27
ထိုနောက် ဣဇာက်သည် အိုမင်း၍မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ သားအကြီးဧသောကို၊ ငါ့သားဟု ခေါ်လျှင် ကျွန်တော်ရှိပါသည်ဟု ထူးလေသော်၊ အဘက၊ ငါအိုမင်းလှပြီ။ သေအံ့သောနေ့ရက်ကိုငါမသိ။ 3-4 ငါမသေမီ ငါ့စိတ်၀ိညာဉ်သည် သင့်ကိုကောင်းကြီးပေးစေရန် သင့်လက်နက်တည်းဟူသော လေးနှင့်မြှားကျည်တောက်ကိုဆောင်ကိုင်၍ တောသို့သွားလျက်အမဲလိုက်ပြီးလျှင် ငါမြိန်ရှက်သောခဲဖွယ်ဘောဇဉ်ကို ပြင်ဆင်၍ ငါစားရန်ယူခဲ့လော့ဟု ပြောဆို၏။ ထိုသို့ သားဧသောအား ဣဇာက်ပြောဆိုသည်ကို ရေဗက္ကကြားရ၏။ 6-7 ဧသောသည် အမဲကိုလိုက်၍ရယူရန် တောသို့သွားစဉ်တွင် သားယာကုပ်အား ရေဗက္ကပြောသည်မှာ၊ သင့်အဘက၊ ငါမသေမီ ထာ၀ရဘုရားမျက်မှောက်တော်တွင် သင့်ကိုငါကောင်းကြီးပေးစေခြင်းငှါ၊ ငါစားရန်အမဲကိုယူခဲ့၍ ခဲဖွယ်ဘောဇဉ်ကိုပြင်ဆင်လော့ဟု၊ သင့်အစ်ကိုဧသောအားပြောဆိုသည်ကို ငါကြားရပြီ။ သို့ဖြစ်၍ ငါ့သား၊ ငါမိန့်မှာသမျှစကားကို နားခံလော့။ ဆိတ်အုပ်ရှိရာသို့သွား၍ ကောင်းသောဆိတ်ငယ်နှစ်ကောင်ကို ငါ့ထံယူခဲ့လော့။ သင့်အဘမြိန်ရှက်သော ဘောဇဉ်ကိုငါပြင်ဆင်ပြီးမှ၊ 10 အဘမသေမီ သုံးဆောင်လျက် သင့်ကိုကောင်းကြီးပေးစေခြင်းငှါ သူ့ထံဆောင်ယူရမည်ဟုဆိုလျှင်၊ 11 ယာကုပ်က၊ အစ်ကိုဧသောကား အမွေးထူပြောသူ၊ ကျွန်တော်ကား နည်းပါးသူဖြစ်ကြပါ၏။ 12 အကယ်၍ ကျွန်တော်ကိုအဘစမ်းသပ်လျှင် ပြက်ရယ်ပြုသူဟုမှတ်သဖြင့် ကျွန်တော်သည် ကိုယ့်အပေါ်တွင်မင်္ဂလာကိုမဟုတ်၊ အမင်္ဂလာကိုသင့်စေပါလိမ့်မည်ဟု အမိအားပြန်လျှောက်သော်၊ 13 အမိက ငါ့သား၊ သင်ခံရမည့်အမင်္ဂလာသည် ငါ့အပေါ်သို့သင့်ရောက်ပါစေ။ ငါ့စကားကိုသာနာခံ၍ ထိုဆိတ်ငယ်များကို ယူခဲ့လော့ဟုဆိုသည့်အတိုင်း၊ 14 သူသွား၍ အမိထံဆောင်ယူခဲ့သဖြင့် အမိရေဗက္ကသည် ဣဇာက်မြိန်ရှက်သောဘောဇဉ်ကို ပြင်ဆင်ပြီးလျှင်၊ 15 အိမ်တွင်သူ့လက်ရှိ သားကြီးဧသော၏ကောင်းမွန်သောအ၀တ်ကို သားငယ်ယာကုပ်၀တ်ဆင်စေလျက်၊ 16 ထိုဆိတ်ငယ့်သားရေကို လက်၌လည်းေကာင်း၊ ချောသောလည်၌လည်းေကာင်း၊ ဆင်ယင်၍၊ 17 ပြင်ဆင်ပြီးသော ခဲဖွယ်ဘောဇဉ်နှင့်မုန့်ကို သားယာကုပ်လက်သို့အပ်လေ၏။
