောအပင်၏အသီးကို စားမိသောကြောင့် ​မြေသည်သင့်အတွက် အမင်္ဂလာကိုခံရသဖြင့် မြေ၏အသီးကိုတစ်သက်ပတ်လုံး ဒုက္ခခံလျက်သင်စားရမည်။ 18 ဆူးပင်ပေါင်းပင်လည်း သင်အဖို့မြေကပေါက်ရမည်။ ကွင်းပြင်မှထွက်သောကောက်ပဲများကို သင်စားရမည်။ 19 မြေသို့မပြန်မချင်း နဖူးမှချွေးထွက်လျက်အစာကိုစားရမည်။ သင်သည်မြေမှထွက်ခဲ့၍ မြေမုန့်ြဖစ်သဖြင့် မြေမုန့်သို့ပင်ပြန်ရမည်ဟု မိန့်တော်မူ၏။ 20 ထိုမိန်းမသည် အသက်ရှင်သောလူအပေါင်းတို့၏ အမိြဖစ်သောကြောင့် 3.21 အနက်ကား ၒ- အသက်။ဧ၀အမည်ဖြင့်လူမှည့်လေ၏။ 21 ထာဝရဘုရားသခင်လည်း အာဒံနှင့်သူ့မယားအဖို့ သားရေအ၀တ်ကိုဖန်ဆင်း၍၀တ်ခြုံစေတော်မူ၏။
22 ထာဝရဘုရားသခင်ကလည်း လူသည်အကောင်းအဆိုးကိုသိ၍ ငါတို့တွင်တစ်ပါးပါးကဲ့သို့ဖြစ်လေပြီ။ ယခုမှာ ထာ၀ရအသက်ရှင်ခြင်းငှါ လက်ဆန့်လျက်အသက်ပင်၏အသီးကို ဆွတ်စားမည်စိုးသည်ဟု မိန့်တော်မူ၍ ထွက်ခဲ့ရင်း မြေ၌လုပ်ကိုင်စေရန်၊ 23 ထာဝရဘုရားသခင်သည် ဧဒင်ဥယျာဉ်ထဲမှ လွှတ်လိုက်တော်မူ၏။ 24 ထိုသို့လူကိုနှင်ထုတ်ပြီးလျှင် အသက်ပင်လမ်းကိုစောင့်ရှောက်စေခြင်းငှါ မီးစက်လက်နက်နှင့်တကွ ခေရုဗတို့ကို ဧဒင်ဥယျာဉ်အရှေ့ဘက်၌ ထားတော်မူ၏။