26
အာဗြဟံ့လက်ထက် ထိုပြည်တွင် သင့်ဘူးသောအစာခေါင်းပါးခြင်းကပ်မှတစ်ပါး၊ နောက်တစ်ဖန်အစာခေါင်းပါးခြင်းကပ်သင့်ပြန်၍ ဣဇာက်သည် ဖိလိတ္တိမင်းအဘိမလက်စံနေသော ​ဂေရာမြို့သို့ သွားလေ၏။ ထာဝရဘုရားသည် သူ့အားထင်ရှား၍ အိဂျစ်ပြည်သို့မသွားနှင့်။ ငါပြလတ္တံ့သောပြည်၌နေလော့။ ဤပြည်၌ပင် တည်းခိုနေလော့။ သင်နှင့်အတူငါရှိ၍ ကောင်းကြီးပေးမည်။ သင်နှင့်အမျိုးအနွယ်အား ဤပြည်ထောင်ရှိသမျှကို ငါပေး၍ သင့်အဘအာဗြဟံအား ထားခဲ့သောသစ္စာအတိုင်း ငါပြုမည်။ သင့်အမျိုးအနွယ်ကို ကောင်းကင်ကြယ်လုံးရေကဲ့သို့ ပွားများစေမည်။ ထိုအမျိုးအနွယ်အား ဤပြည်ထောင်ရှိသမျှကို ငါပေးမည်။ ၎င်းအမျိုးအနွယ်အားဖြင့်လည်း မြေပေါ်ရှိလူမျိုးခပ်သိမ်းတို့သည် မင်္ဂလာခံရကြလိမ့်မည်။ အသို့ဆိုသော်၊ အာဗြဟံသည် ငါ့စကားကိုနားထောင်၍ ငါ့မှာထားချက်၊ မိန့်ဆိုချက်၊ ထုံးဖွဲ့ချက်၊ ဥပ​ေဒချက်များကို စောင့်ရှောက်ခဲ့သတည်းဟု မိန့်တော်မူ၏။ ဂေရာမြို့၌ ဣဇာက်နေစဉ်တွင်၊ သူ့မယားအကြောင်း ၎င်းမြို့သားတို့မေးကြသည့်ကာလ၊ ရေဗက္ကရှုချင်ဖွယ်အဆင်းလှသည်နှင့် သူ့အတွက် ငါ့ကိုဤမြို့သားတို့သတ်မည်စိုး၍ မယားဖြစ်ကြောင်းမဆိုဝံ့။ ငါ့နှမဖြစ်သည်ဟုပြောဆို၏။ ထိုမြို့၌ ကာလအတန်ကြာနေပြီးမှ၊ ဖိလိတ္တိမင်းအဘိမလက်သည် လေသာပြူတင်းမှရှုကြည့်ရာ၊ ဣဇာက်နှင့်မယားရေဗက္ကတို့ရယ်ရွှင်နေကြသည်ကိုမြင်လျှင် ဣဇာက်ကိုခေါ်၍၊ ထိုမိန်းမကား သင့်မယားအမှန်ဖြစ်လျက် နှမဖြစ်ကြောင်းအဘယ်ကြောင့်ပြောရသနည်းဟုမေးသော် ဣဇာက်က၊ သူ့အတွက်နှင့်ကျွန်တော်သေရမည်စိုးရိမ်ပါသည်ဟု လျှောက်ဆို၏။ 10 အဘိမလက်မင်းကလည်း ငါတို့၌သင်ပြုသောအမှုကား မည်သို့နည်း။ သင့်မယားနှင့်တစ်စုံတစ်ယောက်သောသူ သင့်မြတ်မိခဲ့လျှင် သင်သည်ငါတို့အားအပြစ်ရောက်စေလေပြီဟု မိန့်ဆိုပြီးမှ၊ 11 ထိုလင်မယားကိုထိပါးသောသူသည် မုချကွပ်မျက်ခံရမည်ဟု