17
အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ အာဗြံအား ထာ၀ရဘုရားထင်ရှားတော်မူ၍ ငါကား၊ 17.1 ပါဠိၒ ၒ- ဧလရှေဒ္ဒအနန္တတန်ခိုးရှင် ဘုရားသခင်ပင်တည်း။ ငါ့မျက်မှောက်တွင် သွားလာစုံလင်စေလော့။ ငါသည် သင်နှင့်ပဋိညာဉ်ပြု၍ သင့်ကိုအလွန်ပွားများစေမည်ဟု မိန့်တော်မူသဖြင့်၊ အာဗြံပျပ်ဝပ်လျှင် ဘုရားသခင်မိန့်တော်မူပြန်သည်မှာ၊ ငါပြုသောပဋိညာဉ်သည် သင်၌တည်၍ လူမျိုးအများတို့၏အဘဦး သင်ဖြစ်ရလိမ့်မည်။ လူမျိုးအများတို့၏အဘဦးအဖြစ် သင့်ကိုငါခန့်ထားပြီးဖြစ်သောကြောင့် သင့်အမည်ကို အာဗြံဟုထပ်မံမခေါ်ရ။ 17.5 အနကၒ်ကား၊ အများတို့၏အမှူး္အာဗြဟံဟုခေါ် ရကြမည်။ ငါသည်သင့်ကိုအလွန်ပွားများစေ၍ သင့်အားဖြင့် လူမျိုးများကိုဖြစ်စေမည်။ သင်မှမင်းများတို့ ဆင်းသက်ကြလိမ့်မည်။ ငါသည်သင်၏ဘုရား၊ သင်မှဆင်းသက်သောအမျိုးအနွယ်၏ဘုရားဖြစ်မည်ဟု သင်မှစ၍ အမျိုးအနွယ်အစဥ်အဆက်တို့နှင့် ငါဖွဲ့ထားသောပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်။ ယခုလူစိမ်းအဖြစ်နေသော ခါနာန်ပြည်တစ်၀ှမ်းလုံးကို သင့်အားလည်းေကာင်း၊ သင်မှဆင်းသက်သောအမျိုးအနွယ်အားလည်းေကာင်း၊ အစဥ်အမြဲအပိုင်ပေးလျက် သူတို့၏ဘုရားလည်းငါဖြစ်မည်ဟု အာဗြဟံအားမိန့်မြွက်တော်မူ၏။ တစ်ဖန်ဘုရားသခင်က သင်နှင့်တကွ သင်မှဆင်းသက်သောအမျိုးအနွယ် အစဥ်အဆက်တို့သည် ငါ့ပဋိညာဉ်ကို စောင့်ရှောက်ကြရမည်။ 10 သင်နှင့်လည်းေကာင်း၊ သင်မှဆင်းသက်သောအမျိုးအနွယ်တို့နှင့်လည်းေကာင်း၊ ငါဖွဲ့ထားသော သင်တို့စောင့်ရှောက်ရမည့် ပဋိညာဥ်ဟူမူကား သင်တို့တွင် ယောက်ျားတိုင်းလှီးဖြတ်ြခင်းမင်္ဂလာကို ခံရမည်။ 11 အရေဖျားလှီးဖြတ်ြခင်းခံရသောမင်္ဂလာသည် သင်တို့နှင့်ငါပြုသော ပဋိညာဉ်၏အမှတ်သညာ ဖြစ်ရလိမ့်မည်။ 12 အိမ်ပေါက်သားသော်လည်းေကာင်း၊ ကိုယ့်အမျိုးမဟုတ်၊ တစ်ပါးအမျိုးထံမှရသောငွေ၀ယ်သားသော်လည်းေကာင်း၊ သင်တို့အမျိုးအစဥ်အဆက်တို့၌ သားယောကျ်ားတိုင်း ရှစ်ရက်အရွယ်ရောက်လျှင် လှီးဖြတ်ခြင်းမင်္ဂလာကို ခံရမည်။ 13 ထိုမင်္ဂလာကို အိမ်ပေါက်သား၊ ငွေ၀ယ်သားတို့ခံကြရမည်။ သင်တို့အသား၌တည်သောငါ့ပဋိညာဉ်သည် ထာ၀ရပဋိညာဉ်ဖြစ်လိမ့်မည်။ 14 အရေဖျားမလှီး၊ ၎င်းမင်္ဂလာကိုမခံသောယောက်ျားကား အမျိုးမှပယ်ရှားခံရမည်။ ထိုသူသည် ငါ့ပဋိညာဉ်ကိုဖျက်လေပြီဟု အာဗြဟံအားမိန့်တော်မူ၏။
15 တစ်ဖန်ဘုရားသခင်က၊ သင့်မယားစာရဲကို စာရဲအမည်ဖြင့်မခေါ်ရ။ 17.15 အနကၒ်ကား၊ မငၒ်းသမီး္စာရာအမည်ဖြင့်တွင်ရမည်။ 16 သူ့ကိုငါကောင်းကြီးပေး၍ သူ့အားဖြင့်လည်း သင့်ကိုသားယောက်ျားပေးမည်။ ငါမုချကောင်းကြီးပေး၍ သူ့အားဖြင့်လူမျိုးများ ဖြစ်ပွားကြလိမ့်မည်။ သူမှလည်း ပြည်ထောင်မင်းများဆင်းသက်ကြလိမ့်မည်ဟု အာဗြဟံအား မိန့်တော်မူရာ၊ 17 အာဗြဟံသည် ပျပ်ဝပ်ပြီးလျှင် 17.17 ပါဠိ ၒ- ဣဇာက်ဟူေသာအမည်နှင့်တူ၏။ရယ်လျက် အသက်တစ်ရာရှိသူကား သားရမည်လော။ အသက်ကိုးဆယ်ရှိသူစာရာလည်း သားဖွားမည်လောဟု စိတ်တွင်အောက်မေ့၍၊ 18 ဣရှမေလသည် မျက်မှောက်တော်၌ တည်နေခွင့်ရှိပါစေသောဟု ဘုရားသခင်အားလျှောက်သောအခါ 19 ဘုရားသခင်မိန့်တော်မူပြန်သည်မှာ သင့်မယားစာရာကား၊ သားယောကျ်ားကိုဖွားလိမ့်မည်။ ထိုသား၏အမည်ကိုလည်း ဣဇာက်ဟုမှည့်ရမည်။ သူမှဆင်းသက်သောအမျိုးအနွယ်အတွက် ထာ၀ရပဋိညာဉ်ဖြစ်စေခြင်းငှါ ပဋိညာဉ်ကိုထိုသူနှင့်ငါဖွဲ့ထားမည်။ 20 ဣရှမေလအကြောင်းမှာလည်း သင့်စကားကိုငါကြားရပြီ။ သူ့ကိုငါကောင်းကြီးပေး၍ အလွန်တိုးပွားများပြားစေမည်။ သူသည်ဆယ့်နှစ်ဦးသောအကြီးအကဲတို့၏ အဘဖြစ်လျက် သူ့အားဖြင့်လည်း လူမျိုးကြီးဖြစ်စေမည်။ 21 ငါ့ပဋိညာဥ်ကိုကား ယခုအခါသမယတွင် စာရာဖွားအံ့သောသားဣဇာက်နှင့်သာ ငါဖွဲ့ထားမည်ဟု မိန့်တော်မူပြီးလျှင်၊ 22 အာဗြဟံ့ထံမှ ဘုရားသခင်တက်ကြွတော်မူ၏။ 23 အာဗြဟံလည်း သားဣရှမေလမှစ၍ အိမ်ပေါက်သား၊ ငွေ၀ယ်သား၊ အာဗြဟံ၏အိမ်နေယောက်ျားအပေါင်းတို့ကိုခေါ်ယူ၍ ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ထိုနေ့ချင်းတွင် အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။ 24 အာဗြဟံကိုယ်တိုင် အရေဖျားလှီးမင်္ဂလာကိုခံသောအခါ အသက်ကိုးဆယ့်ကိုးနှစ်ရှိ၏။ 25 သားဣရှမေလလည်း ထိုမင်္ဂလာကို ခံသောအခါ ဆယ့်သုံးနှစ်ရှိ၏။ 26 ထိုနေ့ချင်းတွင် အာဗြဟံနှင့်သားဣရှမေလတို့သည် လှီးဖြတ်ခြင်းမင်္ဂလာကိုခံကြ၏။ 27 အိမ်ပေါက်သားသော်လည်းေကာင်း၊ တစ်ပါးအမျိုးထံမှရသောငွေ၀ယ်သားသော်လည်းေကာင်း၊ သူ့အိမ်နေယောက်ျားအပေါင်းတို့သည် သူနှင့်အတူ ထိုမင်္ဂလာကိုခံကြကုန်၏။