18 ယာကုပ်သည်အဘထံ၀င်၍ အဘဟု ခေါ်လျှင်အဘက၊ ငါ့သား၊ ငါရှိ၏။ သင်မည်သူနည်းဟုမေးသော်၊ 19 ယာကုပ်က ကျွန်တော်ကား၊ သားဦးဧသောဖြစ်ပါ၏။ အဘအမိန့်ရှိသည့်အတိုင်း ပြုခဲ့ပါပြီ။ ထ၍ထိုင်ပါ။ အဘစိတ်၀ိညာဉ်သည် ကျွန်တော်ကိုကောင်းကြီးပေးရန် ကျွန်တော့်အမဲသားကိုသုံးဆောင်ပါဟု လျှောက်လေ၏။ 20 အဘဣဇာက်ကလည်း ငါ့သား၊ ဤသို့လျင်မြန်စွာတွေ့ရသည်ကားမည်သို့နည်းဟု သားအားမေးလျှင်၊ အဘ၏ဘုရားသခင်ထာ၀ရဘုရားသည် ကျွန်တော်ဆောင်ရွက်သောအမှုကို အထမြောက်စေတော်မူသည်ဟု ပြန်လျှောက်သော်၊ 21 ဣဇာက်က ငါ့သား၊ သင်သည်သားဧသော မှန်သည်၊ မမှန်သည်ကိုသိလို၍ စမ်းသပ်ရန် ချဉ်းကပ်လော့ဟုဆိုလျှင်၊ 22 ယာကုပ်သည် အဘဣဇာက်ထံချဉ်းကပ်၍ အဘလည်းစမ်းသပ်လျက် စကားသံကား ယာကုပ်အသံ၊ လက်ကား ဧသော့လက်တည်းဟုဆိုရာ၊ 23 လက်သည်အစ်ကိုဧသော့လက်ကဲ့သို့ အမွေးထူပြောသောကြောင့် ယာကုပ်ဖြစ်မှန်းကိုမသိသဖြင့် ကောင်းကြီးပေးလေ၏။ 24 တစ်ဖန်၊ သင်သည် ငါ့သားဧသောမှန်သလောဟုမေးပြန်လျှင်၊ 25 မှန်ပါသည်ဟုလျှောက်သော် အဘက၊ ငါ့သား၏အမဲသားကိုစား၍ ငါ့စိတ်၀ိညာဉ်သည် သင့်အားကောင်းကြီးပေးရန် ငါ့ထံသွင်းခဲ့လော့ဟုဆိုလျှင် ယာကုပ်သည်အမဲသားနှင့်စပျစ်ရည်ကို အဘထံဆက်သွင်း၍၊ 26 သုံးဆောင်ပြီးမှအဘဣဇာက်က ငါ့သား၊ ချဉ်းကပ်၍ငါ့ကိုနမ်းပါလော့ ဟုဆိုလျှင်၊ ယာကုပ်ချဉ်းကပ်၍နမ်းလေ၏။ 27 ယာကုပ်အ၀တ်၏ရနံ့ကိုရ၍ အဘက၊ ငါ့သား၏ရနံ့သည် ထာ၀ရဘုရားကောင်းကြီးပေးတော်မူသော လယ်၏ရနံ့နှင့်တူ၏။ 28 ဘုရားသခင်သည် မိုးကောင်းကင်ဆီးနှင်းကိုလည်းေကာင်း၊ မြေဆီသြဇာကိုလည်းေကာင်း၊ များစွာသောစပါး၊ ဆန်၊ စပျစ်ရည်ကိုလည်းေကာင်း၊ သင့်အားပေးတော်မူပါစေသော၊ 29 လူမျိုးတို့သည် သင့်ထံကျွန်ခံ၍ လူစုတို့သည် သင့်ရှေ့ဦးညွှတ်ရကြစေသော။ သင်သည်ညီအစ်ကိုတို့၏အရှင်ဖြစ်လျက် သင့်အမိသားတို့သည် သင့်ရှေ့ဦးညွှတ်ရကြစေသော။ သင့်ကိုအမင်္ဂလာပေးသူတို့သည် အမင်္ဂလာခံရကြစေသော။ သင့်ကိုမင်္ဂလာပေးသူတို့သည် မင်္ဂလာခံရကြစေသတည်းဟု ကောင်းကြီးပေးလေ၏။
30 ဣဇာက်သည် ယာကုပ်ကိုကောင်းကြီးပေးပြီး၍ အဘထံမှယာကုပ်ထွက်သွားသောခဏချင်းတွင် အစ်ကိုဧသောသည် အမဲလိုက်ရာမှရောက်လာ၏။ 31 သူလည်း ခဲဖွယ်ဘောဇဉ်ကိုပြင်ဆင်၍ အဘထံသို့ဆောင်ခဲ့ပြီးလျှင် အဘစိတ်ဝိညာဉ်သည် ကျွန်တော်ကိုကောင်းကြီးပေးရန် ထ၍သား၏အမဲသားကိုသုံးဆောင်ပါဟုလျှောက်ရာ၊ 32 အဘဣဇာက်က၊ သင်မည်သူနည်းဟုမေးလျှင် ကျွန်တော်ကား၊ သားဦးဧသောဖြစ်ပါသည်ဟု ပြန်လျှောက်သော်၊ 33 ဣဇာက်သည် အလွန်တုန်လှုပ်ချောက်ချားလျက်၊ သို့ဖြစ်လျှင် အမဲသားကိုရ၍ ငါ့ထံသွင်းပြီးသူကား၊ မည်သူနည်း။ သင်မရောက်မီ၊ အမျိုးမျိုးကိုငါစား၍ ထိုသူ့အားကောင်းကြီးပေးလေပြီ။ ကောင်းကြီးလည်း သူ၌တည်လိမ့်မည်ဟု ဆိုလေ၏။ 34 အဘစကားကိုဧသောကြားရလျင် အလွန်နစ်နာ၍ ပြင်းထန်စွာအော်ဟစ်လျက် အိုအဘ၊ ကျွန်တော်ကိုလည်း ကောင်းကြီးပေးပါ။ ကျွန်တော်ကိုပင်ပေးပါဦးဟု လျှောက်ဆိုသော်၊ 35 အဘက၊ သင့်ညီသည် ပရိယာယ်နှင့်လာ၍ သင်ရထိုက်ရာကောင်းကြီးကို ခံယူလေပြီဟုဆိုရာ၊ 36 ဧသောက သူသည်ယာကုပ်အမည်ကိုရ၍ ကျွန်တော်ကိုနှစ်ကြိမ်တိုင် လှည့်ပတ်စီးပိုးပါပြီမဟုတ်တုံလော။ အထက်သြရသရိုက်ရာကို တစ်ကြိမ်၊ ယခုလည်းကောင်းကြီးကိုတစ်ကြိမ်၊ ယူပါပြီဟူ၍လည်းေကာင်း၊ ကျွန်တော့်အဖို့့ကောင်းကြီးတစ်ပါးပါးကို ခြွင်းချန်၍မထားပါလောဟူ၍လည်းေကာင်း လျှောက်လျှင်၊ 37 ဣဇာက်က သူ့ကိုသင့်အရှင်ငါဖြစ်စေပြီ။ ညီအစ်ကိုအပေါင်းတို့ကိုလည်း ကျွန့်အဖြစ်သူ့အားငါပေးခဲ့ပြီ။ စပါး၊ ဆန်၊ စပျစ်ရည်နှင့်သူ့ကိုငါထောက်မပြီ။ ငါ့သား၊ သင့်အဖို့သော်ကား မည်သို့ပြုနိုင်တော့အံ့နည်းဟု ဧသောအားပြန်ဆိုသော်၊ 38 ဧသောက အိုအဘ၊ ကောင်းကြီးတစ်ပါးသာလျှင်ရှိပါသလော။ အိုအဘ၊ ကျွန်တော်ကိုလည်း ကောင်းကြီးပေးပါ။ ကျွန်တော်ကိုပင်ပေးပါဦးဟု ပြန်လျှောက်လျက် အော်ဟစ်ငိုကြွေးလေ၏။ 39 အဘဣဇာက်ကလည်း သင့်နေရာသည် မြေဆီသြဇာနှင့်လည်းေကာင်း၊ အထက်မိုးကောင်းကင်ဆီးနှင်းနှင့်လည်းေကာင်း ​ 27.39 သို့မဟုတ်၊ပြညၙ့်စုံေစမည်။ေ၀းကွာလိမ့်မည်။ 40 ဓားလက်နက်ဖြင့် အသက်ကိုမွေးရလိမ့်မည်။ ညီ့ထံကျွန်ခံရလိမ့်မည်။ ထိုနောက် သူတင်သောထမ်းပိုးကို သင့်ပခုံးမှထကြွ၍ ချိုးဖြတ်ရလိမ့်မည်ဟုပြန်ဆို၏။ 41 ယာကုပ်ကို အဘပေးမိသောကောင်းကြီးမင်္ဂလာကြောင့် ဧသောရန်ငြိုးထား၍ အဘအတွက် မြည်တမ်းရာနေ့ရက်အချိန်နီးပြီ။ ထိုအခါ ညီယာကုပ်ကိုငါသတ်မည်ဟု စိတ်တွင်အောက်မေ့လေ၏။ 42 သားကြီး ဧသောပြောသောစကားအကြောင်း အမိ​​ေရဗက္ကကြားရလျှင် သားငယ်ယာကုပ်ကိုခေါ်စေ၍ အစ်ကိုဧသောသည် သင့်ကိုသတ်မည်ကြံစည်သဖြင့် သင့်အမှုနှင့်စပ်၍စိတ်သက်သာရလေပြီ။ 43 ထိုကြောင့် ငါ့သား၊ အမိစကားကို နားခံလော့။ ထ၍ခါရန်မြို့နေ ငါ့မောင်လာဗန့်ထံသို့ ပြေးသွားလော့။ 44 အစ်ကိုအမျက်ပြေသည့်တိုင်အောင် ဦးရီးထံခေတ္တနေလော့။ 45 သင်အပေါ်၌ အစ်ကို၏ဒေါသမီးငြိမ်းလျက် သင်ပြုခဲ့သောအမှုကိုမေ့လျော့သောအခါ လူလွှတ်၍ ထိုအရပ်မှသင့်ကိုငါခေါ်ယူမည်။ ငါ့သားနှစ်​ယောက်လုံးကို တစ်နေ့ချင်းတွင် အဘယ်ကြောင့်ဆုံးရှုံးရမည်နည်းဟုဆိုလေ၏။ 46 ထိုနောက် ရေဗက္ကက၊ ကျွန်မသည်၊ ဟေသအမျိုးသမီးတို့ကြောင့် ကိုယ့်အသက်ကိုပင်ငြီးငွေ့လှ၏။ ထိုမိန်းမတို့ကဲ့သို့ ဤပြည်သူတည်းဟူသော ဟေသအမျိုးသမီးနှင့် ယာကုပ်အိမ်ထောင်ဘက်ပြုလျှင် ကျွန်မအသက်ရှင်၍ မည်သည့်အကျိုးရှိအံ့နည်းဟု ဣဇာက်အားပြောဆိုရာ၊