လူအပေါင်းတို့အားအမိန့်ထုတ်လေ၏။ 12 ထိုပြည်၌ ဣဇာက်သည်မျိုးစေ့ကိုကြဲ၍ တစ်နှစ်ချင်းတွင်အဆတစ်ရာရလေ၏။ ထာဝရဘုရားလည်း ကောင်းကြီးပေးတော်မူသဖြင့်၊ 13 သူကြီးပွါး၍ အစဉ်အတိုင်းတိုးတက်လျက် အထူးကြီးမြတ်ခြင်းသို့ရောက်လေ၏။ 14 သိုး၊ ဆိတ်၊ နွား၊ ကျွန်များနှင့်ပြည့်စုံကြွယ်ဝသောကြောင့် ဖိလိတ္တိလူတို့သည် သူ့ကိုငြူစူ၍၊ 15 အဘအာဗြဟံ့လက်ထက်၊ ၎င်းကျွန်တို့တူးဖော်ခဲ့သောရေတွင်းရှိသမျှကို မြေနှင့်ဖို့ပိတ်ကြ၏။ 16 အဘိမလက်မင်းကလည်း သင်သည်ငါတို့ထက်တန်ခိုးကြီးသည်ဖြစ်၍ ငါတို့ထံမှထွက်သွားလော့ဟု ဣဇာက်အားအမိန့်ရှိသည့်အတိုင်း၊ 17 ဣဇာက်သည် ထိုမြို့မှထွက်သွားပြီးလျှင် ဂေရာချိုင့်၌တဲစိုက်၍နေစဉ်၊ 18 အဘအာဗြဟံ့လက်ထက်တူးဖော်၍ အဘသေလွန်ပြီးနောက် ဖိလိတ္တိလူတို့ဖို့ပိတ်ထားသော ရေတွင်းများကိုတူးဖော်ပြန်လျက် အဘသမုတ်ခဲ့​ေသာအမည်ဖြင့် မှည့်လေ၏။ 19 ထိုချိုင့်၌ ဣဇာက်ကျွန်တို့တူး၍ စမ်းရေပေါက်ကိုတွေ့ကြသော်၊ 20 ဂေရာမြို့နေနွားကျောင်းတို့က၊ ဤရေသည်ငါတို့ရေဖြစ်သည်ဟု ဣဇာက်နွားကျောင်းတို့နှင့်ခိုက်ရန်ပြုလျက် ပြောဆိုကြ၏။ ထိုသို့ခိုက်ရန်ပြုကြသည်ကိုအစွဲပြု၍ ၎င်းရေတွင်းကို 26.20 အနက်ကား၊ခိုက်ရန်ပြုခြင်း၊ဧသက်အမည်ဖြင့် မှည့်လေ၏။ 21 တစ်ဖန်အခြားရေတွင်းကို တူးဖော်ကြသော် ထိုရေတွင်းနှင့်စပ်၍လည်း ခိုက်ရန်ပြုကြသဖြင့် 26.21 အနက်ကား၊ရန်ဖြစ်ခြင်း၊သိတနအမည်ဖြင့် မှည့်လေ၏။ 22 ထိုအရပ်မှနေရာပြောင်းလျက် အခြားရေတွင်းကိုတူးဖော်သော် ထိုရေတွင်းနှင့်စပ်၍ ခိုက်ရန်မပြုသည်နှင့်၊ ငါတို့နေရာကို ထာ၀ရဘုရားကျယ်၀န်းစေတော်မူပြီးဖြစ်သောကြောင့်၊ ဤပြည်၌ပွားများခွင့်ရကြလိမ့်မည်ဟုဆိုလျက် ထိုရေတွင်းကို 26.22 အနက်ကား၊ေခြလပ်၊ရဟောဘုတ်အမည်ဖြင့်မှည့်သတည်း။ 23 တစ်ဖန် ထိုအရပ်မှ ဗေရရှေဘအရပ်သို့ထွက်သွားပြီးမှ၊ 24 ထိုညဉ့်တွင်ပင် ထာ၀ရဘုရားထင်ရှားတော်မူ၍ ငါသည်သင့်အဘအာဗြဟံ၏ ဘုရားပေတည်း။ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်နှင့်အတူငါရှိ၍ ကောင်းကြီးပေးမည်။ ငါ့ကျွန်ရင်းအာဗြဟံ့အတွက် သင့်အမျိုးအနွယ်ကို ပွားများစေမည်ဟု မိန့်တော်မူသဖြင့်၊ 25 ဣဇာက်သည် ထိုအရပ်၌ ပူဇော်ရာပလ္လင်တော်ကိုတည်၍ ထာဝရဘုရား၏နာမတော်အားဖြင့် ပဌနာပြုလျက် တဲကိုစိုက်လေ၏။ ကျွန်တို့သည် ရေတွင်းကိုတူးဖော်ကြ၏။ 26 ထိုအခါ အဘိမလက်မင်းသည် အဆွေတော်အဟုဇာတ်နှင့် ဗိုလ်ချုပ်ဖိကောလတို့ပါ ဂေရာမြို့မှ ဣဇာက်ရှိရာသို့ ကြွရောက်သော်၊ 27 ဣဇာက်က၊ ကျွန်တော်ကိုမုန်းထား၍ နှင်ထုတ်ပြီးဖြစ်လျက်၊ အဘယ်ကြောင့်ကြွရောက်ကြပါသနည်းဟု မေးလျှောက်လျှင်၊ 28-29 ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူကြောင်း ငါတို့အမှန်သိမြင်သည်ဖြစ်၍ ငါတို့သည်သင့်ကိုမထိမပါး၊ အကောင်းကိုသာပြုလျက် ချမ်းသာစွာလွှတ်လိုက်သည့်နည်းတူ၊ သင်လည်းငါတို့ကိုအဆိုးမပြုပါဟု ငါတို့တစ်ဘက်၊ သင်တစ်ဘက်၊ နှစ်ဘက်သားတို့သစ္စာထား၍ မိတ်ဖွဲ့ကြကုန်အံ့။ သင်သည်ထာ၀ရဘုရား၏ ကောင်းကြီးမင်္ဂလာတော်ခံရသူဖြစ်သည်ဟု မိန့်ဆိုကြလေသော်၊ 30 ဣဇာက်သည် သူတို့အဖို့ စားသောက်ပွဲကိုခင်းကျင်း၍ စားသောက်ကြကုန်၏။ 31 နံနက်အချိန်ထ၍ အချင်းချင်းသစ္စာထားကြပြီးမှ ဣဇက်လွှတ်သည့်အလျောက် သူတို့သည်ချမ်းသာစွာပြန်ကြွကြ၏။ 32 ထိုနေ့တွင်ပင် ဣဇာက်ကျွန်တို့သည်လာ၍ တူးသောတွင်း၌ရေတွေ့ကြောင်း ကြားပြောကြလျှင် 33 ထိုရေတွင်းကို ရှေဘအမည်ဖြင့်မှည့်လေ၏။ ထိုကြောင့် ၎င်းမြို့ကိုဗေရရှေဘဟု ယနေ့တိုင်အောင်တွင်သတည်း။
34 ဧသောသည် အသက်လေးဆယ်ရှိသောအခါ ဟိတ္တိလူမျိုးဗေရိသမီး ယုဒိတ်၊ ၎င်းလူမျိုး ဧလုန့်သမီး ဗာရှမတ်တို့နှင့် အိမ်ထောင်ဘက်ပြုလေ၏။ 35 ထိုမိန်းမတို့ကြောင့် ဣဇာက်နှင့်ရေဗက္ကတို့ စိတ်ပူဆွေးရန်အကြောင်းဖြစ်သတည်း။