11
မြေပေါ်ရှိလူအပေါင်းတို့သည် ဘာသာစကားတစ်မျိုးတည်းဖြစ်လျက် အရှေ့သို့သွားရာ၊ ရှိနာပြည်၌ ကွင်းပြင်ကိုတွေ့၍တည်နေကြစဉ် လာကြ၊ အုတ်ကိုဖုတ်လုပ်ကြကုန်အံ့ဟု အချင်းချင်းပြောဆိုကြ၏။ ထိုအခါ ကျောက်အစားအုတ်ကိုလည်းေကာင်း၊ အင်္ဂတေအစားကတ္တရာစေးကိုလည်းေကာင်း ရရှိသဖြင့်၊ လာကြ၊ မြေတစ်ပြင်လုံး၌အရပ်ရပ်ကွဲပြားကြမည်စိုး၍ မြို့တစ်မြို့ကိုလည်းေကာင်း၊ မိုးကောင်းကင်သို့မှီလောက်သော အထွဋ်ရှိရဲတိုက်တစ်ဆောင်ကိုလည်းေကာင်း၊ ကျော်စောကိတ္တိရှိရစ်စေခြင်းငှါ တည်လုပ်ကြကုန်အံ့ဟု ပြောဆိုကြ၏။ ထိုလူ့သားတို့တည်လုပ်သော မြို့နှင့်ရဲတိုက်ကိုရှုစားရန် ထာဝရဘုရားသခင်ဆင်းသက်တော်မူရာ၊ ထာဝရဘုရားက လူတစ်မျိုးတည်း၊ ဘာသာတစ်မျိုးတည်းဖြစ်သဖြင့် ဤအမှုကိုဦးစွာပြုကြပြီတကား။ ရှေ့သို့အထမမြောက်နိုင်သောအကြံ တစ်စုံတစ်ရာမျှရှိတော့မည်မဟုတ်။ လာကြ၊ ဆင်းသက်ကြကုန်အံ့။ အချင်းချင်း နားမလည်စေခြင်းငှါ ၎င်းတို့ဘာသာစကားကို ထိုအရပ်တွင်ပင် ကွဲပြားရှုပ်ထွေးစေအံ့ဟု မိန့်တော်မူ၏။ ထိုသို့ထာဝရဘုရားသည် မြေတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့် မြို့တည်ထောင်မှုကို သူတို့ရပ်စဲရ၏။ မြေပေါ်ရှိလူ အပေါင်းတို့၏ဘာသာစကားကို ထာ၀ရဘုရား 11.9 ပါဠိ ၒ-ၒဗာဗုလုံဟူေသာအမည်နှင့်ညီ၏။ရှုပ်ထွေးစေတော်မူသောကြောင့် ၎င်းမြို့သည် ဗာဗုလုန်မြို့ဟူ၍တွင်သတည်း။ သူတို့ကိုလည်း ထိုမြို့မှမြေတစ်ပြင်လုံး၌ ကွဲပြားစေတော်မူ၏။
10 ရှေမ၏ သားစဉ်မြေးဆက်ဟူမူကား ရှေမသည်အသက်တစ်ရာရှိ၍ ရေလွှမ်းမိုးပြီးနောက် နှစ်နှစ်ကြာသော် သားအာဖာဇဒ်ကိုရလေ၏။ 11 အာဖာဇဒ်ကိုရပြီးနောက် ရှေမသည်အနှစ်ငါးရာနေလျက် သားသမီးများကိုရသေး၏။
12 အာဖာဇဒ်သည် အသက်သုံးဆယ့်ငါးနှစ်ရှိသော် သားရှာလကို ရလေ၏။ 13 ရှာလကိုရပြီးနောက် အာဖာဇဒ်သည် အနှစ်လေးရာ့သုံးနှစ်နေလျက် သားသမီးများကိုရသေး၏။
