21
ထာဝရဘုရားမိန့်ဆိုတော်မူခဲ့သည့်အတိုင်း စာရာကိုကြည့်ရှုပြုစုတော်မူသဖြင့်၊ စာရာသည်သန္ဓေရရှိ၍ ဘုရားသခင်မိန့်တော်မူခဲ့သောအခါသမယ၌ အာဗြဟံအသက်ကြီးရင့်မှ သူဖြင့်သား​ေယာက်ျားကိုရလေ၏။ အာဗြဟံသည် စာရာဖွား၍ရသောသားကို ဣဇာက်အမည်ဖြင့်မှည့်လျက်၊ ဘုရားသခင်မိန့်မှာတော်မူသည့်အတိုင်း သားဣဇာက် ရှစ်ရက်အရွယ်ရောက်လျှင် လှီးဖြတ်ခြင်းမင်္ဂလာပေးလေ၏။ သားဣဇာက်ကိုရသောအခါ အာဗြဟံသည် အသက်တစ်ရာရှိသတည်း။ စာရာကလည်း ဘုရားသခင်သည် ငါအားရယ်ရွှင်ခွင့်ကိုပေးတော်မူပြီ။ ကြားရသူအပေါင်းတို့လည်း ငါနှင့်အတူရယ်ရွှင်ကြလိမ့်မည် ဟူ၍လည်းေကာင်း၊ စာရာသည် သားကိုနို့ချိုတိုက်ကျွေးရလိမ့်မည်ဟု အာဗြဟံအား မည်သူပြောနှင့်ရသနည်း။ သူအသက်ကြီးရင့်မှ ငါသည်သား​ေယာက်ျားကိုရပြီဟူ၍လည်းေကာင်း ဆိုလေ၏။
8-9 ထိုသူငယ်ဣဇာက်ကြီးပွား၍ နို့ခွဲထား၏။ နို့ခွဲသောနေ့၌ အာြဗဟံသည်ပွဲကြီးကျင်းပစဥ် အိဂျစ်ပြည်သူဟာဂရဖြင့် အာဗြဟံရသောသား ရယ်သွမ်းသေွးသည်ကို စာရာမြင်သော်၊ 10 ထိုကျွန်မိန်းမနှင့် သူ့သားကိုနှင်ထုတ်ပါလော့။ ထိုကျွန်မိန်းမ၏သားသည် ကျွန်မ၏သားဣဇာက်နှင့်အတူ အမွေခံရမည်မဟုတ်ဟု အာြဗဟံအားဆိုလေ၏။ 11 အာဗြဟံသည် ထိုသားအတွက်အမှုခက်လှသည်ဟု ထင်မြင်သော်၊ 12 ဘုရားသခင်က ထိုသူငယ်နှင့်သင့်ကျွန်မိန်းမအတွက် ခက်သည်ဟုမထင်မြင်ဘဲ၊ စာရာပြောဆိုသမျှစကားကို နားထောင်လော့။ ဣဇာက်မှသာ သင့်အမျိုးအနွယ်ဟုသမုတ်လိမ့်မည်။ 13 ထိုကျွန်မ၏သားမူကား သင့်အမျိုးအနွယ်ဖြစ်သောကြောင့် သူ့အားဖြင့်လည်း လူတစ်မျိုးဖြစ်စေမည်ဟု အာဗြဟံအားမိန့်တော်မူ၏။ 14 အာဗြဟံသည် နံနက်အချိန်ထပြီးမှ မုန့်နှင့်ရေဘူးကိုယူ၍ ဟာဂရပခုံးထက်တင်လျက် သူငယ်ကိုအပ်ပြီးလျှင်၊ လွှတ်လိုက်သည့်အတိုင်း ဟာဂရထွက်သွား၍ ဗေရရှေဘတော၌ လှည့်လည်လျက်နေရရှာ၏။ 15 ဘူး၌ရေကုန်သောအခါ သူငယ်ကို သစ်ပင်အောက်တွင်ချထားခဲ့၍၊ 16 ငါသည်သူငယ်သေသည်ကိုမမြင်လိုဟုဆိုလျက် လေးတစ်ပစ်ခန့်ကွာ သွားပြီးလျှင် သူငယ်ကိုရှေ့ရှုထိုင်နေလေ၏။ ထိုသို့ထိုင်နေလျက် ဟာဂရဟစ်အော်ငိုကြွေးစဥ်၊ 17 သူငယ်၏အသံကိုဘုရားသခင်ကြားတော်မူ၍ ဘုရားသခင့်စေတမန်တော်က၊ ဟာဂရမည်သို့နည်း။ မစိုးရိမ်နှင့်။ သူငယ်ရှိရာမှသူ့ အသံကိုဘုရားသခင်ကြားတော်မူပြီ။ 