12
ထာဝရဘုရားသည် အာဗြံအားမိန့်တော်မူသည်ကား၊ သင့်ပြည်၊ သင့်ဆွေရင်းမျိုးချာ၊ အိမ်ထောင်သားချင်းတို့ဘောင်မှထွက်၍ ငါပြလတ္တံ့သောပြည်သို့သွားလော့။ ငါသည် သင့်ကိုလူမျိုးကြီးဖြစ်စေမည်။ ငါကောင်းကြီးပေး၍ သင့်နာမည်ကိုကြီးမြတ်စေမည်။ သင်သည် မင်္ဂလာအရင်းခံဖြစ်လတ္တံ့။ သင့်ကိုမင်္ဂလာပေးသူတို့အား ငါမင်္ဂလာပေးမည်။ သင့်ကိုအမင်္ဂလာပေးေသာသူ၌ ငါအမင်္ဂလာရောက်စေမည်။ သင့်အားဖြင့်လည်း မြေပေါ်ရှိလူမျိုးခပ်သိမ်းတို့ မင်္ဂလာခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။ ထိုသို့ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း အာဗြံထွက်သွားရာ လောတလည်းလိုက်လေ၏။ အာဗြံသည် ခါရန်မြို့မှထွက်သွားသောအခါ အသက်ခုနစ်ဆယ့်ငါးနှစ်ရှိပြီ။ အာဗြံသည် မယားစာရဲနှင့်တကွ တူလောတကိုလည်းေကာင်း၊ ဆည်းပူးရရှိသမျှဥစ္စာကိုလည်းေကာင်း၊ ခါရန်မြို့၌ရသူတို့ကိုလည်းေကာင်းခေါ်ယူလျက် ခါနာန်ပြည်သို့အရောက်ထွက်သွားသည့်အတိုင်း ဆိုက်ကြ၏။ အာဗြံသည် ထိုပြည်ကိုဖြတ်သွားရာ ရှိခင်အရပ်၊ မောရေညန်ပင်သို့ရောက်လေ၏။ ထိုအခါ ၎င်းပြည်၌ ခါနာန်အမျိုးသားတို့ ရှိနှင့်ကြ၏။ ထာဝရဘုရားသည် အာဗြံအားထင်ရှားတော်မူ၍ ဤပြည်ကို သင့်အမျိုးအနွယ်အားငါပေးမည်ဟု မိန့်တော်မူသော် ထင်ရှားတော်မူသောထိုအရပ်၌ ပူဇော်ရာပလ္လင်တော်ကို ထာ၀ရဘုရားအဖို့တည်ဆောက်ပြီးမှ၊ ဗေသလမြို့အရှေ့ဘက်ရှိ တောင်သို့ထွက်ပြန်သဖြင့် ဗေသလမြို့ကိုအနောက်၊ အာဣမြို့ကို အရှေ့ထားလျက်တဲစိုက်ပြီးလျှင် ထာ၀ရဘုရားအား ပူဇော်ရာပလ္လင်တော်ကိုတည်ဆောက်၍ ထာ၀ရဘုရား၏နာမတော်အားဖြင့် ပဌနာပြုလေ၏။ တစ်ဖန် နေဂပ်ခရိုင်သို့ အာဗြံသွားမြဲသွားပြန်လေ၏။
10 ထိုနောက်နေပြည်၌ အစာခေါင်းပါးခြင်းကပ်သင့်ရောက်၍ ကြီးလေးသောကြောင့် အာဗြံသည် အိဂျစ်ပြည်၌တည်းခိုရန်သွားလေ၏။ 11 အိဂျစ်ပြည်သို့ ခရီးရောက်မဆိုက်ရှိသောအခါ မယားစာရဲအား၊ သင်သည်ရှုချင်ဖွယ်အဆင်းလှသော မိန်းမဖြစ်ကြောင်း ငါသိ၏။ 12 အိဂျစ်ပြည်သားတို့သည် သင့်ကိုမြင်သောအခါ ဤမိန်းမကားသူ့မယားဖြစ်သည်ဆိုလျက် သင့်ကိုအရှင်ထား၍ ငါ့ကိုအသေသတ်ကြလိမ့်မည်။ 13 သို့ဖြစ်၍ ငါ့နှမဖြစ်ကြောင်းပြောပါလေ။ သို့မှသင့်အတွက် ငါချမ်းသာစွာနေရလျက် အသက်ရှင်လိမ့်မည်ဟုဆို၏။ 14 အာဗြံသည် အိဂျစ်ပြည်သို့ရောက်သောအခါ ထိုမိန်းမအလွန်အဆင်းလှသည်ကို ပြည်ရင်းသားတို့မြင်ကြ၏။ 15 ဖာရောမင်း၏ မှူးတော်မတ်တော်တို့လည်းမြင်၍ ရှေ့တော်၌ချီးမွမ်းပြီးလျှင် နန်းတော်သို့သွင်းရကြ၏။ 16 ဖာရောမင်းသည် ထိုမိန်းမကိုထောက်၍ အာဗြံအားကျေးဇူးပြုသဖြင့် သူသည် သိုး၊ ဆိတ်၊ နွား၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်များကိုရရှိ၏။ 17 အာဗြံ၏မယားစာရဲအတွက် ဖာရောမင်းမှစ၍ မင်းဆွေမင်းမျိုးတို့အပေါ်တွင် ကြီးစွာသောဘေးဒဏ်များကို ထာ၀ရဘုရားသင့်ရောက်စေတော်မူသော်၊ 18 ဖာရောမင်းသည် အာဗြံကိုခေါ်၍ ငါ၌သင်ပြုသောအမှုကားမည်သို့နည်း။ ထိုမိန်းမသည် သင့်မယားဖြစ်ကြောင်း အဘယ်ကြောင့်မလျှောက်သနည်း။ 19 ငါ့မိဖုရားမြှောက်စေခြင်းငှါ ထိုမိန်းမသည် ကျွန်တော့်နှမဖြစ်ပါသည်ဟု အဘယ်ကြောင့်လျှောက်ခဲ့သနည်း။ သင့်မယားကို ယခုပင်ယူသွားချေလော့ဟု အမိန့်ရှိ၏။ 20 ၎င်းအမှုနှင့်စပ်လျဥ်း၍ အမိန့်ထုတ်သည့်အတိုင်း လုလင်တို့သည်အာဗြံလက်ရှိဥစ္စာအားလုံးနှင့်တကွ၊ သမီးခင်ပွန်းတို့ကို လွှတ်လိုက်ကြ၏။