2
မိုးမြေနှင့်တကွ 2.1 ပါဠိၒ ၒ- ဗိုလ်ေခြတို့။ရှိရှိသမျှသည် ပြီးစီးလျက်ရှိကြကုန်၏။ သတ္တမနေ့ရက်ရောက်လျှင် ဘုရားသခင်သည် ယမန်ဖန်ဆင်းခဲ့သောအမှုကို လက်စသတ်တော်မူ၍ အမှုအရာရှိသမျှကိုဖန်ဆင်းပြီးမှ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ဘုရားသခင်သည် အမှုအရာရှိသမျှကိုဖန်ဆင်းပြုပြင်ပြီးမှ သတ္တမနေ့ရက်၌ငြိမ်၀ပ်စွာ နေတော်မူသောကြောင့် ထိုနေ့ရက်ကိုကောင်းကြီးပေး၍ သီးသန့်ထားတော်မူ၏။
ဤအကြောင်းအရာကား ထာဝရဘုရားသခင်သည် မိုးမြေကိုဖန်ဆင်းတော်မူသောနေ့၊ ဖန်ဆင်းရာကာလတွင် မိုးမြေ၏မူလအတ္ထုပ္ပတ္တိပေတည်း။ ထာ၀ရဘုရားသခင်သည် မြေပေါ်၌မိုးကိုရွာစေတော်မမူ။ မြေ၌လုပ်သောသူလည်းမရှိသေးသည်ဖြစ်၍ မြေပေါ်တွင် ကွင်းပြင်မှာအပင်အ​​​ေညှာက်မပေါ်။ ကောက်ပဲလည်းမပေါက်သေး။ သို့ရာတွင် ​မြေမှထွက်သောအခိုးအငွေ့သည် မြေတစ်ပြင်လုံးကိုစို​ေစလေ၏။ ထိုနောက်၊ ထာဝရဘုရားသခင်သည် မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍ သူ့နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်သွင်းတော်မူရာ လူသည် အသက်ရှင်သောသတ္တဝါဖြစ်လေ၏။ ထာဝရဘုရားသခင်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ ဥယျာဉ်ကိုစိုက်ပျိုးပြီးလျှင် ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌နေရာချထားတော်မူ၏။ ထာ၀ရဘုရားသခင်သည် ထိုမြေထဲမှ ရှုဖွယ်စားဖွယ်ကောင်းသောအပင်အမျိုးမျိုးကိုလည်းေကာင်း၊ ဥယျာဉ်အလယ်၌ အသက်ပင်ကိုလည်းေကာင်း၊ အကောင်းအဆိုးသိကျွမ်းရာအပင်ကိုလည်းေကာင်း ပေါက်စေတော်မူ၏။ 10 ထိုဥယျာဉ်ကိုစိုစွတ်စေရန် မြစ်တစ်မြစ်သည် ဧဒင်အရပ်ထဲကစီးထွက်သဖြင့် ဥယျာဉ့်ပြင်မှကွဲ၍ မြစ်ကြီးလေးသွယ်ဖြစ်လေ၏။ 11 ပဌမမြစ်ကား ဖိရှုန်အမည်ရှိ၏။ ထိုမြစ်သည် ရွှေရှိသောဟဝိလပြည်တစ်လျှောက်လုံးကို လှည့်၍စီးသွားလေ၏။ 12 ထိုပြည်မှထွက်သောရွှေသည် ကောင်းလှ၏။ ပယင်းနှင့်မဟူရာကျောက်လည်းရှိ၏။ 13 ဒုတိယမြစ်ကား ဂိဟုန်အမည်ရှိ၏။ ထိုမြစ်သည် ကုရှပြည်တစ်လျှောက်လုံးကို လှည့်၍စီးသွားလေ၏။ 14 တတိယမြစ်ကား တိဂရစ်အမည်ရှိ၏။ ထိုမြစ်သည် အာရှုရိတိုင်းအရှေ့သို့စီးသွားလေ၏။ စတုတ္ထမြစ်ကား ဥဖရတ်အမည်ရှိ၏။
15 ထိုအခါ ထာဝရဘုရားသခင်သည် လူကိုခေါ်ဆောင်၍ ဧဒင်ဥယျာဉ်ကိုပြုစုစောင့်ထိန်းစေခြင်းငှါ ထားတော်မူ၏။ 16 ထာဝရဘုရားသခင်ကလည်း ထိုဥယျာဉ်၌ရှိသမျှသော အပင်၏အသီးကို သင်စားခွင့်ရှိ၏။ 17 အကောင်းအဆိုးသိကျွမ်းရာအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် မုချသေရမည်ဟု လူကိုပညတ်ထားတော်မူ၏။
18 ထာဝရဘုရားသခင်ကလည်း လူသည် တစ်​ယောက်တည်းမနေစကောင်း။ သူ့အဖို့တော်သောအထောက်အမကို ငါဖန်ဆင်းဦးမည်ဟုမိန့်တော်မူ၏။ 19 ထာ၀ရဘုရားသခင်သည် မြေသတ္တဝါနှင့်လေသတ္တဝါအပေါင်းတို့ကို မြေဖြင့်ဖန်ဆင်းတော်မူပြီးလျှင် လူသည်မည်သို့ခေါ်​​ဝေါ်သည်ကို သိခြင်းငှါဆောင်ခဲ့တော်မူ၍ လူမှည့်ခေါ်သည့်အတိုင်း သက်ရှိသတ္တဝါအပေါင်းတို့ အမည်အသီးအသီးရှိကြ၏။ 20 ထိုသို့လူသည် သားယဉ်သားရဲနှင့်လေသတ္တဝါအပေါင်းတို့ကို အမည်မှည့်လေ၏။ သို့သော်လည်း လူ့အဖို့တော်သောအထောက်အမ မရမရှိသေး။ 21 ထိုအခါ ထာဝရဘုရားသခင်သည် လူကိုအိပ်မောကျစေတော်မူ၍ အိပ်ပျော်စဉ်၊ နံရိုးတစ်ချောင်းကိုထုတ်ပြီးလျှင် ထိုအရိုးအစားအသားကို စေ့စပ်စေတော်မူ၏။ 22 ထာဝရဘုရားသခင်သည် လူထဲမှထုတ်သောနံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ 23 လူကလည်း ယခုမှဤသူသည် ငါ့အရိုး၏အရိုး၊ ငါ့အသား၏အသားဖြစ်၏။ လူယောက်ျားထဲမှထုတ်သောကြောင့် လူမိန်းမဟူ၍ခေါ်​ဝေါ်အပ်သည်ဟုဆိုလေ၏။ 24 ထိုအကြောင်းကြောင့် ယောက်ျားသည်မိဘထံမှထွက်ခွာ၍ မယားနှင့်စုံဖက်သဖြင့် ထိုသူတို့သည် တစ်သားတည်းဖြစ်ရလိမ့်မည်။ 25 ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်အချည်းစည်းနေရသော်လည်း ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြ၏။