18 ထလော့။ သူငယ်ကိုထူ၍ လက်နှင့်မလော့။ သူ့အားဖြင့် လူမျိုးကြီးငါဖြစ်စေမည်ဟု ကောင်းကင်မှခေါ်၍ ဟာဂရအားမြွက်ဆို၏။ 19 မျက်စိကို ဘုရားသခင်ပွင့်စေတော်မူသဖြင့် ဟာဂရသည် ရေတွင်းကိုမြင်ရသည့်အလျောက် သွား၍ဘူးတွင်ရေဖြည့်ပြီးလျှင် သူငယ်ကိုတိုက်လေ၏။ 20 ထိုသူငယ်နှင့်အတူ ဘုရားသခင်ရှိတော်မူသဖြင့် သူကြီးပွား၍တော၌နေလျက် အရွယ်ရောက်သော် လေးသမားြဖစ်ေလ၏။ 21 ပါရန်တော၌နေရာ သူ့အမိသည် အိဂျစ်ပြည်မှမိန်းမတစ်ယောက်ကိုခေါ်၍ သူနှင့်ထိမ်းမြားလေ၏။
22 ထိုရောအခါ အဘိမလက်မင်းနှင့် ဗိုလ်ချုပ်ဖိကောလတို့က သင်ပြုလေသမျှ၌ သင်နှင့်အတူ ဘုရားသခင်ရှိတော်မူသည်ြဖစ်၍၊ 23 သင်သည်ငါမှစသော ငါ့သားမြေးတို့ကိုမလှည့်စားဘဲ သင့်ကိုငါကျေးဇူးပြုသကဲ့သို့ ငါ့ကိုလည်းေကာင်း၊ သင်တည်းခိုရာပြည်ကိုလည်းေကာင်း၊ ကျေးဇူးပြုမည့်အကြောင်း ဘုရားသခင်ကိုတိုင်တည်၍ ဤတွင်သစ္စာထားလော့ဟု အာဗြဟံအားမိန့်ဆိုရာ၊ 24 သစ္စာထားပါမည်ဟု အာဗြဟံပြန်လျှောက်လေ၏။ 25 ထိုအခါ အဘိမလက်မင်း၏ကျွန်တို့လုယူကြသော ရေတွင်းနှင့်စပ်၍အာဗြဟံသည် အဘိမလက်မင်းအား အပြစ်ဖော်ပြသော်၊ 26 အဘိမလက်မင်းက ဤအမှုမည်သူပြုသည်ကိုငါမသိ။ ယနေ့တိုင်အောင် သင်လည်းမလျှောက်၊ ငါလည်းမကြားရဟုမိန့်ဆို၏။ 27 အာဗြဟံလည်း သိုး၊ ဆိတ်၊ နွားများကိုယူပြီးလျှင် အဘိမလက်မင်းအားဆက်၍ ထိုနှစ်ဦးတို့ ပဋိညာဥ်ဖွဲ့ကြ၏။ 28 အာဗြဟံသည် သိုးစုအနက် သိုးမငယ်ခုနစ်ကောင်ကို အသီးအခြားထားပြီးလျှင်၊ 29 အဘိမလက်မင်းက အသီးအခြားထားသောထိုသိုးမငယ်ခုနစ်ကောင်ကား မည်သို့နည်းဟုမေးသော်၊ 30 ဤရေတွင်းကို ကျွန်တော်တူးရသောသက်သေအလို့ငှါ ထိုသိုးမငယ်ခုနစ်ကောင်ကို ကျွန်တော့်လက်မှခံယူပါဟု အာဗြဟံလျှောက်ပြန်၏။ 31 ၎င်းအရပ်၌ ထိုနှစ်ဦးတို့သစ္စာထားကြသည်ကို အစွဲပြု၍ 21.31 အနက်ကား၊သစ္စာထားရာေရတွင်းဗေရရှေဘဟု သမုတ်ကြ၏။ 32 ထိုသို့ဗေရရှေဘအရပ်တွင် ပဋိညာဉ်ဖွဲ့ပြီးမှ အဘိမလက်မင်းနှင့် ဗိုလ်ချုပ်ဖိကောလတို့ထ၍ ဖိလိတ္တိပြည်သို့ပြန်သွားကြ၏။ 33 အာဗြဟံသည် ဗေရ​ရှေဘအရပ်၌ မကျည်းပင်ကိုစိုက်ပျိုး၍ အစဉ်အမြဲတည်ရှိတော်မူသော ထာ၀ရဘုရားသခင့်နာမတော်အားဖြင့် ပဌနာပြုလေ၏။ 34 ဖိလိတ္တိပြည်မှာ ကာလရှည်ကြာစွာ အာြဗဟံတည်းနေသတည်း။