14 ရှာလသည် အသက်သုံးဆယ်ရှိသော် သားဟေဗာကိုရလေ၏။ 15 ဟေဗာကိုရပြီးနောက် ရှာလသည် အနှစ်လေးရာ့သုံးနှစ်နေလျက် သားသမီးများကိုရသေး၏။
16 ဟေဗာသည် အသက်သုံးဆယ့်လေးနှစ်ရှိသော် သားဖာလက်ကိုရလေ၏။ 17 ဖာလက်ကိုရပြီးနောက် ဟေဗာသည် အနှစ်လေးရာ့သုံးဆယ်နေလျက် သားသမီးများကိုရသေး၏။
18 ဖာလက်သည် အသက်သုံးဆယ်ရှိသော် သားရာဂေါကိုရလေ၏။ 19 ရာဂေါကိုရပြီးနောက် ဖာလက်သည် အနှစ်နှစ်ရာ့ကိုးနှစ်နေလျက် သားသမီးများကိုရသေး၏။
20 ရာဂေါသည် အသက်သုံးဆယ့်နှစ်နှစ်ရှိသော် သားစေရောက်ကိုရလေ၏။ 21 စေရောက်ကိုရပြီးနောက် ရာဂေါသည် အနှစ်နှစ်ရာ့ခုနစ်နှစ်နေလျက် သားသမီးများကိုရသေး၏။
22 စေရောက်သည် အသက်သုံးဆယ်ရှိသော် သားနာခေါ်ကိုရလေ၏။ 23 နာခေါ်ကိုရပြီးနောက် စေရောက်သည် အနှစ်နှစ်ရာနေလျက် သားသမီးများကိုရသေး၏။
24 နာခေါ်သည် အသက်နှစ်ဆယ့်ကိုးနှစ်ရှိသော် သားတေရကိုရလေ၏။ 25 တေရကိုရပြီးနောက် နာခေါ်သည် အနှစ်တစ်ရာ့တစ်ဆယ့်ကိုးနှစ်နေလျက် သားသမီးများကိုရသေး၏။
26 တေရသည် အသက်ခုနစ်ဆယ်ရှိသေ်၊ သားအာဗြံ၊ နာခေါ်၊ ဟာရန်တို့ကိုရလေ၏။
27 တေရ၏ သားစဉ်မြေးဆက်ဟူမူကား၊ တေရသည် သားအာဗြံ၊ နာခေါ်၊ ဟာရန်တို့ကိုရလေ၏။ 28 ဟာရန်လည်း သားလောတကိုရလေ၏။ ဟာရန်သည် အဘတေရမျက်မှောက် အမျိုးသားချင်းတို့နေရာ ခါလဒဲပြည်၊ ဥရမြို့၌သေလေ၏။ 29 အာဗြံနှင့်နာခေါ်တို့သည် မယားကိုယူကြရာ အာဗြံ၏မယားအမည်ကား၊ စာရဲတည်း။ နာခေါ်၏မယားအမည်ကား ဟာရန်၏သမီးမိလခါတည်း။ ဟာရန်သည် မိလခါနှင့်ဣသခတို့အဘဖြစ်၏။ 30 စာရဲမြုံ၍ သားသမီးမရ။ 31 တေရသည် သားအာဗြံကိုလည်းေကာင်း၊ ဟာရန်၏သားဖြစ်သူ မြေးလောတကိုလည်းေကာင်း၊ သားအာဗြံ၏မယားဖြစ်သူ ချွေးမစာရဲကိုလည်းေကာင်းခေါ်လျက် ခါနာန်ပြည်သို့အသွား ခါလဒဲပြည်၊ ဥရမြို့မှထွက်သဖြင့် ခါရန်မြို့သို့ရောက်၍ တည်နေကြသောအခါ တေရသည်အသက်နှစ်ပေါင်း နှစ်ရာ့ငါးနှစ်စေ့သော် ခါရန်မြို့၌သေလေ၏။