14
ထိုရောအခါ၊ ရှိနာမင်းအံရဖေလ၊ ဧလာသာမင်းအာရုတ်၊ ဧလံမင်းခေဒေါရလောမာ၊ ဂေါအိမ်မင်းတိဒလတို့တစ်ဖက်၊ သောဒုံမင်းဗေရ၊ ဂေါမောရမင်းဗိရ​ေရှ၊ အာဓမာမင်းရှိနပ်၊ ဇေဘိုင်မင်းရှေမဘာ၊ ဇောရ။ တစ်နည်းဗေလာမင်းတို့တစ်ဘက်၊ စစ်ပြိုင်ကြ၏။ ၎င်းမင်းတို့သည် ရေငံအိုင်၊ တစ်နည်းစိဒ္ဒိမ်ချိုင့်တွင် မဟာမိတ်ဖွဲ့ကြ၏။ ဆယ့်နှစ်နှစ်ကြာ ခေ​ဒေါရလောမာမင်းအောက်၌ကျွန်ခံရပြီးလျှင် ဆယ့်သုံးနှစ်မြောက်သောအခါ ပုန်ကန်ကြ၏။ ဆယ့်လေးနှစ်မြောက်လျှင် ခေဒေါရလောမာမင်းသည် ဘက်ပါမင်းတို့နှင့်တကွချီလာ၍၊ အာရှတရုတ်ကာနိမ်မြို့၌ ရေဖိမ်လူမျိုးကိုလည်းေကာင်း၊ ဟာမမြို့၌ဇူဇိမ်လူမျိုးကိုလည်းေကာင်း၊ ရှာ​ေ၀ကိရယသိမ်မြို့၌ ဧမိမ်လူမျိုးကိုလည်းေကာင်း၊ စိရတောင်ပေါ်မှာ ဟောရိလူမျိုးကိုလည်းေကာင်း၊ တောအနီးရှိဧလပါရန်မြို့တိုင်အောင်၊ လုပ်ကြံကြကုန်၏။ ထိုနောက်လှည့်ချီ၍၊ ကာဒေရှ၊ တစ်နည်း အင်မိရှပတ်မြို့သို့ ရောက်ပြီးလျှင်၊ အာမလက်လူတစ်ပြည်လုံးတို့ကိုလည်းေကာင်း၊ ဟာဇဇုန္တမာမြို့နေ အာမောရိလူမျိုးကိုလည်းေကာင်း လုပ်ကြံကြ၏။ ထိုအခါ သောဒုံမင်း၊ ဂေါမောရမင်း၊ အာဓမာမင်း၊ ဇေဘိုင်မင်း၊ ဇောရ တစ်နည်း ဗေလာမင်း၊ ၎င်းမင်းငါးပါးတို့ချီထွက်၍ ဧလံမင်းခေ​ဒေါရလောမာ၊ ဂေါအိမ်မင်းတိဒလ၊ ရှိနာမင်းအံရဖေလ၊ ဧလာသာမင်းအာရုတ်၊ ၎င်းမင်းလေးပါးတို့ကို စိဒ္ဒိမ်ချိုင့်တွင် စစ်အင်ခင်းကျင်းတိုက်ခိုက်ကြ၏။ 10 စိဒ္ဒိမ်ချိုင့်တွင် ကတ္တရာစေးတွင်းများပြားသည့်အတွက် သောဒုံမင်းနှင့်​ေဂါမောရမင်းတို့အပြေးတွင် လဲကြရာ၊ တောင်ပေါ်သို့ကြွင်းသူတို့ပြေးကြ၏။ 11 အောင်သူတို့လည်း သောဒုံမြို့၊ ဂေါမောရမြို့များ၌ ရှိသမျှဥစ္စာနှင့်ရိက္ခာများကိုသိမ်းယူရာ၊ 12 အာဗြံ့တူ၊ သောဒုံမြို့နေလောတနှင့် ပိုင်ရာပစ္စည်းများကိုသိမ်းယူထွက်သွားကြ၏။ 13 ဧရှကောလနှင့်အာနေရတို့အစ်ကို၊ အာမောရိလူမျိုးမံရေ၏ညန်မြိုင်အနီးနေလျက် ထိုသူတို့နှင့်မိတ်ဖွဲ့ခဲ့သူ ဟေဗြဲလူမျိုးအာဗြံ့ထံ လွတ်ပြေးသူတစ်ယောက် ရောက်လာကြားပြောသည့်အတိုင်း၊ 14 အာဗြံသည် ကိုယ့်ဆွေသားမျိုးချင်းကို ဖမ်းသွားကြောင်းကြားသိလျှင်၊ အိမ်ပေါက်လေ့ကျက်ထားသော လူသုံးရာ့တစ်ဆယ့်ရှစ်​ေယာက်တို့ကို ကြီးကြပ်၍ဒန်မြို့တိုင်အောင်လိုက်လေ၏။ 15 ညဉ့်အခါ ကိုယ့်လူတို့ကိုခွဲသဖြင့် ရန်သူတို့ကိုလုပ်ကြံပြီးလျှင် ဒမာသက်မြို့မြောက်ဘက်ရှိ ဟောဘမြို့တိုင်အောင်လိုက်ပြန်ရာ၊ 16 သိမ်းသွားသောဥစ္စာရှိသမျှကိုလည်းေကာင်း၊ ဆွေသားမျိုးချင်းလောတနှင့်ပိုင်ရာပစ္စည်းများကိုလည်းေကာင်း၊ မိန်းမများပါလူအပေါင်းတို့ကိုလည်းေကာင်း ပြန်၍ဆောင်ယူခဲ့လေ၏။ 17 ခေဒေါရလောမာမင်းနှင့် ဘက်ပါမင်းတို့ကိုလုပ်ကြံရာမှ အာဗြံအပြန်တွင် သောဒုံမင်းသည် ခရၕီးဦးကြိုပြုြခင်းငှာ ရှာ​ေ၀ချိုင့်၊ တစ်နည်းမင်းချိုင့်သို့ ထွက်လေ၏။ 18 မြင့်မြတ်သောဘုရားသခင်၏ ပရောဟိတ်ဖြစ်သူ ရှာလင်မင်းမေလခိဇေဒက်လည်း မုန့်နှင့်စပျစ်ရည်ကို ဆောင်ခဲ့ပြီးလျှင်၊ 19 မိုးမြေရှင် မြင့်မြတ်သောဘုရားသခင်သည် အာဗြံအားကောင်းကြီးပေးတော်မူပါစေသော။ 20 ရန်သူတို့ကို သင့်လက်သို့အပ်နှင်းတော်မူပြီး ြမင့်ြမတ်သောဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်းဟု မြွက်ဆိုလျက် အာဗြံအားကောင်းကြီးပေးပြီးလျှင် ရှိသမျှသော လက်ရဥစ္စာအနက် ဆယ်ဖို့တစ်ဖို့ကို ထိုမင်းအားအာဗြံဆက်သလေ၏။ 21 သောဒုံမင်းကလည်း လူတို့ကိုငါ့အားပြန်ပေးပါ။ ဥစ္စာပစ္စည်းများကိုကားယူပါဟု အာဗြံအားပြောဆိုလျှင်၊ 22-24 အာဗြံက၊ အကျွန်ုပ်နှင့်လိုက်ပါသူအာနေရ၊ ဧရှကောလ၊ မံရေတို့ရအပ်သော​ေ၀စုကိုယူပါလေစေ။ အာဗြံကို ငါကြွယ်၀စေပြီဟု ကိုယ်တော်ပြောဆိုခွင့်မရှိစေရန် ၎င်းတို့​ေ၀စုနှင့်လုလင်တို့ စားသုံးပြီးသောအရာများမှတစ်ပါး ကိုယ်တော်၏ဥစ္စာမှန်က ချည်တစ်မျှင်ဖြစ်စေ၊ ခြေနင်းကြိုးတစ်ပင်ဖြစ်စေ၊ တစ်စုံတစ်ခုကိုမျှအကျွနု်ပ်မယူလိုပါဟူ၍ မိုးမြေရှင်ြမင့်မြတ်သောဘုရားသခင်ထာ၀ရဘုရားကို လက်အုပ်ချီလျက် တိုင်တည်ပါသည်ဟု သောဒုံမင်းအားလျှောက်ဆို၏။