15
ထိုနောက် ထာ၀ရဘုရား၏ဗျာဒိတ်တော်သည် အာဗြံ၏မနောအာရုံသို့သွားရောက်၍ အာဗြံ၊ မကြောက်နှင့်။ ငါသည်သင်၏ဒိုင်းလွှားသဖွယ်ဖြစ်၏။ သင်၌အကျိုးကျေးဇူးကြီးလှမည်ဟု မိန့်တော်မူလျှင်၊ အာဗြံက အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားမရဘဲ လားရမည်ဖြစ်ပါ၍ ဒမာသက်ဧ​ေလျဇာသည် အမွေစားဖြစ်ခဲ့သော် အကျွနု်ပ်အားအဘယ်ကျေးဇူးကို သနားတော်မူပါမည်နည်းဟု လျောက်ဆို၏။ တစ်ဖန်အာဗြံက၊ အကျွန်ုပ်အား သားဆုကိုသနားတော်မမူခဲ့၍ အိမ်ပေါက်သားသည် အမွေစားဖြစ်ရပါသည်တကားဟု လျှောက်ပြန်လျှင်၊ ထာ၀ရဘုရား၏ဗျာဒိတ်တော် ရောက်လာပြန်သည်ကား၊ ထိုသူသည် သင့်အမွေစားဖြစ်ရမည်မဟုတ်။ ကိုယ့်ရင်သွေးဖြစ်သူသာလျှင် သင့်အမွေခံဖြစ်ရလိမ့်မည်ဟု မိန့်တော်မူလျက်၊ အာဗြံကိုပြင်သို့ထုတ်ဆောင်တော်မူ၍ မိုးကောင်းကင်ကိုေမာ်ကြည့်လော့။ ကြယ်များကိုရေတွက်နိုင်လျှင် ရေတွက်လော့။ သင့်အမျိုးအနွယ်သည် ထိုနှင့်အမျှဖြစ်ရလိမ့်မည်ဟုမိန့်တော်မူသော် အာဗြံသည် ထာ၀ရဘုရားကိုယုံကြည်သဖြင့်၊ သူ့ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းဟု မှတ်တော်မူ၏။ တစ်ဖန်၊ ငါကား ဤပြည်ကို သင့်အားအပိုင်ပေးအံ့သောငှါ ခါလဒဲပြည်၊ ဥရမြို့မှထုတ်ဆောင်ခဲ့သော ထာ၀ရဘုရားဖြစ်သည်ဟု မိန့်တော်မူလျှင်၊ အရှင်ထာဝရဘုရား၊ ထိုပြည်ကိုအပိုင်ရမည့်အကြောင်း မည်သို့သိရပါမည်နည်းဟု မေးလျှောက်သော်၊ အသက်သုံးနှစ်စီရှိသော နွားမတစ်ကောင်၊ ဆိတ်မတစ်ကောင်၊ သိုးထီးတစ်ကောင်ပြင်၊ ချိုးတစ်ကောင်၊ ခိုငယ်တစ်ကောင်၊ ထိုငါးကောင်များကို ငါ့အဖို့ယူလော့ဟု မိန့်တော်မူသည့်အတိုင်း၊ 10 ထိုတိရစ္ဆာန်အပေါင်းတို့ကိုယူ၍ ထက်ခြမ်းစီခွဲပြီးလျှင် ခွဲခြမ်းသားများကိုယှဥ်ထားလေ၏။ 11 ငှက်ကောင်တို့ကိုကားမခွဲ၊ အသေကောင်များအပေါ်သို့ သက်လာ​ေသ​ာငှက်ရဲတို့ကို မောင်းနှင်ပြီးနောက်၊ 12 နေဝင်ဆဲအခါ အာဗြံသည် အိပ်မောကျစဥ် ကြောက်မက်ဖွယ်တခဲနက်သောမှောင်နှင့် တွေ့ရလေ၏။ 13 ထာ၀ရဘုရားကလည်း အာဗြံအား၊ သင့်အမျိုးအနွယ်သည် ကိုယ်မဆိုင်သောပြည်တွင်၀င်နေလျက် နှစ်ပေါင်းလေးရာပတ်လုံး ကျွန်အဖြစ်နှိပ်စက်ခြင်းခံရကြမည့်အကြောင်း အမှန်သိမှတ်လော့။ 14 ကျွန်စေစားသောလူမျိုးကို၊ ငါဒဏ်စီရင်ပြီးနောက် များစွာသောဥစ္စာပစ္စည်းနှင့် ထွက်လွတ်ရကြလိမ့်မည်။ 15 သင်မူကား အသက်ကြီးရင့်မှဘိုးဘေးတို့ထံသို့ ငြိမ်သက်စွာလား၍ သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။ 16 လူမျိုးလေးဆက်မြောက်သောကာလတွင် ထိုသူတို့သည် ဤပြည်သို့ပြန်လာရကြလိမ့်မည်။ အာမောရိလူမျိုးတို့ ဒုစရိုက်မှုယခုမပြည့်သေးဟု မိန့်တော်မူ၏။ 17 နေဝင်၍ မှောင်သောအခါ ထိုအသားခြမ်းများစပ်ကြား၌ အခိုးထွက်သောဖို၊ တောက်သောမီးတိုင်သဖွယ် ထွက်ပေါ်သွားလေ၏။ 18 ထိုနေ့ရက်၌ ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ဖွဲ့တော်မူလျက် အိဂျစ်ပြည်ရှိမြစ်မှစ၍ ဥဖရတ်မြစ်ကြီးတိုင်အောင်၊ 19-21 ကေနိ၊ ကေနဇိ၊ ကာဒမောနိ၊ ဟိတ္တိ၊ ဖေရဇိ၊ ရေဖိမ်၊ အာမောရိ၊ ခါနနိ၊ ဂိရဂါရှိ၊ ယေဗုသိလူမျိုးတို့ နေထိုင်ကြသောဤပြည်ကို သင့်အမျိုးအနွယ်အားငါအပ်ပေးပြီဟု မိန့်တော်မူ၏။