13
အာဗြံသမီးခင်ပွန်းတို့သည် လက်ရှိဥစ္စာအားလုံးနှင့်တကွ၊ လောတပါ အိဂျစ်ပြည်မှ ခါနာန်ပြည်၊ နေဂပ်ခရိုင်သို့ထွက်လာကြရာ၊ အာဗြံကား သိုးနွားစသည်တို့နှင့်လည်းေကာင်း၊ ရွှေငွေနှင့်လည်းေကာင်း အလွန်ကြွယ်၀၏။ ထိုနေဂပ်ခရိုင်မှခရီးကောက်ချီပြန်၍ ဗေသလမြို့အနီး၊ ၎င်းမြို့နှင့်အာၒဣမြို့စပ်ကြား၊ အထက်ကတဲစိုက်၍ ပူဇော်ရာပလ္လင်တော်ကို တည်ဆောက်ခဲ့ဘူးသောအရပ်သို့ရောက်လျှင် ထိုအရပ်တွင် ထာ၀ရဘုရား၏နာမတော်အားဖြင့် ပဌနာပြု၏။ အာဗြံနှင့်အတူလိုက်ပါသော လောတမှာလည်း သိုး၊ ဆိတ်၊ နွား စသည်တို့နှင့်တဲများရှိသဖြင့်၊ ထိုနှစ်ဦးသားတို့သည် အတူနေခြင်းငှါ မြေနေရာမဆံ့့။ ဥစ္စာစီးပွားများလွန်း၍၊ အတူမနေနိုင်ကြ။ အာဗြံ၏နွားကျောင်းနှင့် လောတ၏နွားကျောင်းတို့သည် အချင်းချင်းခိုက်ရန်ပြုကြ၏။ ထိုအခါ ခါနနိ၊ ဖေရဇိလူမျိုးတို့သည် ထိုပြည်တွင်တည်နေနှင့်ကြသတည်း။ အာဗြံကလည်း၊ ငါတို့သည်ဆွေသားမျိုးချင်းဖြစ်၍ ငါနှင့်သင်၌လည်းေကာင်း၊ ငါ့နွားကျောင်းနှင့် သင့်နွားကျောင်းတို့၌လည်းေကာင်း ခိုက်ရန်မရှိပါစေနှင့်။ သင့်ရှေ့တွင် မြေတစ်ပြင်လုံးရှိသည်မဟုတ်လော။ ငါနှင့်ခွဲခွာလော့။ လက်၀ဲဘက်သို့သင်သွားလျှင် လက်ျာဘက်သို့ငါသွားမည်။ လက်ျာဘက်သို့သင်သွားလျှင် လက်၀ဲဘက်သို့ငါသွားမည်ဟုလောတအားဆိုသော်၊ 10 လောတသည် မေျှာ်ကြည့်၍ ​သောဒုံမြို့နှင့်ဂေါမောရမြို့ကို ထာဝရဘုရားဖျက်ဆီးတော်မမူသေးမီ၊ ဇောရမြို့လမ်း၊ ယော်ဒန်မြစ်ကမ်းပြင်တစ်၀ှမ်းလုံး၌ ရေပေါများ၍ ထာ၀ရဘုရား၏ဥယျာဥ်တော်ကဲ့သို့လည်းေကာင်း၊ အိဂျစ်ပြည်ကဲ့သို့လည်းေကာင်း၊ သာယာသည်ကိုမြင်လျှင်၊ 11 ယော်ဒန်မြစ်ကမ်းတစ်ပြင်လုံးကိုးရွေးချယ်၍ အရှေ့ဘက်သို့ပြောင်းသွားသဖြင့် အချင်းချင်းခွဲခွာကြ၏။ 12 အာဗြံသည် ခါနာန်ပြည်တွင်တည်နေလေ၏။ လောတမူကား ထိုမြစ်ကမ်းပြင်ရှိ မြို့များတွင်နေရာ၊ သောဒုံမြို့ရောက် တဲကိုရွှေ့စိုက်နေလေ၏။ 13 သောဒုံမြို့သားတို့သည် ထာ၀ရဘုရားမျက်မှောက်တော်၌ အလွန်ဆိုးသွမ်းသူ၊ အပြစ်များသူတို့ဖြစ်ကြသတည်း။ 14 အာဗြံနှင့်လောတခွဲခွာပြီးနောက် အာဗြံအားထာ၀ရဘုရားမိန့်တော်မူသည်ကား သင်ရှိရာမှ အရှေ့အနောက်၊ တောင်မြောက်အရပ်များသို့ မေျှာ်ကြည့်လော့။ 15 သင်မြင်သော မြေတစ်ပြင်လုံးကို သင်မှစ၍မျိုးစဥ်မြေးဆက်တို့အား ငါပေးမည်။ 16 သင့်အမျိုးအနွယ်ကို မြေမှုန့်နှင့်အမျှငါပွားများစေမည်။ လူသည်မြေမုန့်ကိုရေတွက်နိုင်လျှင် သင့်အမျိုးအနွယ်ကိုလည်း ရေတွက်နိုင်လိမ့်မည်။ 17 ထ၍ထိုမြေကို အနံအလျားကုန်အောင်လျှောက်သွားလော့။ သင့်အားငါပေးမည်ဟု မိန့်တော်မူ၏။ 18 ထိုနောက်အာဗြံသည် တဲကိုပြောင်း၍ ဟေဗြုန်မြို့၊ မံရေညန်မြိုင်သို့ရောက်မှ တည်နေလျက် ထိုအရပ်၌ထာ၀ရဘုရားအား ပူဇော်ရာပလ္လင်တော်ကို ဆောက်လေ၏။